Friday, September 27, 2013
ရေလှောင်တမံ၏ အလယ်မှ ကြီးမားသော အပေါက် (Bell-mouth)
Friday, September 27, 2013
ယခု ပုံမှာမြင်တွေ့ ရတာ ကတော့ အင်္ဂလန်နိုင်ငံတွင် အလိုအလျောက်
ဖြစ်ပေါ်တည်ရှိနေသော ရေလှောင်တမံ၏ အလယ်မှ အပေါက်တစ်ခု ဖြစ်ပါတယ်။အမည်ကတော့
ခေါင်းလောင်း၏ ပါးစပ်နှင့် တူသောကြောင့် Bell-Mouth လို့ အမည်ပေးထား ပါတယ်။
ကမ္ဘာပေါ်မှာ အကြီးဆုံး ရေလယ် အပေါက်တစ်ခုလည်း ဖြစ်ပါတယ်။
ရေလှောင်တမံ အတွင်းမှ ရေတွေဟာ ၎င်းအပေါက် အတွင်းသို့
ဒလဟော စီးဝင်လျက် ရှိပါတယ်။ အမှတ်တမဲ့နှင့် ကြည့်လိုက်မယ်ဆိုရင်
ရေလယ်ခေါင် ဝဲဂယှက် တစ်ခုလို့ ထင်ရစေနိုင်ပါတယ်။ ဒါကြောင့် လှောင်တမံ
အတွင်း ရေတွေဟာ တဖြည်းဖြည်းနဲ့ လျော့နည်းလာပါတယ်။
လူတွေဟာ ၎င်းအပေါက်ကို ပိတ်ဆို့ဖို့ ကြိုးစားခဲ့သော်လည်း မပိတ်ဆို့နိုင်ခဲ့ပါဘူး။
၎င်းအပေါက်ဟာ ၁၅ ပေကျယ်ဝန်းပြီး ၈၀ ပေနက်တယ်လို့ ဆိုပါတယ်။
တဖြည်းဖြည်းနှင့် ၎င်းအပေါက်ကြီးဟာ ကြီးထွားလာခဲ့ရာ နောက်အချိန်တွင် ရေကန်ကြီး သဖွယ်ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။
သို့ပေမယ့် ယခုလက်ရှိမှာတော့ ထူးဆန်းအံသြဖွယ် Bell-mouth အဖြစ် နာမည် ကျော်ကြားလျှက်
ရှိတယ်လို့ ဆိုပါတယ်။
Tuesday, June 25, 2013
Colors for Health အရောင်တွေနဲ့ ကျန်းမာရေး• အနီရောင်ဟာ -အင်အားရှိတယ်၊ ရှေ့ဆက်သွားနိုင် လုပ်နိုင်စွမ်းရှိတာကိုပြတယ်။ မျိုးပွါးစနစ်ကို လိုတာတွေပြည့်စေတယ်။ ဆဲလ်တွေဆီ သွေးပိုပြီး စီးလျှောက်တယ်။ အနီရောင်နဲ့ဆိုင်တဲ့ ရောဂါတွေကတော့ Anemia သွေးအားနည်းရောဂါ၊ သွေးတိုးရောဂါ၊ သွေးဖိအားကျရောဂါ နဲ့ အားအင်ကုန်ခမ်းခြင်းတွေ ဖြစ်တယ်။• လိမ်မော်ရောင်ကတော့ -နှိုးဆွမှုကိုဖြစ်စေတယ်၊ စိတ်တက်ကြွမှုနဲ့ လုပ်ချင် ကိုင်ချင်စိတ်ကို ဖြစ်စေမယ်။ ဒီအရောင်နဲ့ ဆန့်ကျင်တာဖြစ်သူဟာ ကျောက်ကပ် ရောဂါတွေ၊ ဆီးအိမ်ရောဂါတွေ၊ အူမကြီး အလုပ်နည်းခြင်းတွေဖြစ်စေပါတယ်။ လိမ်မောင်ရောင်နဲ့ ဆက်စပ်နေတဲ့ ရောဂါတွေကတော့ အဆစ်နာ၊ လေးဘက်နာ၊ ဝမ်းချုပ်ခြင်း၊ အစာချေလမ်းရောဂါတွေ၊ ဘေလုံးရောဂါတွေဖြစ်ကြတယ်။• အဝါရောင်ဟာ -စိတ်ကိုဖွင့်ထားခြင်း နဲ့ အသေးစိတ်ကိုစိတ်ဝင်ခြင်းကို ကိုယ်စားပြုတယ်။ အာရုံကြောကိုအားပေးတယ်။ အသဲ၊ သည်းခြေအိတ်၊ သည်းခြေရ်ာလုပ်ငန်းတွေကို အားပေးတယ်။ အစာခြေရည်ထုတ်ာကိုလဲ အားပေးတယ်။ အစာခြေလမ်းအလုပ်ကို အားပေးတယ်။ အဝါရောင်နဲ့ဆန့်ကျင်တဲ့ရောဂါတွေကတော့ အာရုံကြောရောဂါ၊ ကြွက်သားနဲ့ အာရုံကြောဆက်စပ်တဲ့ရောဂါ၊ ဆီးချို နဲ့ ထုံးဓါတ် တင်ကျန်ရစ်ခြင်းတွေ ဖြစ်ကြတယ်။ အဝါရောင်နည်းခြင်းနဲ့ ဆိုင်တဲ့ ရောဂါတွေကတော့ အဆစ်ရောင်၊ အစာမကျေ၊ အသဲမကောင်းခြင်းနဲ့ မှတ်ဥာဏ်နည်းခြင်းတွေဖြစ်ကြတယ်။• အစိမ်းရောင်ကတော့ -ပတ်ဝန်းကျင်မှာ တည်ငြိမ်၊ ချောမွေ့ပြီး မျှတနေတဲ့သဘောကို ကိုယ်စားပြုတယ်။ သဟဇာတဖြစ်နေခြင်းဟာ အစိမ်းရောင်ရဲ့သဘောဖြစ်တယ်။ အဆိပ်အတောက်တွေ ဖယ်ရှားရေးကို အားပေးတယ်။ ကြွက်သားနဲ့ အရေပြားတွေတည်ဆောက်ရေးကို ကောင်းစေတယ်။ Sympathetic nervous system (ဆင်ပသက်တစ်) အာရုံကြောစနစ်ကို ကောင်းစေတယ်။ အစိမ်းရောင်မှာ ဆေးကုသမှုအစွမ်းရှိတယ်။ စိတ်ပိုင်းဆိုင်ရာရောဂါတွေကို ကုသရာမှာ အစိမ်းရောင်ကို သုံးနိုင်တာတွေရှိတယ်။Good Colors and Health ကျန်းမာရေးအတွက်ကောင်းတဲ့ အရောင်တွေ• အရောင်ရှိတဲ့ အရည်၊ အဝတ်အစား၊ လက်ဝတ်ရတနာ၊ အလင်းရောင်တွေမှာ သူ့အစွမ်းနဲ့သူရှိကြတယ်။• ပြော့နုတဲ့အရောင်မျိုးဟာ ခေါင်းကိုက်နေတာ သက်သာစေမယ်။ ကိုယ်စိတ် ပေါ့ပါးစေမယ်။• တောက်ပတဲ့အရောင်တွေကနေ ပျော်ရွှင်ချမ်းမြေ့မှုကိုပေးမယ်။ မွေးနေ့လိုအချိန်ကာလနဲ့ နေရာတွေမှာ အရောင်တောက်တောက်တွေ ဝတ်ဆင်ပြီး မီးခပ်ဝါဝါထွန်းတာသဘာဝကျတယ်။• Ayurveda အာယုဗေဒဆေးကုနည်းမှာလဲ အရောင်အမျိုးမျိုးရှိတဲ့မီးရောင်သုံးပြီး ဆေးကုတာရှိတယ်။ အပြာနုနု ဒါမှမဟုတ် အစိမ်းနုနုအရောင်ဆိုတာ စိတ်တိုနေသူတွေ၊ စိတ်ပျက်လက်ပျက်ဖြစ်နေသူတွေကို ကုသရာမှာသုံးတယ်။ အဝါရောင်၊ လိမ်မော်ရောင်နဲ့ ရွှေရောင်တွေကို စိုးရိမ်စိတ်ကဲနေသူတွေကို စိတ်တည်ငြိမ်စေဘို့သုံးတယ်။ အနီရောင်တောက်တောက်နဲ့ လိမ်မော်ရောင်တွေကိုတော့ စိတ်ဓါတ်ကျနေသူတွေကို ကုရာမှာသုံးတယ်။Colored fruits and vegetables အရောင်ရှိ သစ်သီးဝလံတွေ• အရောင်အလိုက် ကျန်းမာရေးတန်ဘိုးမတူကြပါ။ အရောင်တွေများတဲ့ အသီအနှံတွေနဲ့ အသီးအရွက်တွေမှာ ရောဂါဘယတွေကို တိုက်ဖျက်နိုင်စွမ်းရှိတဲ့ Phytonutrients (ဖိုက်တိုနူထရိယင့်) တွေပါတယ်။• ခရမ်းချဉ်းသီးနီရဲရဲကနေ နှလုံးရောဂါအန္တရာယ်ကိုနည်းစေမယ်။• ပျောင်းဖူးရဲ့ အဝါရောင်ဟာ ကြွက်သားတွေရဲ့ အိုစာမှုဖြစ်စဉ်ကိုတားပေးတယ်။• အရောင်ရှိ အသီးအနှံတွေထဲမှာ နောက်တမျိုးပါနေတာက Antioxidants (အင်တီအောက်စီဒင့်) ဓါတ်ဖြစ်ပြီး သွေးကြောနံရံတွေ မာလာမှာကို တားနိုင်လို့ နှလုံးသွေးကြောရောဂါအတွက် ကောင်းကျိုးရစေမယ်။• အဝါရောင်ရှိတဲ့ မုံလာဥ၊ ကန်စွန်းဥ၊ သရက်သီး၊ ဖယုံသီး၊ ဖရဲသီး၊ ပျောင်းဖူးတွေထဲမှာ Carotenoids (ကရိုတီနွိုက်) ဓါတ်ပါတယ်။ ကင်ဆာကို ဆန့်ကျင်စေတယ်။• (ဘရိုကိုလီ) မုံလာပွင့်အစိမ်းရောင်ထဲမှာ Lutein (လူတိန်း) ဓါတ်ပါလို့ အမြင်စူးရှပြီး ကြည်လင်စေမယ်။Food Color and Health Hazards အရောင်နဲ့ ကျန်းမာရေး သတိပေးချက်များ• FDA အစားအသောက်နဲ့ ဆေးဝါးအာဏာပိုင်အဖွဲ့ကနေ Adverse Reaction Monitoring System (ARMS) ပြောင်းပြန်သက်ရောက်မှု စောင့်ကြည့်စနစ် ဆိုတာလုပ်ထားပါတယ်။ အစားအသောက်မှာ အရောင်စွဲလမ်းမှုကို ကွန်ပြူတာနဲ့ ဒေတာဘေ့စ် ပြုစုထားတာဖြစ်တယ်။• Advisory Committee on Hypersensitivity to Food Constituents အစားအသောက်ထဲမှာပါတာတွေနဲ့ မတည့်ခြင်း အကြံပြုကော်မတီရဲ့ ၁၉၈၆ ထုတ်ပြန်ချက်ထဲမှာ FD&C Yellow No. 5 အဝါရောင် နံပါတ် (၅) ကြောင့် လူ ၁ဝဝဝဝ မှာ တယောက်ထက်နည်းပြီး အင်ပြင်ထတာကိုဖြစ်စေပြီး တယောက်မှ ပန်းနာမဖြစ်ပါလို့ပါတယ်။ “ပန်းနာထတာ၊ အလာဂျီရလို့ အင်ပြင်ထတာတွေဟာ ဟိုအသီး၊ ဒီအရွက်စားမိလို့ဆိုပြီး အလွယ်ထင်တာတွေ မမှန်ဘူး” လို့ ထောက်ပြလိုက်တာဖြစ်ပါတယ်။ Red No. 3 အနီရောင် နံပါတ် (၃) ကိုတော့ ၁၉၉ဝ ခုနှစ်မှာ လည်ပင်းကြီးအကျိတ် (ကင်ဆာ) ဖြစ်နိုင်တယ်ဆိုပြီး ညွှန်ကြားချက်အရမဟုတ်ဘဲ ရောင်းကုန်ကနေ ဖျက်သိမ်းလိုက်ပါတယ်။ FDA ကတော့ ခုထိ တရားဝင်မဖြုတ်သေးပါ။Spa ခေါ်တဲ့ရေချိုးခန်းတွေမှာ ကိုယ်ခန္ခာကို ကျန်းမာရေးအရ ရွေးချယ်ထားတဲ့ အရောင်ရှိတဲ့ ကိုယ်ပတ်အဝတ်စသုံးတယ်။ တည်းခိုခန်းတွေ၊ ဟော်တယ်ခန်းတွေမှာ အပြင်အရောင်နဲ့ အတွင်းနံရံအရောင်တွေကနေ လူ့ ကိုယ်-စိတ်ကျန်းမာရေးကို သက်ရောက်စေတယ်။ ဆေးရုံတချို့မှာလဲ လူနာရောဂါအလိုက် အတွင်းနံရံအရောင်ကို မတူတာမှာ ထားတာမျိုးရှိတယ်။ သွေးအားနည်းနေသူကို ပန်းရောင်ရင့်ရင့်၊ ဒါမှမဟုတ် အနီရောက်ခန်းမှာထားတယ်။လေ့လာမှုတွေ သုတေသနတွေက အများဆုံးက အမေရိကားကနေလုပ်တာများလို့ သူတို့ဆီကလူတွေရဲ့ ကိုယ်-စိတ် ကျန်းမာရေးကို ထင်ဟပ်ပါတယ်။ လူတွေဟာ အကြိုက်မတူတာမှ မျိုးနဲ့ရိုးနဲ့ဆိုတယ်လို့ပြောတာ အင်မတန်မှန်တယ်။ မြန်မာလူမျိုးတွေအကြိုက်နဲ့ တန်ဘိုးတားမှုတွေဟာ သီးခြားသဘောရှိတယ်။ တောင်အာရှ (အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒက်၊ သီရိလင်္ကာ၊ နီပေါ) ကလူတွေမှာ သီးခြားအကြိုက်တွေရှိတယ်။ အရှေ့တောင်-အာရှထဲမှာတောင်မှ (မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီယား) တွေက ခပ်တင်တင်တူကြပေမဲ့ တရုပ်လွှမ်းမိုးမှု မနည်းလှတဲ့ မလေးရှားနဲ့ စင်္ကာပူမှာကတမျိုး၊ မွတ်ဆလင်ကြီးစိုးတဲ့ အင်ဒိုနီးရှား၊ ဘရူနိုင်းတွေက တဘာသာရှိကြတယ်။မြန်မာလူမျိုးတွေက သင်္ကန်းရောင်ကို လူဆိုရင်ဘယ်သူမှ မဝတ်ကြပေမဲ့ အိန္ဒိယမှာ ယောက်ျားခေါင်းပေါင်းရော မိန်းမဆာရီတွေဟာ သင်္ကန်းရောင်အတိုင်းပါ။ မွတ်ဆလင်တွေက အစိမ်းရင့်ရောင်ကို ဘာသာရေးအတွက် ထားတယ်။ တရုပ်တွေက အနီ၊ အဝါနဲ့ ရွှေရောင်ကိုကြိုက်တယ်။အကြိုက်မတူတော့ ဖြစ်တာလဲမတူ၊ ကုစားရာမှာ အရောင်သုံးရတာလဲ မတူနိုင်ပါ။ ဒါပေမဲ့ သွေးဆိုတာ အောက်စီဂျင် ပြည့်ဝနေရင် အားလုံးဟာ Bright red နီရဲရဲချည်းသာ ဖြစ်ပါတယ်။
လေးဖက်နာရောဂါ အကြောင်းရောဂါတစ်ခုအကြောင်းကို တင်ပေးလိုက်ပါတယ်။ ဗဟုသုတ ရအောင်လို့ပါ။ပိုးလေးဖက်နာ (Rhematic fever) နဲ့ သွေးလေးဖက်နာ ( Rhematoid arthritis (RA) )ဆိုပြီး လေးဖက်နာရောဂါမှာ နှစ်မျိုးရှိပါတယ်။ပိုးလေးဖက်နာကို အရင်ပြောပြပါမယ်။ပိုးလေးဖက်နာရောဂါဆိုတာမှာ G.A Haemolytic Strepto cocci ခေါ် ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားတဲ့ ရောဂါဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူအရွယ်များ တွင် နှလုံးရောဂါ ဖြစ်စေနိုင်သည့်အဓိကအကြောင်းရင်းဟာ လေးဖက်နာရောဂါဖြစ်ပါတယ်။အဓိက ရောဂါsymptoms တွေကတော့၁။ အဆစ်အမြစ်ကိုက်ခဲရောင်ရမ်းခြင်း(Arthritis)၂။ နှလုံးရောင်ရမ်း ရင်ဘတ်အောင့်ခြင်း၊ ရင်တုန်ခြင်း(Carditis)၃။ အကြောဆွဲခြင်း (Chlorea)၄။ လက်၊ ညို့သကျည်းနှင့် ကျောရိုးတစ်လျှောက်အရေပြားအောက်တွင် အကျိတ်ငယ်ကလေးများထွက်ခြင်း။( Subcutaneous nodule)၅။ အရေပြားပေါ်တွင် အနီရောင်အကွက်ငယ်များထွက်ခြင်း ( Erythema marginatum)၆။ သွေးဖောက်စစ်လျှင် ESR တက်နေခြင်း။၇။ နှလုံးစက် (ECG) ဖြင့်စမ်းကြည့်လျှင် Prolog P.R interval ဖြစ်နေခြင်း။တို့ပဲဖြစ်ပါတယ်။လေးဖက်နာရောဂါသည် လည်ချောင်းနာခြင်း၊ အာသီးရောင်ရမ်းခြင်း တို့မှအစပြုတတ်သောကြောင့်လည်ချောင်းနာလာပါက နီးစပ်ရာ ဆေးခန်း၊ ဆေးရုံသို့ သွားပြသ၊ စစ်ဆေး ကုသမှုခံယူသင့်ပါတယ်။ဒါကတော့ ပိုးလေးဖက်နာအကြောင်းပါ။******************************************အခုကတော့ သွေးလေးဖက်နာ(Rhematoid Arthritis (RA) ) အကြောင်းကိုပြောပါမယ်။သွေးလေးဖက်နာရောဂါဟာ နာတာရှည်အဆစ်ရောဂါများထဲတွင်အဖြစ်များဆုံးရောဂါဖြစ်ပါတယ်။ဒီရောဂါဟာ အဆစ်များကို ပျက်စီးကာ ကောက်ကွေးပုံပျက်စေသည့်အပြင် နောက်နောင်လမ်းမလျှောက်နိုင်ဘဲ အိပ်ယာပေါ်လဲသည့်အထိဖြစ်စေနိုင်ပါတယ်။ရောဂါရှိကြောင်း ဘယ်လိုသိနိုင်မလဲ။၁။ နံနက်အိပ်ယာထ လက်ဆစ်များတစ်နာရီထက်ပိုပြီး တောင့်တင်းခြင်း။၂။ အဆစ်(၃)ခုနှင့် အထက်ရောင်ရမ်းနာကျင်ခြင်း။၃။ လက်ဆစ်များ ရောင်ရမ်းနာကျင်ခြင်း။၎။ ဘယ်ညာတစ်ပြိုင်နက် ဖြစ်ခြင်း။၅။ အရေပြားအောက်တွင် အကျိတ်အဖုလေးများ ထွက်ခြင်း။၆။ သွေးစစ်ကြည့်ရာတွင် ရောဂါဖြစ်စေသော ဓာတ်တစ်ခု (Rhematoid Factor) တွေ့ရခြင်း။၇။ ဓာတ်မှန်တွင် အရိုးစားနေကြောင်း တွေ့ရခြင်း။၈။ အနည်းဆုံး(၆)ပတ်ကြာ ဖြစ်ပွားရမည်။အထက်ပါအချက်များအနက် (၄)ချက်နှင့်အထက်ရှိပါက (RA) ရောဂါရှိနေတယ်လို့ ယူဆရပါတယ်။ရောဂါသက်သာပျောက်ကင်းမှုကို ဟန့်တားသော အချက်များ************************************၁။ အသက်ကြီးမှ ရောဂါစတင်ဖြစ်ခြင်း။၂။ အမျိုးသမီးဖြစ်ခြင်း။၃။ နာကျင်သော အဆစ် အရေအတွက်များခြင်း။၎။ အဆစ်နာကျင်ရောင်ရမ်းခြင်းကို ကုသထိန်းသိမ်းမှု အားနည်းခြင်း။သတိပြုဖို့အချက်ကတော့ * သွေးကြောင့်ဖြစ်သော လေးဖက်နာရောဂါ (RA) ဟာနာတာရှည်ရောဂါဖြစ်ပါတယ်။ဒီလောက်ဆို လေးဖက်နာရောဂါနဲ့ပတ်သက်ပြီး တော်တော်ဗဟုသုတရမယ်လို့ထင်ပါတယ်။( ဒေါက်တာချစ်စိုး (ဆေးပညာဌာန) ရဲ့ SSC ဆေးရုံမှ လက်ကမ်းစာစောင်မှေ၇းသားထားပါတယ်။)
