Tuesday, June 25, 2013
Colors for Health အရောင်တွေနဲ့ ကျန်းမာရေး• အနီရောင်ဟာ -အင်အားရှိတယ်၊ ရှေ့ဆက်သွားနိုင် လုပ်နိုင်စွမ်းရှိတာကိုပြတယ်။ မျိုးပွါးစနစ်ကို လိုတာတွေပြည့်စေတယ်။ ဆဲလ်တွေဆီ သွေးပိုပြီး စီးလျှောက်တယ်။ အနီရောင်နဲ့ဆိုင်တဲ့ ရောဂါတွေကတော့ Anemia သွေးအားနည်းရောဂါ၊ သွေးတိုးရောဂါ၊ သွေးဖိအားကျရောဂါ နဲ့ အားအင်ကုန်ခမ်းခြင်းတွေ ဖြစ်တယ်။• လိမ်မော်ရောင်ကတော့ -နှိုးဆွမှုကိုဖြစ်စေတယ်၊ စိတ်တက်ကြွမှုနဲ့ လုပ်ချင် ကိုင်ချင်စိတ်ကို ဖြစ်စေမယ်။ ဒီအရောင်နဲ့ ဆန့်ကျင်တာဖြစ်သူဟာ ကျောက်ကပ် ရောဂါတွေ၊ ဆီးအိမ်ရောဂါတွေ၊ အူမကြီး အလုပ်နည်းခြင်းတွေဖြစ်စေပါတယ်။ လိမ်မောင်ရောင်နဲ့ ဆက်စပ်နေတဲ့ ရောဂါတွေကတော့ အဆစ်နာ၊ လေးဘက်နာ၊ ဝမ်းချုပ်ခြင်း၊ အစာချေလမ်းရောဂါတွေ၊ ဘေလုံးရောဂါတွေဖြစ်ကြတယ်။• အဝါရောင်ဟာ -စိတ်ကိုဖွင့်ထားခြင်း နဲ့ အသေးစိတ်ကိုစိတ်ဝင်ခြင်းကို ကိုယ်စားပြုတယ်။ အာရုံကြောကိုအားပေးတယ်။ အသဲ၊ သည်းခြေအိတ်၊ သည်းခြေရ်ာလုပ်ငန်းတွေကို အားပေးတယ်။ အစာခြေရည်ထုတ်ာကိုလဲ အားပေးတယ်။ အစာခြေလမ်းအလုပ်ကို အားပေးတယ်။ အဝါရောင်နဲ့ဆန့်ကျင်တဲ့ရောဂါတွေကတော့ အာရုံကြောရောဂါ၊ ကြွက်သားနဲ့ အာရုံကြောဆက်စပ်တဲ့ရောဂါ၊ ဆီးချို နဲ့ ထုံးဓါတ် တင်ကျန်ရစ်ခြင်းတွေ ဖြစ်ကြတယ်။ အဝါရောင်နည်းခြင်းနဲ့ ဆိုင်တဲ့ ရောဂါတွေကတော့ အဆစ်ရောင်၊ အစာမကျေ၊ အသဲမကောင်းခြင်းနဲ့ မှတ်ဥာဏ်နည်းခြင်းတွေဖြစ်ကြတယ်။• အစိမ်းရောင်ကတော့ -ပတ်ဝန်းကျင်မှာ တည်ငြိမ်၊ ချောမွေ့ပြီး မျှတနေတဲ့သဘောကို ကိုယ်စားပြုတယ်။ သဟဇာတဖြစ်နေခြင်းဟာ အစိမ်းရောင်ရဲ့သဘောဖြစ်တယ်။ အဆိပ်အတောက်တွေ ဖယ်ရှားရေးကို အားပေးတယ်။ ကြွက်သားနဲ့ အရေပြားတွေတည်ဆောက်ရေးကို ကောင်းစေတယ်။ Sympathetic nervous system (ဆင်ပသက်တစ်) အာရုံကြောစနစ်ကို ကောင်းစေတယ်။ အစိမ်းရောင်မှာ ဆေးကုသမှုအစွမ်းရှိတယ်။ စိတ်ပိုင်းဆိုင်ရာရောဂါတွေကို ကုသရာမှာ အစိမ်းရောင်ကို သုံးနိုင်တာတွေရှိတယ်။Good Colors and Health ကျန်းမာရေးအတွက်ကောင်းတဲ့ အရောင်တွေ• အရောင်ရှိတဲ့ အရည်၊ အဝတ်အစား၊ လက်ဝတ်ရတနာ၊ အလင်းရောင်တွေမှာ သူ့အစွမ်းနဲ့သူရှိကြတယ်။• ပြော့နုတဲ့အရောင်မျိုးဟာ ခေါင်းကိုက်နေတာ သက်သာစေမယ်။ ကိုယ်စိတ် ပေါ့ပါးစေမယ်။• တောက်ပတဲ့အရောင်တွေကနေ ပျော်ရွှင်ချမ်းမြေ့မှုကိုပေးမယ်။ မွေးနေ့လိုအချိန်ကာလနဲ့ နေရာတွေမှာ အရောင်တောက်တောက်တွေ ဝတ်ဆင်ပြီး မီးခပ်ဝါဝါထွန်းတာသဘာဝကျတယ်။• Ayurveda အာယုဗေဒဆေးကုနည်းမှာလဲ အရောင်အမျိုးမျိုးရှိတဲ့မီးရောင်သုံးပြီး ဆေးကုတာရှိတယ်။ အပြာနုနု ဒါမှမဟုတ် အစိမ်းနုနုအရောင်ဆိုတာ စိတ်တိုနေသူတွေ၊ စိတ်ပျက်လက်ပျက်ဖြစ်နေသူတွေကို ကုသရာမှာသုံးတယ်။ အဝါရောင်၊ လိမ်မော်ရောင်နဲ့ ရွှေရောင်တွေကို စိုးရိမ်စိတ်ကဲနေသူတွေကို စိတ်တည်ငြိမ်စေဘို့သုံးတယ်။ အနီရောင်တောက်တောက်နဲ့ လိမ်မော်ရောင်တွေကိုတော့ စိတ်ဓါတ်ကျနေသူတွေကို ကုရာမှာသုံးတယ်။Colored fruits and vegetables အရောင်ရှိ သစ်သီးဝလံတွေ• အရောင်အလိုက် ကျန်းမာရေးတန်ဘိုးမတူကြပါ။ အရောင်တွေများတဲ့ အသီအနှံတွေနဲ့ အသီးအရွက်တွေမှာ ရောဂါဘယတွေကို တိုက်ဖျက်နိုင်စွမ်းရှိတဲ့ Phytonutrients (ဖိုက်တိုနူထရိယင့်) တွေပါတယ်။• ခရမ်းချဉ်းသီးနီရဲရဲကနေ နှလုံးရောဂါအန္တရာယ်ကိုနည်းစေမယ်။• ပျောင်းဖူးရဲ့ အဝါရောင်ဟာ ကြွက်သားတွေရဲ့ အိုစာမှုဖြစ်စဉ်ကိုတားပေးတယ်။• အရောင်ရှိ အသီးအနှံတွေထဲမှာ နောက်တမျိုးပါနေတာက Antioxidants (အင်တီအောက်စီဒင့်) ဓါတ်ဖြစ်ပြီး သွေးကြောနံရံတွေ မာလာမှာကို တားနိုင်လို့ နှလုံးသွေးကြောရောဂါအတွက် ကောင်းကျိုးရစေမယ်။• အဝါရောင်ရှိတဲ့ မုံလာဥ၊ ကန်စွန်းဥ၊ သရက်သီး၊ ဖယုံသီး၊ ဖရဲသီး၊ ပျောင်းဖူးတွေထဲမှာ Carotenoids (ကရိုတီနွိုက်) ဓါတ်ပါတယ်။ ကင်ဆာကို ဆန့်ကျင်စေတယ်။• (ဘရိုကိုလီ) မုံလာပွင့်အစိမ်းရောင်ထဲမှာ Lutein (လူတိန်း) ဓါတ်ပါလို့ အမြင်စူးရှပြီး ကြည်လင်စေမယ်။Food Color and Health Hazards အရောင်နဲ့ ကျန်းမာရေး သတိပေးချက်များ• FDA အစားအသောက်နဲ့ ဆေးဝါးအာဏာပိုင်အဖွဲ့ကနေ Adverse Reaction Monitoring System (ARMS) ပြောင်းပြန်သက်ရောက်မှု စောင့်ကြည့်စနစ် ဆိုတာလုပ်ထားပါတယ်။ အစားအသောက်မှာ အရောင်စွဲလမ်းမှုကို ကွန်ပြူတာနဲ့ ဒေတာဘေ့စ် ပြုစုထားတာဖြစ်တယ်။• Advisory Committee on Hypersensitivity to Food Constituents အစားအသောက်ထဲမှာပါတာတွေနဲ့ မတည့်ခြင်း အကြံပြုကော်မတီရဲ့ ၁၉၈၆ ထုတ်ပြန်ချက်ထဲမှာ FD&C Yellow No. 5 အဝါရောင် နံပါတ် (၅) ကြောင့် လူ ၁ဝဝဝဝ မှာ တယောက်ထက်နည်းပြီး အင်ပြင်ထတာကိုဖြစ်စေပြီး တယောက်မှ ပန်းနာမဖြစ်ပါလို့ပါတယ်။ “ပန်းနာထတာ၊ အလာဂျီရလို့ အင်ပြင်ထတာတွေဟာ ဟိုအသီး၊ ဒီအရွက်စားမိလို့ဆိုပြီး အလွယ်ထင်တာတွေ မမှန်ဘူး” လို့ ထောက်ပြလိုက်တာဖြစ်ပါတယ်။ Red No. 3 အနီရောင် နံပါတ် (၃) ကိုတော့ ၁၉၉ဝ ခုနှစ်မှာ လည်ပင်းကြီးအကျိတ် (ကင်ဆာ) ဖြစ်နိုင်တယ်ဆိုပြီး ညွှန်ကြားချက်အရမဟုတ်ဘဲ ရောင်းကုန်ကနေ ဖျက်သိမ်းလိုက်ပါတယ်။ FDA ကတော့ ခုထိ တရားဝင်မဖြုတ်သေးပါ။Spa ခေါ်တဲ့ရေချိုးခန်းတွေမှာ ကိုယ်ခန္ခာကို ကျန်းမာရေးအရ ရွေးချယ်ထားတဲ့ အရောင်ရှိတဲ့ ကိုယ်ပတ်အဝတ်စသုံးတယ်။ တည်းခိုခန်းတွေ၊ ဟော်တယ်ခန်းတွေမှာ အပြင်အရောင်နဲ့ အတွင်းနံရံအရောင်တွေကနေ လူ့ ကိုယ်-စိတ်ကျန်းမာရေးကို သက်ရောက်စေတယ်။ ဆေးရုံတချို့မှာလဲ လူနာရောဂါအလိုက် အတွင်းနံရံအရောင်ကို မတူတာမှာ ထားတာမျိုးရှိတယ်။ သွေးအားနည်းနေသူကို ပန်းရောင်ရင့်ရင့်၊ ဒါမှမဟုတ် အနီရောက်ခန်းမှာထားတယ်။လေ့လာမှုတွေ သုတေသနတွေက အများဆုံးက အမေရိကားကနေလုပ်တာများလို့ သူတို့ဆီကလူတွေရဲ့ ကိုယ်-စိတ် ကျန်းမာရေးကို ထင်ဟပ်ပါတယ်။ လူတွေဟာ အကြိုက်မတူတာမှ မျိုးနဲ့ရိုးနဲ့ဆိုတယ်လို့ပြောတာ အင်မတန်မှန်တယ်။ မြန်မာလူမျိုးတွေအကြိုက်နဲ့ တန်ဘိုးတားမှုတွေဟာ သီးခြားသဘောရှိတယ်။ တောင်အာရှ (အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒက်၊ သီရိလင်္ကာ၊ နီပေါ) ကလူတွေမှာ သီးခြားအကြိုက်တွေရှိတယ်။ အရှေ့တောင်-အာရှထဲမှာတောင်မှ (မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီယား) တွေက ခပ်တင်တင်တူကြပေမဲ့ တရုပ်လွှမ်းမိုးမှု မနည်းလှတဲ့ မလေးရှားနဲ့ စင်္ကာပူမှာကတမျိုး၊ မွတ်ဆလင်ကြီးစိုးတဲ့ အင်ဒိုနီးရှား၊ ဘရူနိုင်းတွေက တဘာသာရှိကြတယ်။မြန်မာလူမျိုးတွေက သင်္ကန်းရောင်ကို လူဆိုရင်ဘယ်သူမှ မဝတ်ကြပေမဲ့ အိန္ဒိယမှာ ယောက်ျားခေါင်းပေါင်းရော မိန်းမဆာရီတွေဟာ သင်္ကန်းရောင်အတိုင်းပါ။ မွတ်ဆလင်တွေက အစိမ်းရင့်ရောင်ကို ဘာသာရေးအတွက် ထားတယ်။ တရုပ်တွေက အနီ၊ အဝါနဲ့ ရွှေရောင်ကိုကြိုက်တယ်။အကြိုက်မတူတော့ ဖြစ်တာလဲမတူ၊ ကုစားရာမှာ အရောင်သုံးရတာလဲ မတူနိုင်ပါ။ ဒါပေမဲ့ သွေးဆိုတာ အောက်စီဂျင် ပြည့်ဝနေရင် အားလုံးဟာ Bright red နီရဲရဲချည်းသာ ဖြစ်ပါတယ်။