Thursday, April 25, 2013
အတွေးစာစု
ဒီတစ်ပါတ်တော့ ဆရာမလွန်းထားထားရဲ့ အတွေးလေးကို ကျွန်တော်ကြိုက်မိနေပါတယ်
ဒါကတော့...
ဆူညံပေါက်ကွဲဖို့  သိပ်လွယ်ကူပေမယ့်..
မြိုသိပ်စောင့်စည်းထိန်းချုပ်တတ်ဖို့ ...
ဒါကတော့...
ဆူညံပေါက်ကွဲဖို့  သိပ်လွယ်ကူပေမယ့်..
မြိုသိပ်စောင့်စည်းထိန်းချုပ်တတ်ဖို့ ...
အသိဥာဏ်ပညာရှိရပါတယ်။
ပြစ်တင်ဝေဖန်ရှုံ့ ချဖို့  လွယ်ကူလွန်းပေမယ့်...
စနစ်တကျ ရင်ဆိုင်ဖြေရှင်းတတ်ဖို့ ..
သတိနဲ့ တာဝန်ယူဦးဆောင်မှုရှိရပါတယ်..
တောင်းဆိုရယူဖို့  လွယ်ကူလွန်းပေမယ့်...
ပေးဆပ်အနစ်နာခံဖို့ ရင့်ကျက်ထက်သန်တဲ့  မေတ္တာကရုဏာရှိရပါတယ်။
Credit to : လွန်းထားထား(ဆေးတက္ကသိုလ်)
မုန်လာဥနီသုပ်
မြန်မာစတိုင် မုန်လာဥနီသုပ် လေးပါ။ လုပ်ရတာလည်း လွယ်ပြီ အချိန်တို အတွင်းမှာပဲ လုပ်စားနိုင်ပါတယ်..
ပါဝင်ပစ္စည်းများ
- မုန်လာဥနီ – ၃၀၀ ဂရမ် (မုန်လာဥနီကြီးကို အသုံးပြုပါ)
- သံပရာသီး – စားပွဲတင်ဇွန်း ၁ဇွန်း
- ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
- သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
- ပျားရည် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
- ငရုတ်ကောင်းမှုန့် – အနည်းငယ်
- နှမ်း – စားပွဲတင်ဇွန်း ၂ဇွန်း
- ကြက်သွန်မြိတ် – စည်းဝက် (ပါးပါးလှီးပါ)
- ကြက်သွန်နီကြော် – ၄လုံးစာ (ပါးပါးလှီးပြီ ဆီဖြင့် ကြွပ်ရွအောင် ကြော်ပြီ ဇကာဖြင့် ပြန်ဆယ်ထားပါ)
သုပ်နည်း
၁။ အရင်ဆုံး မုန်လာဥနီများကို အခွံနွှာပြီ ခြစ်တံဖြင့် အရှည်ခြစ်ပေးပါ။
၂။ ပြီနောက် ဇောက်ပန်းကန်ထဲ (မုန်လာဥနီ၊ ဆား၊ ပျားရည်၊ သံပရာရည်၊ ဟင်းရွက်ဆီ၊ သံလွင်ဆီ၊ ကြက်သွန်နီကြော်၊ ကြက်သွန်မြိတ်၊ နှမ်း၊ ငရုတ်ကောင်းမှုန့် )တို့ကို ထည့်ပြီ သမအောင် ရောမွှေလိုက်ပါ။
၃။ ပြီလျှင် အပေါ်မှ နှမ်း၊ ကြက်သွန်နီကြော် အနည်းငယ် ဖြူးပြီ ဟင်းရံအဖြစ် အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…
ဝက်သားကင် နှင့် အာလူးထောင်း (Grilled Pork Chop with Mash Potato)
အနောက်တိုင်း ဟင်းလျာဖြစ်တဲ့ ၀က်သားကင် နဲ့ အာလူးထောင်း လေးပါ။ Pork Chop ဆိုတဲ့အတိုင်း ၀က်ရဲ့ အသားပိုင်းကို ကင်ထားတာပါ။ တချို့ကလည်း နံရိုးနဲ့ အသားနဲ့ တွဲကင်တာမျိုးလည်း ရှိပါတယ်။ ၀တ်ရည်ကတော့ ၀က်သား အသားချည်းပဲ သီးသန့်ကင်ထားတာပါ။ ၀က်သားကင် အရသာက ချိုစိမ့်နဲ့ စားလို့ အရမ်းကောင်း ပါတယ်။ အာလူးထောင်းကိုလည်း နို့နဲ့ပြန်ရောချက်ထားတာမို့ အီစိမ့်စိမ့်လည်း ထောပတ်အနံ့လေး သင်းနေမှာပါ။ လုပ်ရတာလည်း လွယ်တာမို့ ခုပဲ လုပ်စားကြည့်ရအောင်…
ဝက်သားကင်ရန် ပါဝင်ပစ္စည်းများ
- ၀က်သား – အတုံးကြီး ၂တုံး (အရိုးမပါ)
- သကြား (အညှိ) – စားပွဲတင်ဇွန်း ၄ဇွန်း
- ပန်းသီး ဖျော်ရည် – ခွက်တ၀က်
- ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
- ဂျင်း – လက်ဖက်ရည်ဇွန်း တ၀က် (နှုတ်နှုတ်စဉ်းထားပါ)
- ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
- ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
- ရေ – ခွက်တ၀က်
- ကော်မှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း (ရေဖြင့် ဖျော်ထားပေးပါ)
- RoseMary – အနည်းငယ် (အနောက်တိုင်းဟင်းခတ် အမွှေးအကြိုင်)
ဝက်သားကင်နည်း
၁။ အရင်ဆုံး ၀က်သားကို (ဆား၊ ငရုတ်ကောင်းမှုန့်) အနည်းငယ်ဖြင့် သမအောင် နုယ်ထားပေးပါ။
၂။ ထို့နောက် ဆော့ရည် ချက်ပါမည်။
၃။ ဆော့ရည်ချက်ရန် ဒယ်ထဲသို့ (သကြား၊ ပန်းသီး ဖျော်ရည်၊ ပဲငံပြာရည်၊ ဂျင်း၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ဟင်းရွက်ဆီ၊ ရေ) အားလုံးကို ထည့်လိုက်ပြီ သကြားပျော်သည်အထိ မီးအသင့်တင့်ဖြင့် တည်ထားပေးပါ။
၃။ ပြီမှ ဖျော်ထားသော ကော်ရည်ကို လောင်းထည့်လိုက်ပြီ ဆော့ရည် ခပ်ပျစ်ပျစ်အနေထားတွင် မီးပိတ်လိုက်ပါ။
၎။ ၀က်သားမကင်ရန် မီးကင်ပြားကို ဆီသုတ်ထားပေးပြီ မီးသွေး (သို့) ဂက်စ် ဖြစ် ကင်ပေးပါ။
၅။ မီးကင်ပြားပူလာလျှင် ၀က်သားကို ဆော့ရည်များ သုတ်ပေးပြီ တဖက်ကို ၁၅မိနစ်နှုန်းဖြင့် နာရီဝက်ခန့် ၀က်သားကျက်သည်အထိ ကင်ပေးပါ။
၆။ ၀က်သားကင်ရပြီဆိုလျှင် ကျန်ဆော့ရည်များကို အပေါ်မှ လောင်းချလိုက်ပြီ အာလူးထောင်း၊ ဟင်းရွက်သုတ်နှင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…
အာလူးထောင်းပြုလုပ်နည်း
- အာလူး – ၅လုံး
- ထောပတ် – စားပွဲတင်ဇွန်း ၂ဇွန်း
- ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းထားပါ)
- နွားနို့ – ၁ခွက်
- ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
၂။ အာလူးရပြီဆိုလျှင် ခေတ္တအအေးခံပြီ အခွံနွှာကာ ငရုတ်ဆုံဖြင့် အာလူးများကို ညက်အောင် ထောင်းပေးပါ။
၃။ ထို့နောက် ဒယ်ထဲ ထောပတ်ထည့်ပြီ ကြက်သွန်ဖြူ ဆီသပ်ပေးပါ။
၎။ ပြီမှ နွားနို့ထည့်ပြီ မီးနည်းနည်းဖြင့် ၁မိနစ်ခန့် တည်ထားပါ။
၅။ ပြီနောက် အာလူးထောင်းများကို ထည့်ပြီ သမအောင် ရောမွှေလိုက်ပါ။
၆။ အရသာအတွက် ဆား၊ ငရုတ်ကောင်းမှုန့်များ ဖြူးပေးပြီ ထောပတ်ရနံ့သင်းသော အာလူးထောင်းရပါပြီ…
ဟင်းရွက်စုံပြုလုပ်နည်း
- မုန်လာဥနီ – ၁ခု( အရှည်လှီးပေးပါ)
- ပန်းကော်ဖီ – တစိတ် (အတုံးသေးများ တုံးပါ)
- ဘိုစားပဲ – ၅ခု (အရှည်အစောင်းလှီးပါ)
၂။ ပြီမျှ ဇကာဖြင့် ပြန်ဆယ်ပြီ ရေအေးစိမ်၍ ရေစစ်ထားပေးပါ။
၃။ ထို့နောက် မုန်လာဥနီ၊ ပန်းကော်ဖီ၊ ဘိုစားပဲ များကို (ဆား၊ ငရုတ်ကောင်းမှုန့်) အနည်းငယ်ဖြင့် သမအောင် ရောနုယ်ပေးပါ။
Tuesday, April 23, 2013
ဒီလိုလူကို မြင်လား?
အများကို အနှောက်အယှက်ပေးတဲ့ အပြုအမူ မလုပ်မိစေဖို့ ဘူတာမှာ manner ပိုစတာတွေ ကပ်ထားတတ်တယ်။ အဲဒီထဲကမှ တိုကျိုမက်ထရိုရဲ့ ဒီနှစ်ထုတ် manner poster series ကို အတော် သဘောကျမိတယ်။ တိုကျိုမက်ထရိုက ၁၉၇၄ခုနှစ် ၉လပိုင်းကစပြီး လစဉ် manner ပိုစတာ အသစ်ကပ်လေ့ရှိပါတယ်။ နှစ်တိုင်း ခေါင်းစဉ်တခုထားပြီး အဲဒီခေါင်းစဉ်နဲ့ အကိုက်ပုံတွေကို လစဉ် အသစ်ကပ်ပါတယ်။
၂၀၀၅ခုနှစ်အထိထဲမတော့ "ကမ္ဘာ့အပျော်ဆုံး မက်ထရိုဆီသို့" "ပိုပြီး ပြုံးပန်းဝေတဲ့ မက်ထရိုဆီသို့" (世界でいちばん、ハッピーなメトロへ。もっと、スマイルメトロへ。)
၂၀၀၆ခုနှစ်မှာတော့ "ပျော်ရွှင်ဖွယ် အပြုအမူ အားလုံးလဲ စိတ်ချမ်းသာ ကိုယ်တိုင်လဲ စိတ်ချမ်းသာ" (Happy Manner~みんながキモチいい。あなたもキモチいい。)
၂၀၀၇ခုနှစ်မှာ "သက်ကြီးအပြုအမူ သက်ငယ်အတုခိုး" (おとながお手本です。)
၂၀၀၈ / ၂၀၀၉ခုနှစ်မှာ " ~~မှာ ပြုလုပ်ကြစို့" (○○でやろう。)
၂၀၁၀မှာတော့ "ထပ်ပြီး ပြုလုပ်ကြစို့" (またやろう。)
ဒီနှစ် ၂၀၁၁ကျ "ဒီလိုလူကို မြင်လား?!" (こんな人を見た。) ဆိုတဲ့ ခေါင်းစဉ်ပါ။ အရင်နှစ်တွေနဲ့မတူ တိရစ္ဆာန်ပုံလေးတွေနဲ့ဆိုတော့ သဘောကျမိတာမို့ လစဉ်အလိုက်ပုံလေးတွေ တင်လိုက်ပါတယ်။
၂၀၁၁-ခုနှစ် ၁၀-လ
ဈာန်ဝင်ပြီး အလှပြင်၊ မှန်ကြည့်တာထက် ပတ်ဝန်းကျင်ကို ကြည့်တတ်ပါ
၂၀၁၁-ခုနှစ် ၉-လ
သူများကိုမှီပြီး တခေါခေါ၊ အိပ်ပျော်သူ့မျက်နှာဘေးက အခက်တွေ့နေသူမျက်နှာ
၂၀၁၁-ခုနှစ် ၈-လ
သင့်နားကြပ်ကအသံတွေ ဘေးလျှံထွက်နေပါသလား?