လေးဖက်နာရောဂါ အကြောင်းရောဂါတစ်ခုအကြောင်းကို တင်ပေးလိုက်ပါတယ်။ ဗဟုသုတ ရအောင်လို့ပါ။ပိုးလေးဖက်နာ (Rhematic fever) နဲ့ သွေးလေးဖက်နာ ( Rhematoid arthritis (RA) )ဆိုပြီး လေးဖက်နာရောဂါမှာ နှစ်မျိုးရှိပါတယ်။ပိုးလေးဖက်နာကို အရင်ပြောပြပါမယ်။ပိုးလေးဖက်နာရောဂါဆိုတာမှာ G.A Haemolytic Strepto cocci ခေါ် ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားတဲ့ ရောဂါဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူအရွယ်များ တွင် နှလုံးရောဂါ ဖြစ်စေနိုင်သည့်အဓိကအကြောင်းရင်းဟာ လေးဖက်နာရောဂါဖြစ်ပါတယ်။အဓိက ရောဂါsymptoms တွေကတော့၁။ အဆစ်အမြစ်ကိုက်ခဲရောင်ရမ်းခြင်း(Arthritis)၂။ နှလုံးရောင်ရမ်း ရင်ဘတ်အောင့်ခြင်း၊ ရင်တုန်ခြင်း(Carditis)၃။ အကြောဆွဲခြင်း (Chlorea)၄။ လက်၊ ညို့သကျည်းနှင့် ကျောရိုးတစ်လျှောက်အရေပြားအောက်တွင် အကျိတ်ငယ်ကလေးများထွက်ခြင်း။( Subcutaneous nodule)၅။ အရေပြားပေါ်တွင် အနီရောင်အကွက်ငယ်များထွက်ခြင်း ( Erythema marginatum)၆။ သွေးဖောက်စစ်လျှင် ESR တက်နေခြင်း။၇။ နှလုံးစက် (ECG) ဖြင့်စမ်းကြည့်လျှင် Prolog P.R interval ဖြစ်နေခြင်း။တို့ပဲဖြစ်ပါတယ်။လေးဖက်နာရောဂါသည် လည်ချောင်းနာခြင်း၊ အာသီးရောင်ရမ်းခြင်း တို့မှအစပြုတတ်သောကြောင့်လည်ချောင်းနာလာပါက နီးစပ်ရာ ဆေးခန်း၊ ဆေးရုံသို့ သွားပြသ၊ စစ်ဆေး ကုသမှုခံယူသင့်ပါတယ်။ဒါကတော့ ပိုးလေးဖက်နာအကြောင်းပါ။******************************************အခုကတော့ သွေးလေးဖက်နာ(Rhematoid Arthritis (RA) ) အကြောင်းကိုပြောပါမယ်။သွေးလေးဖက်နာရောဂါဟာ နာတာရှည်အဆစ်ရောဂါများထဲတွင်အဖြစ်များဆုံးရောဂါဖြစ်ပါတယ်။ဒီရောဂါဟာ အဆစ်များကို ပျက်စီးကာ ကောက်ကွေးပုံပျက်စေသည့်အပြင် နောက်နောင်လမ်းမလျှောက်နိုင်ဘဲ အိပ်ယာပေါ်လဲသည့်အထိဖြစ်စေနိုင်ပါတယ်။ရောဂါရှိကြောင်း ဘယ်လိုသိနိုင်မလဲ။၁။ နံနက်အိပ်ယာထ လက်ဆစ်များတစ်နာရီထက်ပိုပြီး တောင့်တင်းခြင်း။၂။ အဆစ်(၃)ခုနှင့် အထက်ရောင်ရမ်းနာကျင်ခြင်း။၃။ လက်ဆစ်များ ရောင်ရမ်းနာကျင်ခြင်း။၎။ ဘယ်ညာတစ်ပြိုင်နက် ဖြစ်ခြင်း။၅။ အရေပြားအောက်တွင် အကျိတ်အဖုလေးများ ထွက်ခြင်း။၆။ သွေးစစ်ကြည့်ရာတွင် ရောဂါဖြစ်စေသော ဓာတ်တစ်ခု (Rhematoid Factor) တွေ့ရခြင်း။၇။ ဓာတ်မှန်တွင် အရိုးစားနေကြောင်း တွေ့ရခြင်း။၈။ အနည်းဆုံး(၆)ပတ်ကြာ ဖြစ်ပွားရမည်။အထက်ပါအချက်များအနက် (၄)ချက်နှင့်အထက်ရှိပါက (RA) ရောဂါရှိနေတယ်လို့ ယူဆရပါတယ်။ရောဂါသက်သာပျောက်ကင်းမှုကို ဟန့်တားသော အချက်များ************************************၁။ အသက်ကြီးမှ ရောဂါစတင်ဖြစ်ခြင်း။၂။ အမျိုးသမီးဖြစ်ခြင်း။၃။ နာကျင်သော အဆစ် အရေအတွက်များခြင်း။၎။ အဆစ်နာကျင်ရောင်ရမ်းခြင်းကို ကုသထိန်းသိမ်းမှု အားနည်းခြင်း။သတိပြုဖို့အချက်ကတော့ * သွေးကြောင့်ဖြစ်သော လေးဖက်နာရောဂါ (RA) ဟာနာတာရှည်ရောဂါဖြစ်ပါတယ်။ဒီလောက်ဆို လေးဖက်နာရောဂါနဲ့ပတ်သက်ပြီး တော်တော်ဗဟုသုတရမယ်လို့ထင်ပါတယ်။( ဒေါက်တာချစ်စိုး (ဆေးပညာဌာန) ရဲ့ SSC ဆေးရုံမှ လက်ကမ်းစာစောင်မှေ၇းသားထားပါတယ်။)
Thursday, April 25, 2013
အတွေးစာစု
ဒီတစ်ပါတ်တော့ ဆရာမလွန်းထားထားရဲ့ အတွေးလေးကို ကျွန်တော်ကြိုက်မိနေပါတယ်
ဒါကတော့...