၂၀၁၁-ခုနှစ် ၇-လ
ကြားဖြတ်မဝင်ပါနဲ့၊ စည်းစနစ်တကျ တန်းစီပါ
၂၀၁၁-ခုနှစ် ၆-လ
ထီးကရေစက် သူများတွေဆီ စင်ကုန်ပြီလား?
၂၀၁၁-ခုနှစ် ၅-လ
မလောပါနဲ့ မပြေးပါနဲ့၊ အေးအေးဆေးဆေး ပြုလုပ်ပါ
၂၀၁၁-ခုနှစ် ၄-လ
ကပ်ထိုင်ပေးပါ တထိုင်စာလောက် ရပါစေ။ ကူညီပါနော်
ဈာန်ဝင်ပြီး အလှပြင်၊ မှန်ကြည့်တာထက် ပတ်ဝန်းကျင်ကို ကြည့်တတ်ပါ
၂၀၁၁-ခုနှစ် ၉-လ
သူများကိုမှီပြီး တခေါခေါ၊ အိပ်ပျော်သူ့မျက်နှာဘေးက အခက်တွေ့နေသူမျက်နှာ
၂၀၁၁-ခုနှစ် ၈-လ
သင့်နားကြပ်ကအသံတွေ ဘေးလျှံထွက်နေပါသလား?
၂၀၁၁-ခုနှစ် ၇-လ
ကြားဖြတ်မဝင်ပါနဲ့၊ စည်းစနစ်တကျ တန်းစီပါ
၂၀၁၁-ခုနှစ် ၆-လ
ထီးကရေစက် သူများတွေဆီ စင်ကုန်ပြီလား?
၂၀၁၁-ခုနှစ် ၅-လ
မလောပါနဲ့ မပြေးပါနဲ့၊ အေးအေးဆေးဆေး ပြုလုပ်ပါ
၂၀၁၁-ခုနှစ် ၄-လ
ကပ်ထိုင်ပေးပါ တထိုင်စာလောက် ရပါစေ။ ကူညီပါနော်
ကိုးကား
http://www.tokyometro.jp
http://scope.metrocf.or.jp/gallery/mp_gallery2011.html
မသိခြင်းငါးပါးနဲ့ အသက်ရှင်နေရတဲ့ဘ၀ (အရှင်ဆန္ဒာဓိက-ရွှေပါရမီတောရ)
…သတ္တ၀ါတွေဟာ ဘယ်အသက်အရွယ်ထိပဲ နေရတယ်၊ ဘယ်အသက်အရွယ်ရောက်လို့ရှိရင် အားလုံးသေကြရတယ်လို့ သတ်မှတ်ချက် မရှိပါဘူး။ အမိဝမ်းအတွင်းမှာလည်း ကလလရေကြည် အခိုက်မှာပဲ ဖြစ်ဖြစ်၊ ရေမြှုပ်ဖြစ်နေတဲ့အခိုက်မှာပဲဖြစ်ဖြစ်၊ အသားတစ်ဖြစ်နေတဲ့အခိုက်မှာပဲဖြစ်ဖြစ်၊ စသည်အားဖြင့် အမိဝမ်းအတွင်းမှာလည်း အချိန်အမျိုးမျိုးမှာ သေဆုံးသွားနိုင်တာပဲ။
…အမိဝမ်းက ထွက်လာပြန်တော့လည်း တစ်နာရီ၊ နှစ်နာရီစတဲ့ နာရီပိုင်းအတွင်း၊ တစ်ရက်၊ နှစ်ရက် စတဲ့ ရက်ပိုင်းအတွင်း၊ တစ်ပတ်၊ နှစ်ပတ်စတဲ့ အပတ်ပိုင်းအတွင်း၊ တစ်နှစ်၊ နှစ်နှစ်စတဲ့ နှစ်ပိုင်းအတွင်း စသည်အားဖြင့် ဘယ်အသက်အရွယ်မှာမဆို သေဆုံးသွားနိုင်တာပဲ။
…ဘယ်အသက်အရွယ်မှာမဆို သေဆုံးသွားနိုင်တဲ့အတွက်ကြောင့် လူသားအပါအ၀င် သတ္တ၀ါတွေဟာ ကိုယ့်ကိုယ်ကို ဘယ်အသက်အရွယ်မှာ သေရမယ်ဆိုတာကိုလည်း ကြိုတင်ပြီးတော့ မသိနိုင်ကြဘူး။
(၂) ဗျာဓိ - ဘယ်အနာရောဂါနဲ့ သေဆုံးရမယ်ဆိုတာကိုလည်း မသိနိုင်ဘူး။
…သတ္တ၀ါတွေဟာ ဘယ်အနာရောဂါနဲ့ပဲ သေဆုံးကြတယ်ဆိုတဲ့ အတိအကျ သတ်မှတ်ချက် မရှိဘူး။ မျက်စိနဲ့ပတ်သက်တဲ့ အနာရောဂါနဲ့လည်း သေနိုင်သလို၊ နားနဲ့ပတ်သက်တဲ့ အနာရောဂါ၊ နှာခေါင်းနဲ့ ပတ်သက်တဲ့ အနာရောဂါ၊ လျှာနဲ့ပတ်သက်တဲ့ အနာရောဂါ၊ ကိုယ်နဲ့ပတ်သက်တဲ့ အနာရောဂါ၊ စိတ်နဲ့ ပတ်သက်တဲ့ အနာရောဂါ စသည်အားဖြင့် ဘယ်အနာရောဂါမျိုးနဲ့မဆို သေဆုံးသွားနိုင်တယ်။
…အနာရောဂါ တစ်ခုတည်းသာမကဘဲ တစ်ခုထက်များတဲ့ အနာရောဂါတွေနဲ့လည်း သေဆုံးသွားနိုင် တာပဲ။ တစ်ယောက်နဲ့တစ်ယောက် သေဆုံးရမယ့် အနာရောဂါတွေကလည်း မတူကြဘူး။ ဘယ်အနာ ရောဂါမျိုးနဲ့မဆို သေဆုံးသွားနိုင်တဲ့အတွက် လူသားအပါအ၀င် သတ္တ၀ါတွေဟာ ကိုယ့်ကိုယ်ကို ဘယ်အနာရောဂါနဲ့ သေဆုံးရမယ်၊ မိမိသေလွန်တဲ့အချိန်မှာ ဘယ်အနာရောဂါဖြစ်မယ်ဆိုတာကိုလည်း ကြိုတင်ပြီးတော့ မသိနိုင်ကြဘူး။
(၃) ကာလ - သေရမယ့် အချိန်ကိုလည်း မသိနိုင်ဘူး။
…သတ္တ၀ါတွေဟာ မနက်ပိုင်းအချိန်မှာပဲ သေကြတယ်၊ ကျန်တဲ့အချိန်တွေမှာ မသေကြဘူးလို့ ဒီလိုသတ်မှတ်ချက် မရှိပါဘူး။
…မနက်ပိုင်းအချိန်မှာလည်း သေနိုင်သလို နေ့လယ်ပိုင်းအချိန်မှာလည်း သေနိုင်တယ်၊ ညနေပိုင်း အချိန်မှာလည်း သေနိုင်တယ်၊ ညပိုင်းအချိန်မှာလည်း သေနိုင်တယ်။ ထမင်းစားရင်းလည်း သေနိုင် သလို ရေသောက်ရင်းလည်း သေသွားနိုင်တယ်။ ဘုရားရှစ်ခိုးရင်းနဲ့လည်း သေဆုံးသွားနိုင်သလို သတင်းစာဖတ်ရင်း တန်းလန်းနဲ့လည်း သေချင် သေသွားနိုင်တာပါပဲ။
…ဘယ်အချိန်မှာမဆို သေဆုံးသွားနိုင်တဲ့အတွက်ကြောင့် လူသားအပါအ၀င် သတ္တ၀ါတွေဟာ ကိုယ့်ကိုယ်ကို ဘယ်အချိန်မှာ သေဆုံးရမယ်ဆိုတာ ကြိုတင်ပြီး မသိနိုင်ကြပါဘူး။
(၄) ဒေဟနိက္ခေပန - သေပြီးတဲ့နောက် မိမိရဲ့အလောင်းကောင်ကို ဘယ်နေရာမှာ ပစ်ချခံရမလဲ ဆိုတာကိုလည်း မသိနိုင်ဘူး။
…သတ္တ၀ါတွေဟာ သေဆုံးသွားတဲ့အခါမှာ နေရာတစ်နေရာတည်းမှာပဲ အလောင်းကောင်ပစ်ချခံ ရတယ်လို့ အတိအကျ သတ်မှတ်ချက် မရှိဘူး။ ရေထဲမှာ မွေးတဲ့ပုဂ္ဂိုလ်က ကုန်းပေါ်မှာ အလောင်း ပစ်ချခံချင်ခံရမယ်။ ကုန်းပေါ်မှာ မွေးတဲ့ပုဂ္ဂိုလ်က ရေထဲမှာ အလောင်းပစ်ချခံချင်ခံရမယ်။ ရွာမှာ မွေးတဲ့ပုဂ္ဂိုလ်က မြို့မှာ အလောင်းပစ်ချခံချင်ခံရမယ်၊ မြို့မှာမွေးတဲ့ပုဂ္ဂိုလ်က တောမှာ အလောင်း ပစ်ချခံချင်ခံရမယ်၊ စသည်အားဖြင့် ဘယ်နေရာမှာမဆို မိမိရဲ့ အလောင်းကောင်က ပစ်ချခံရနိုင်တယ်။
…အရင်တုန်းကဆို ရန်ကုန်မှာနေတဲ့ ပုဂ္ဂိုလ်တွေက ငါသေရင် ငါ့အလောင်းကို ကြံတောသုသာန်မှာ ပစ်ချခံရမှာ သေချာတယ်လို့ အတပ်ပြောချင်ပြောကြလိမ့်မယ်။ အခုတော့ ကြံတောသုသာန်လည်း မရှိတော့တဲ့အတွက် အဲဒီပုဂ္ဂိုလ်တွေရဲ့ တွေးဆပြောဆိုချက်ဟာ ဘယ်နည်းနဲ့မှ မမှန်နိုင်တော့ဘူးနော်။
…ဘယ်နေရာမှာမဆို၊ ဘယ်သုသာန်မှာမဆို အလောင်းကောင်ကို ပစ်ချခံရနိုင်တဲ့အတွက်ကြောင့် လူအပါအ၀င် သတ္တ၀ါတွေဟာ ကိုယ့်ကိုယ်ကို ငါသေရင် ငါ့အလောင်းကောင်ကို ဘယ်နေရာမှာ ပစ်ချ ခံရမယ်၊ စွန့်ပစ်ခံရမယ်ဆိုတာကိုလည်း ကြိုတင်ပြီး မသိနိုင်ကြပါဘူး။
(၅) ဂတိ - သေလွန်ပြီးတဲ့နောက် ဘယ်ဘ၀ကို လားရောက်ရမယ်၊ ဘယ်ဂတိကို သွားရမယ်ဆိုတာ ကိုလည်း ကြိုပြီးတော့ မသိနိုင်ဘူး။
…သတ္တ၀ါတွေဟာ သေဆုံးပြီးသွားရင် ဘယ်ဂတိတစ်ခုကိုပဲ သွားရတယ်လို့ အတိအကျ ပုံသေ ကန့်သတ်ချက် မရှိပါဘူး။ ဥပမာဆိုပါတော့- လူတွေ သေသွားလို့ရှိရင် လူပဲ ပြန်ဖြစ်တယ်လို့ ဒီလို အတိအကျ ကန့်သတ်ချက် မရှိပါဘူး။ လူသေလို့ရှိရင် လူလည်း ပြန်ဖြစ်နိုင်သလို နတ်လည်း ဖြစ်နိုင်တယ်။ ငရဲလည်း ကျသွားနိုင်တယ်။ တိရစ္ဆာန်လည်း ဖြစ်နိုင်တယ်၊ ပြိတ္တာလည်း ဖြစ်နိုင်တယ်။ ဂတိငါးမျိုးမှာ တစ်မျိုးမျိုး ဖြစ်နိုင်တယ်။