ဆူညံပေါက်ကွဲဖို့  သိပ်လွယ်ကူပေမယ့်..
မြိုသိပ်စောင့်စည်းထိန်းချုပ်တတ်ဖို့ ...
ဒါကတော့...
ဆူညံပေါက်ကွဲဖို့  သိပ်လွယ်ကူပေမယ့်..
မြိုသိပ်စောင့်စည်းထိန်းချုပ်တတ်ဖို့ ...
အသိဥာဏ်ပညာရှိရပါတယ်။
ပြစ်တင်ဝေဖန်ရှုံ့ ချဖို့  လွယ်ကူလွန်းပေမယ့်...
စနစ်တကျ ရင်ဆိုင်ဖြေရှင်းတတ်ဖို့ ..
သတိနဲ့ တာဝန်ယူဦးဆောင်မှုရှိရပါတယ်..
တောင်းဆိုရယူဖို့  လွယ်ကူလွန်းပေမယ့်...
ပေးဆပ်အနစ်နာခံဖို့ ရင့်ကျက်ထက်သန်တဲ့  မေတ္တာကရုဏာရှိရပါတယ်။
Credit to : လွန်းထားထား(ဆေးတက္ကသိုလ်)
မုန်လာဥနီသုပ်
မြန်မာစတိုင် မုန်လာဥနီသုပ် လေးပါ။ လုပ်ရတာလည်း လွယ်ပြီ အချိန်တို အတွင်းမှာပဲ လုပ်စားနိုင်ပါတယ်..
ပါဝင်ပစ္စည်းများ
- မုန်လာဥနီ – ၃၀၀ ဂရမ် (မုန်လာဥနီကြီးကို အသုံးပြုပါ)
- သံပရာသီး – စားပွဲတင်ဇွန်း ၁ဇွန်း
- ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
- သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
- ပျားရည် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
- ငရုတ်ကောင်းမှုန့် – အနည်းငယ်
- နှမ်း – စားပွဲတင်ဇွန်း ၂ဇွန်း
- ကြက်သွန်မြိတ် – စည်းဝက် (ပါးပါးလှီးပါ)
- ကြက်သွန်နီကြော် – ၄လုံးစာ (ပါးပါးလှီးပြီ ဆီဖြင့် ကြွပ်ရွအောင် ကြော်ပြီ ဇကာဖြင့် ပြန်ဆယ်ထားပါ)
သုပ်နည်း
၁။ အရင်ဆုံး မုန်လာဥနီများကို အခွံနွှာပြီ ခြစ်တံဖြင့် အရှည်ခြစ်ပေးပါ။
၂။ ပြီနောက် ဇောက်ပန်းကန်ထဲ (မုန်လာဥနီ၊ ဆား၊ ပျားရည်၊ သံပရာရည်၊ ဟင်းရွက်ဆီ၊ သံလွင်ဆီ၊ ကြက်သွန်နီကြော်၊ ကြက်သွန်မြိတ်၊ နှမ်း၊ ငရုတ်ကောင်းမှုန့် )တို့ကို ထည့်ပြီ သမအောင် ရောမွှေလိုက်ပါ။
၃။ ပြီလျှင် အပေါ်မှ နှမ်း၊ ကြက်သွန်နီကြော် အနည်းငယ် ဖြူးပြီ ဟင်းရံအဖြစ် အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…
ဝက်သားကင် နှင့် အာလူးထောင်း (Grilled Pork Chop with Mash Potato)
အနောက်တိုင်း ဟင်းလျာဖြစ်တဲ့ ၀က်သားကင် နဲ့ အာလူးထောင်း လေးပါ။ Pork Chop ဆိုတဲ့အတိုင်း ၀က်ရဲ့ အသားပိုင်းကို ကင်ထားတာပါ။ တချို့ကလည်း နံရိုးနဲ့ အသားနဲ့ တွဲကင်တာမျိုးလည်း ရှိပါတယ်။ ၀တ်ရည်ကတော့ ၀က်သား အသားချည်းပဲ သီးသန့်ကင်ထားတာပါ။ ၀က်သားကင် အရသာက ချိုစိမ့်နဲ့ စားလို့ အရမ်းကောင်း ပါတယ်။ အာလူးထောင်းကိုလည်း နို့နဲ့ပြန်ရောချက်ထားတာမို့ အီစိမ့်စိမ့်လည်း ထောပတ်အနံ့လေး သင်းနေမှာပါ။ လုပ်ရတာလည်း လွယ်တာမို့ ခုပဲ လုပ်စားကြည့်ရအောင်…
ဝက်သားကင်ရန် ပါဝင်ပစ္စည်းများ
- ၀က်သား – အတုံးကြီး ၂တုံး (အရိုးမပါ)
- သကြား (အညှိ) – စားပွဲတင်ဇွန်း ၄ဇွန်း
- ပန်းသီး ဖျော်ရည် – ခွက်တ၀က်
- ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
- ဂျင်း – လက်ဖက်ရည်ဇွန်း တ၀က် (နှုတ်နှုတ်စဉ်းထားပါ)
- ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
- ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
- ရေ – ခွက်တ၀က်
- ကော်မှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း (ရေဖြင့် ဖျော်ထားပေးပါ)
- RoseMary – အနည်းငယ် (အနောက်တိုင်းဟင်းခတ် အမွှေးအကြိုင်)
ဝက်သားကင်နည်း
၁။ အရင်ဆုံး ၀က်သားကို (ဆား၊ ငရုတ်ကောင်းမှုန့်) အနည်းငယ်ဖြင့် သမအောင် နုယ်ထားပေးပါ။
၂။ ထို့နောက် ဆော့ရည် ချက်ပါမည်။
၃။ ဆော့ရည်ချက်ရန် ဒယ်ထဲသို့ (သကြား၊ ပန်းသီး ဖျော်ရည်၊ ပဲငံပြာရည်၊ ဂျင်း၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ဟင်းရွက်ဆီ၊ ရေ) အားလုံးကို ထည့်လိုက်ပြီ သကြားပျော်သည်အထိ မီးအသင့်တင့်ဖြင့် တည်ထားပေးပါ။
၃။ ပြီမှ ဖျော်ထားသော ကော်ရည်ကို လောင်းထည့်လိုက်ပြီ ဆော့ရည် ခပ်ပျစ်ပျစ်အနေထားတွင် မီးပိတ်လိုက်ပါ။
၎။ ၀က်သားမကင်ရန် မီးကင်ပြားကို ဆီသုတ်ထားပေးပြီ မီးသွေး (သို့) ဂက်စ် ဖြစ် ကင်ပေးပါ။
၅။ မီးကင်ပြားပူလာလျှင် ၀က်သားကို ဆော့ရည်များ သုတ်ပေးပြီ တဖက်ကို ၁၅မိနစ်နှုန်းဖြင့် နာရီဝက်ခန့် ၀က်သားကျက်သည်အထိ ကင်ပေးပါ။
၆။ ၀က်သားကင်ရပြီဆိုလျှင် ကျန်ဆော့ရည်များကို အပေါ်မှ လောင်းချလိုက်ပြီ အာလူးထောင်း၊ ဟင်းရွက်သုတ်နှင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…
အာလူးထောင်းပြုလုပ်နည်း
- အာလူး – ၅လုံး
- ထောပတ် – စားပွဲတင်ဇွန်း ၂ဇွန်း
- ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းထားပါ)
- နွားနို့ – ၁ခွက်
- ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
၂။ အာလူးရပြီဆိုလျှင် ခေတ္တအအေးခံပြီ အခွံနွှာကာ ငရုတ်ဆုံဖြင့် အာလူးများကို ညက်အောင် ထောင်းပေးပါ။
၃။ ထို့နောက် ဒယ်ထဲ ထောပတ်ထည့်ပြီ ကြက်သွန်ဖြူ ဆီသပ်ပေးပါ။
၎။ ပြီမှ နွားနို့ထည့်ပြီ မီးနည်းနည်းဖြင့် ၁မိနစ်ခန့် တည်ထားပါ။
၅။ ပြီနောက် အာလူးထောင်းများကို ထည့်ပြီ သမအောင် ရောမွှေလိုက်ပါ။
၆။ အရသာအတွက် ဆား၊ ငရုတ်ကောင်းမှုန့်များ ဖြူးပေးပြီ ထောပတ်ရနံ့သင်းသော အာလူးထောင်းရပါပြီ…
ဟင်းရွက်စုံပြုလုပ်နည်း
- မုန်လာဥနီ – ၁ခု( အရှည်လှီးပေးပါ)
- ပန်းကော်ဖီ – တစိတ် (အတုံးသေးများ တုံးပါ)
- ဘိုစားပဲ – ၅ခု (အရှည်အစောင်းလှီးပါ)
၂။ ပြီမျှ ဇကာဖြင့် ပြန်ဆယ်ပြီ ရေအေးစိမ်၍ ရေစစ်ထားပေးပါ။
၃။ ထို့နောက် မုန်လာဥနီ၊ ပန်းကော်ဖီ၊ ဘိုစားပဲ များကို (ဆား၊ ငရုတ်ကောင်းမှုန့်) အနည်းငယ်ဖြင့် သမအောင် ရောနုယ်ပေးပါ။
Tuesday, April 23, 2013
ဒီလိုလူကို မြင်လား?
အများကို အနှောက်အယှက်ပေးတဲ့ အပြုအမူ မလုပ်မိစေဖို့ ဘူတာမှာ manner ပိုစတာတွေ ကပ်ထားတတ်တယ်။ အဲဒီထဲကမှ တိုကျိုမက်ထရိုရဲ့ ဒီနှစ်ထုတ် manner poster series ကို အတော် သဘောကျမိတယ်။ တိုကျိုမက်ထရိုက ၁၉၇၄ခုနှစ် ၉လပိုင်းကစပြီး လစဉ် manner ပိုစတာ အသစ်ကပ်လေ့ရှိပါတယ်။ နှစ်တိုင်း ခေါင်းစဉ်တခုထားပြီး အဲဒီခေါင်းစဉ်နဲ့ အကိုက်ပုံတွေကို လစဉ် အသစ်ကပ်ပါတယ်။
၂၀၀၅ခုနှစ်အထိထဲမတော့ "ကမ္ဘာ့အပျော်ဆုံး မက်ထရိုဆီသို့" "ပိုပြီး ပြုံးပန်းဝေတဲ့ မက်ထရိုဆီသို့" (世界でいちばん、ハッピーなメトロへ。もっと、スマイルメトロへ。)
၂၀၀၆ခုနှစ်မှာတော့ "ပျော်ရွှင်ဖွယ် အပြုအမူ အားလုံးလဲ စိတ်ချမ်းသာ ကိုယ်တိုင်လဲ စိတ်ချမ်းသာ" (Happy Manner~みんながキモチいい。あなたもキモチいい。)
၂၀၀၇ခုနှစ်မှာ "သက်ကြီးအပြုအမူ သက်ငယ်အတုခိုး" (おとながお手本です。)
၂၀၀၈ / ၂၀၀၉ခုနှစ်မှာ " ~~မှာ ပြုလုပ်ကြစို့" (○○でやろう。)
၂၀၁၀မှာတော့ "ထပ်ပြီး ပြုလုပ်ကြစို့" (またやろう。)
ဒီနှစ် ၂၀၁၁ကျ "ဒီလိုလူကို မြင်လား?!" (こんな人を見た。) ဆိုတဲ့ ခေါင်းစဉ်ပါ။ အရင်နှစ်တွေနဲ့မတူ တိရစ္ဆာန်ပုံလေးတွေနဲ့ဆိုတော့ သဘောကျမိတာမို့ လစဉ်အလိုက်ပုံလေးတွေ တင်လိုက်ပါတယ်။
၂၀၁၁-ခုနှစ် ၁၀-လ
ဈာန်ဝင်ပြီး အလှပြင်၊ မှန်ကြည့်တာထက် ပတ်ဝန်းကျင်ကို ကြည့်တတ်ပါ
၂၀၁၁-ခုနှစ် ၉-လ
သူများကိုမှီပြီး တခေါခေါ၊ အိပ်ပျော်သူ့မျက်နှာဘေးက အခက်တွေ့နေသူမျက်နှာ
၂၀၁၁-ခုနှစ် ၈-လ
သင့်နားကြပ်ကအသံတွေ ဘေးလျှံထွက်နေပါသလား?
၂၀၁၁-ခုနှစ် ၇-လ
ကြားဖြတ်မဝင်ပါနဲ့၊ စည်းစနစ်တကျ တန်းစီပါ
၂၀၁၁-ခုနှစ် ၆-လ
ထီးကရေစက် သူများတွေဆီ စင်ကုန်ပြီလား?
၂၀၁၁-ခုနှစ် ၅-လ
မလောပါနဲ့ မပြေးပါနဲ့၊ အေးအေးဆေးဆေး ပြုလုပ်ပါ
၂၀၁၁-ခုနှစ် ၄-လ
ကပ်ထိုင်ပေးပါ တထိုင်စာလောက် ရပါစေ။ ကူညီပါနော်
ဈာန်ဝင်ပြီး အလှပြင်၊ မှန်ကြည့်တာထက် ပတ်ဝန်းကျင်ကို ကြည့်တတ်ပါ
၂၀၁၁-ခုနှစ် ၉-လ
သူများကိုမှီပြီး တခေါခေါ၊ အိပ်ပျော်သူ့မျက်နှာဘေးက အခက်တွေ့နေသူမျက်နှာ
၂၀၁၁-ခုနှစ် ၈-လ
သင့်နားကြပ်ကအသံတွေ ဘေးလျှံထွက်နေပါသလား?
၂၀၁၁-ခုနှစ် ၇-လ
ကြားဖြတ်မဝင်ပါနဲ့၊ စည်းစနစ်တကျ တန်းစီပါ
၂၀၁၁-ခုနှစ် ၆-လ
ထီးကရေစက် သူများတွေဆီ စင်ကုန်ပြီလား?
၂၀၁၁-ခုနှစ် ၅-လ
မလောပါနဲ့ မပြေးပါနဲ့၊ အေးအေးဆေးဆေး ပြုလုပ်ပါ
၂၀၁၁-ခုနှစ် ၄-လ
ကပ်ထိုင်ပေးပါ တထိုင်စာလောက် ရပါစေ။ ကူညီပါနော်
ကိုးကား
http://www.tokyometro.jp
http://scope.metrocf.or.jp/gallery/mp_gallery2011.html
မသိခြင်းငါးပါးနဲ့ အသက်ရှင်နေရတဲ့ဘ၀ (အရှင်ဆန္ဒာဓိက-ရွှေပါရမီတောရ)
…သတ္တ၀ါတွေဟာ ဘယ်အသက်အရွယ်ထိပဲ နေရတယ်၊ ဘယ်အသက်အရွယ်ရောက်လို့ရှိရင် အားလုံးသေကြရတယ်လို့ သတ်မှတ်ချက် မရှိပါဘူး။ အမိဝမ်းအတွင်းမှာလည်း ကလလရေကြည် အခိုက်မှာပဲ ဖြစ်ဖြစ်၊ ရေမြှုပ်ဖြစ်နေတဲ့အခိုက်မှာပဲဖြစ်ဖြစ်၊ အသားတစ်ဖြစ်နေတဲ့အခိုက်မှာပဲဖြစ်ဖြစ်၊ စသည်အားဖြင့် အမိဝမ်းအတွင်းမှာလည်း အချိန်အမျိုးမျိုးမှာ သေဆုံးသွားနိုင်တာပဲ။
…အမိဝမ်းက ထွက်လာပြန်တော့လည်း တစ်နာရီ၊ နှစ်နာရီစတဲ့ နာရီပိုင်းအတွင်း၊ တစ်ရက်၊ နှစ်ရက် စတဲ့ ရက်ပိုင်းအတွင်း၊ တစ်ပတ်၊ နှစ်ပတ်စတဲ့ အပတ်ပိုင်းအတွင်း၊ တစ်နှစ်၊ နှစ်နှစ်စတဲ့ နှစ်ပိုင်းအတွင်း စသည်အားဖြင့် ဘယ်အသက်အရွယ်မှာမဆို သေဆုံးသွားနိုင်တာပဲ။
…ဘယ်အသက်အရွယ်မှာမဆို သေဆုံးသွားနိုင်တဲ့အတွက်ကြောင့် လူသားအပါအ၀င် သတ္တ၀ါတွေဟာ ကိုယ့်ကိုယ်ကို ဘယ်အသက်အရွယ်မှာ သေရမယ်ဆိုတာကိုလည်း ကြိုတင်ပြီးတော့ မသိနိုင်ကြဘူး။
(၂) ဗျာဓိ - ဘယ်အနာရောဂါနဲ့ သေဆုံးရမယ်ဆိုတာကိုလည်း မသိနိုင်ဘူး။
…သတ္တ၀ါတွေဟာ ဘယ်အနာရောဂါနဲ့ပဲ သေဆုံးကြတယ်ဆိုတဲ့ အတိအကျ သတ်မှတ်ချက် မရှိဘူး။ မျက်စိနဲ့ပတ်သက်တဲ့ အနာရောဂါနဲ့လည်း သေနိုင်သလို၊ နားနဲ့ပတ်သက်တဲ့ အနာရောဂါ၊ နှာခေါင်းနဲ့ ပတ်သက်တဲ့ အနာရောဂါ၊ လျှာနဲ့ပတ်သက်တဲ့ အနာရောဂါ၊ ကိုယ်နဲ့ပတ်သက်တဲ့ အနာရောဂါ၊ စိတ်နဲ့ ပတ်သက်တဲ့ အနာရောဂါ စသည်အားဖြင့် ဘယ်အနာရောဂါမျိုးနဲ့မဆို သေဆုံးသွားနိုင်တယ်။
…အနာရောဂါ တစ်ခုတည်းသာမကဘဲ တစ်ခုထက်များတဲ့ အနာရောဂါတွေနဲ့လည်း သေဆုံးသွားနိုင် တာပဲ။ တစ်ယောက်နဲ့တစ်ယောက် သေဆုံးရမယ့် အနာရောဂါတွေကလည်း မတူကြဘူး။ ဘယ်အနာ ရောဂါမျိုးနဲ့မဆို သေဆုံးသွားနိုင်တဲ့အတွက် လူသားအပါအ၀င် သတ္တ၀ါတွေဟာ ကိုယ့်ကိုယ်ကို ဘယ်အနာရောဂါနဲ့ သေဆုံးရမယ်၊ မိမိသေလွန်တဲ့အချိန်မှာ ဘယ်အနာရောဂါဖြစ်မယ်ဆိုတာကိုလည်း ကြိုတင်ပြီးတော့ မသိနိုင်ကြဘူး။
(၃) ကာလ - သေရမယ့် အချိန်ကိုလည်း မသိနိုင်ဘူး။
…သတ္တ၀ါတွေဟာ မနက်ပိုင်းအချိန်မှာပဲ သေကြတယ်၊ ကျန်တဲ့အချိန်တွေမှာ မသေကြဘူးလို့ ဒီလိုသတ်မှတ်ချက် မရှိပါဘူး။
…မနက်ပိုင်းအချိန်မှာလည်း သေနိုင်သလို နေ့လယ်ပိုင်းအချိန်မှာလည်း သေနိုင်တယ်၊ ညနေပိုင်း အချိန်မှာလည်း သေနိုင်တယ်၊ ညပိုင်းအချိန်မှာလည်း သေနိုင်တယ်။ ထမင်းစားရင်းလည်း သေနိုင် သလို ရေသောက်ရင်းလည်း သေသွားနိုင်တယ်။ ဘုရားရှစ်ခိုးရင်းနဲ့လည်း သေဆုံးသွားနိုင်သလို သတင်းစာဖတ်ရင်း တန်းလန်းနဲ့လည်း သေချင် သေသွားနိုင်တာပါပဲ။
…ဘယ်အချိန်မှာမဆို သေဆုံးသွားနိုင်တဲ့အတွက်ကြောင့် လူသားအပါအ၀င် သတ္တ၀ါတွေဟာ ကိုယ့်ကိုယ်ကို ဘယ်အချိန်မှာ သေဆုံးရမယ်ဆိုတာ ကြိုတင်ပြီး မသိနိုင်ကြပါဘူး။
(၄) ဒေဟနိက္ခေပန - သေပြီးတဲ့နောက် မိမိရဲ့အလောင်းကောင်ကို ဘယ်နေရာမှာ ပစ်ချခံရမလဲ ဆိုတာကိုလည်း မသိနိုင်ဘူး။
…သတ္တ၀ါတွေဟာ သေဆုံးသွားတဲ့အခါမှာ နေရာတစ်နေရာတည်းမှာပဲ အလောင်းကောင်ပစ်ချခံ ရတယ်လို့ အတိအကျ သတ်မှတ်ချက် မရှိဘူး။ ရေထဲမှာ မွေးတဲ့ပုဂ္ဂိုလ်က ကုန်းပေါ်မှာ အလောင်း ပစ်ချခံချင်ခံရမယ်။ ကုန်းပေါ်မှာ မွေးတဲ့ပုဂ္ဂိုလ်က ရေထဲမှာ အလောင်းပစ်ချခံချင်ခံရမယ်။ ရွာမှာ မွေးတဲ့ပုဂ္ဂိုလ်က မြို့မှာ အလောင်းပစ်ချခံချင်ခံရမယ်၊ မြို့မှာမွေးတဲ့ပုဂ္ဂိုလ်က တောမှာ အလောင်း ပစ်ချခံချင်ခံရမယ်၊ စသည်အားဖြင့် ဘယ်နေရာမှာမဆို မိမိရဲ့ အလောင်းကောင်က ပစ်ချခံရနိုင်တယ်။
…အရင်တုန်းကဆို ရန်ကုန်မှာနေတဲ့ ပုဂ္ဂိုလ်တွေက ငါသေရင် ငါ့အလောင်းကို ကြံတောသုသာန်မှာ ပစ်ချခံရမှာ သေချာတယ်လို့ အတပ်ပြောချင်ပြောကြလိမ့်မယ်။ အခုတော့ ကြံတောသုသာန်လည်း မရှိတော့တဲ့အတွက် အဲဒီပုဂ္ဂိုလ်တွေရဲ့ တွေးဆပြောဆိုချက်ဟာ ဘယ်နည်းနဲ့မှ မမှန်နိုင်တော့ဘူးနော်။
…ဘယ်နေရာမှာမဆို၊ ဘယ်သုသာန်မှာမဆို အလောင်းကောင်ကို ပစ်ချခံရနိုင်တဲ့အတွက်ကြောင့် လူအပါအ၀င် သတ္တ၀ါတွေဟာ ကိုယ့်ကိုယ်ကို ငါသေရင် ငါ့အလောင်းကောင်ကို ဘယ်နေရာမှာ ပစ်ချ ခံရမယ်၊ စွန့်ပစ်ခံရမယ်ဆိုတာကိုလည်း ကြိုတင်ပြီး မသိနိုင်ကြပါဘူး။
(၅) ဂတိ - သေလွန်ပြီးတဲ့နောက် ဘယ်ဘ၀ကို လားရောက်ရမယ်၊ ဘယ်ဂတိကို သွားရမယ်ဆိုတာ ကိုလည်း ကြိုပြီးတော့ မသိနိုင်ဘူး။
…သတ္တ၀ါတွေဟာ သေဆုံးပြီးသွားရင် ဘယ်ဂတိတစ်ခုကိုပဲ သွားရတယ်လို့ အတိအကျ ပုံသေ ကန့်သတ်ချက် မရှိပါဘူး။ ဥပမာဆိုပါတော့- လူတွေ သေသွားလို့ရှိရင် လူပဲ ပြန်ဖြစ်တယ်လို့ ဒီလို အတိအကျ ကန့်သတ်ချက် မရှိပါဘူး။ လူသေလို့ရှိရင် လူလည်း ပြန်ဖြစ်နိုင်သလို နတ်လည်း ဖြစ်နိုင်တယ်။ ငရဲလည်း ကျသွားနိုင်တယ်။ တိရစ္ဆာန်လည်း ဖြစ်နိုင်တယ်၊ ပြိတ္တာလည်း ဖြစ်နိုင်တယ်။ ဂတိငါးမျိုးမှာ တစ်မျိုးမျိုး ဖြစ်နိုင်တယ်။
…ရဟန္တာမှအပ သတ္တ၀ါတွေ သေဆုံးပြီးတဲ့အခါမှာ (၁) ငရဲ (၂) တိရစ္ဆာန် (၃) ပြိတ္တာ (၄) လူ (၅) နတ် လို့ခေါ်တဲ့ ဂတိငါးပါးမှာ တစ်ပါးပါးသို့ လားရောက်ရမှာဖြစ်တဲ့အတွက်ကြောင့် လူအပါအ၀င် သတ္တ၀ါ တွေဟာ သေဆုံးသွားတဲ့အခါမှာ ကိုယ့်ကိုယ်ကို ဘယ်ဘ၀၊ ဘယ်ဂတိကို လားရောက်ရမယ်ဆိုတာ ကိုလည်း ကြိုတင်ပြီးတော့ မသိနိုင်ကြပါဘူး။ လူသားအားလုံး၊ လူသားအပါအ၀င် သက်ရှိသတ္တ၀ါအားလုံးဟာ မသိခြင်းငါးပါးနဲ့ အသက်ရှင်နေကြ ရတဲ့ သနားစရာ သတ္တ၀ါတွေ ဖြစ်ပါတယ်။
(၁) ဘယ်အသက်အရွယ်မှာ သေမလဲ။
(၂) ဘယ်အနာရောဂါနဲ့ သေမလဲ။
(၃) ဘယ်အချိန်မှာ သေမလဲ။
(၄) အသေကောင်ကို ဘယ်သုသာန်မှာ စွန့်ပစ်ခံရမလဲ။
(၅) သေပြီးရင် ဘယ်ဘ၀ရောက်မလဲ။
…ဒီငါးပါးကို လူသားတွေ၊ လူသားအပါအ၀င် သတ္တ၀ါတွေ မသိနိုင်ကြပါဘူး။ ဒီမသိခြင်းငါးပါးက လူသားအားလုံး၊ သက်ရှိသတ္တ၀ါ အားလုံးကို လွှမ်းမိုးနှိပ်စက်နေပါတယ်။ လူသားအားလုံးဆိုတာက ယေဘုယျအနေနဲ့ အများစုကို ခြုံငုံပြောတာပါ။ အနည်းစုအနေနဲ့ တရားတန်ခိုးရှိသူ၊ တရားစွမ်းအား ကြီးမားသူ သူတော်ကောင်းပုဂ္ဂိုလ် တချို့ကတော့ သိနိုင်ကြပါတယ်။
…အထူးသဖြင့် အာနာပါနကမ္မဋ္ဌာန်းကို အောင်မြင်ပေါက်မြောက်အောင် အားထုတ်ထားတဲ့ ပုဂ္ဂိုလ်များဟာ မိမိသေရမယ့်အချိန်ကို ကြိုတင်ပြီးတော့ အတိအကျ သိနိုင်ကြပါတယ်။ အချိန်ကို သိသလို ကျန်တဲ့ အချက်လေးချက်ကိုလည်း ကျွဲကူးရေပါ သိနိုင်ကြပါတယ်။
…အနည်းဆုံး သောတာပန်ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်များဟာ “ငါသေလွန်ပြီးရင် အပါယ်လေးပါး မလားရောက် ရတော့ဘူး။ လူ၊ နတ်၊ ဗြဟ္မာ ကောင်းရာသုဂတိကိုသာ လားရောက်ရတော့မယ်” လို့ သေချာပေါက် ပြောနိုင်ကြပါတယ်။ ဒါပေမယ့် ကောင်းရာသုဂတိဘုံတွေက အများကြီးရှိတာမို့ ဘယ်ဘုံကို ရောက်ရမယ်ဆိုတာကိုတော့ အတိအကျ သိဖို့ မလွယ်ပါဘူး။
…ဒါကြောင့် ဘာပဲဖြစ်ဖြစ်၊ မပြောပလောက်တဲ့ ပုဂ္ဂိုလ်အနည်းစုကသာ သိနိုင်ကြ၊ သိပြန်တော့လည်း တစ်စိတ်တစ်ဒေသလောက်သာ သိနိုင်ကြတာမို့ တစ်စိတ်တစ်ဒေသလောက်သာ သိနိုင်ကြတဲ့ ပုဂ္ဂိုလ်အနည်းစုကို စကားထဲ ထည့်ပြောမနေတော့ဘဲ ချွင်းချက်အနေနဲ့ ချန်လှပ်ထားခဲ့ပြီး…..
…လူသားအားလုံး၊ သက်ရှိသတ္တ၀ါအားလုံး မသိခြင်းငါးပါးနဲ့ အသက်ရှင်နေကြရတယ်လို့ ဆိုလိုက်ရင် စကားကတ်ချင်သူများ စောဒကတက်နေဖို့ လိုမယ်မထင်တော့ပါဘူး။
…ကိုယ့်ကိုယ်ကို သိလှပြီ၊ တတ်လှပြီလို့ အထင်ရောက်၊ ဘ၀မောက်နေကြတဲ့ ပုဂ္ဂိုလ်များ ကိုယ့်ဘ၀ကိုယ် မသိခြင်းငါးပါးနဲ့ အသက်ရှင်နေရတဲ့ ဘ၀လို့ နားလည်သဘောပေါက်ခဲ့မယ်ဆိုရင် အခြောက်တိုက် မာန်မာနတက်နေစရာ မလိုတော့ဘူး ထင်ပါတယ်။
…မသိခြင်းငါးပါးကိုသာ လူသားအားလုံး သတိရကြမယ်ဆိုရင် ဒီကမ္ဘာလောကကြီးထဲမှာ တစ်ကိုယ်ကောင်းဆန်မှုတွေ၊ ကိလေသာသောင်းကျန်းမှုတွေ နည်းပါးသွားမှာ သေချာပါတယ်။
ဇီဝိတံ ဗျာတိ ကာလော စ၊
ဒေဟနိက္ခေပနံ ဂတိ။ပဉ္စေတေ ဇီဝလောကသ္မိံ ၊
အနိမိတ္တာ န နာယရေ။
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
Subscribe to:
Posts (Atom)