…နတ်တွေ သေသွားလို့ရှိရင် နတ်ပဲပြန်ဖြစ်တယ်လို့ ဒီလို အတိအကျ ကန့်သတ်ချက်လည်း မရှိဘူး။ နတ်တွေ သေလွန်ပြီးတော့ နတ်ပြန်ဖြစ်တဲ့သူလည်း ရှိမယ်၊ လူဖြစ်တဲ့သူလည်း ရှိမယ်၊ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ ဖြစ်တဲ့သူလည်း ရှိမယ် စသည်အားဖြင့်ပေါ့။ ဂတိငါးမျိုးမှာ တစ်မျိုးမျိုး ဖြစ်နိုင်တယ်။ အသူရကာယ်ကို ပြိတ္တာမှာ သွင်း၊ ဗြဟ္မာကို နတ်မှာ သွင်းပြီး ဂတိငါးမျိုး (လားရာဘ၀ငါးမျိုး) ရှိပါတယ်။
…ရဟန္တာမှအပ သတ္တ၀ါတွေ သေဆုံးပြီးတဲ့အခါမှာ (၁) ငရဲ (၂) တိရစ္ဆာန် (၃) ပြိတ္တာ (၄) လူ (၅) နတ် လို့ခေါ်တဲ့ ဂတိငါးပါးမှာ တစ်ပါးပါးသို့ လားရောက်ရမှာဖြစ်တဲ့အတွက်ကြောင့် လူအပါအ၀င် သတ္တ၀ါ တွေဟာ သေဆုံးသွားတဲ့အခါမှာ ကိုယ့်ကိုယ်ကို ဘယ်ဘ၀၊ ဘယ်ဂတိကို လားရောက်ရမယ်ဆိုတာ ကိုလည်း ကြိုတင်ပြီးတော့ မသိနိုင်ကြပါဘူး။ လူသားအားလုံး၊ လူသားအပါအ၀င် သက်ရှိသတ္တ၀ါအားလုံးဟာ မသိခြင်းငါးပါးနဲ့ အသက်ရှင်နေကြ ရတဲ့ သနားစရာ သတ္တ၀ါတွေ ဖြစ်ပါတယ်။
(၁) ဘယ်အသက်အရွယ်မှာ သေမလဲ။
(၂) ဘယ်အနာရောဂါနဲ့ သေမလဲ။
(၃) ဘယ်အချိန်မှာ သေမလဲ။
(၄) အသေကောင်ကို ဘယ်သုသာန်မှာ စွန့်ပစ်ခံရမလဲ။
(၅) သေပြီးရင် ဘယ်ဘ၀ရောက်မလဲ။
…ဒီငါးပါးကို လူသားတွေ၊ လူသားအပါအ၀င် သတ္တ၀ါတွေ မသိနိုင်ကြပါဘူး။ ဒီမသိခြင်းငါးပါးက လူသားအားလုံး၊ သက်ရှိသတ္တ၀ါ အားလုံးကို လွှမ်းမိုးနှိပ်စက်နေပါတယ်။ လူသားအားလုံးဆိုတာက ယေဘုယျအနေနဲ့ အများစုကို ခြုံငုံပြောတာပါ။ အနည်းစုအနေနဲ့ တရားတန်ခိုးရှိသူ၊ တရားစွမ်းအား ကြီးမားသူ သူတော်ကောင်းပုဂ္ဂိုလ် တချို့ကတော့ သိနိုင်ကြပါတယ်။
…အထူးသဖြင့် အာနာပါနကမ္မဋ္ဌာန်းကို အောင်မြင်ပေါက်မြောက်အောင် အားထုတ်ထားတဲ့ ပုဂ္ဂိုလ်များဟာ မိမိသေရမယ့်အချိန်ကို ကြိုတင်ပြီးတော့ အတိအကျ သိနိုင်ကြပါတယ်။ အချိန်ကို သိသလို ကျန်တဲ့ အချက်လေးချက်ကိုလည်း ကျွဲကူးရေပါ သိနိုင်ကြပါတယ်။
…အနည်းဆုံး သောတာပန်ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်များဟာ “ငါသေလွန်ပြီးရင် အပါယ်လေးပါး မလားရောက် ရတော့ဘူး။ လူ၊ နတ်၊ ဗြဟ္မာ ကောင်းရာသုဂတိကိုသာ လားရောက်ရတော့မယ်” လို့ သေချာပေါက် ပြောနိုင်ကြပါတယ်။ ဒါပေမယ့် ကောင်းရာသုဂတိဘုံတွေက အများကြီးရှိတာမို့ ဘယ်ဘုံကို ရောက်ရမယ်ဆိုတာကိုတော့ အတိအကျ သိဖို့ မလွယ်ပါဘူး။
…ဒါကြောင့် ဘာပဲဖြစ်ဖြစ်၊ မပြောပလောက်တဲ့ ပုဂ္ဂိုလ်အနည်းစုကသာ သိနိုင်ကြ၊ သိပြန်တော့လည်း တစ်စိတ်တစ်ဒေသလောက်သာ သိနိုင်ကြတာမို့ တစ်စိတ်တစ်ဒေသလောက်သာ သိနိုင်ကြတဲ့ ပုဂ္ဂိုလ်အနည်းစုကို စကားထဲ ထည့်ပြောမနေတော့ဘဲ ချွင်းချက်အနေနဲ့ ချန်လှပ်ထားခဲ့ပြီး…..
…လူသားအားလုံး၊ သက်ရှိသတ္တ၀ါအားလုံး မသိခြင်းငါးပါးနဲ့ အသက်ရှင်နေကြရတယ်လို့ ဆိုလိုက်ရင် စကားကတ်ချင်သူများ စောဒကတက်နေဖို့ လိုမယ်မထင်တော့ပါဘူး။
…ကိုယ့်ကိုယ်ကို သိလှပြီ၊ တတ်လှပြီလို့ အထင်ရောက်၊ ဘ၀မောက်နေကြတဲ့ ပုဂ္ဂိုလ်များ ကိုယ့်ဘ၀ကိုယ် မသိခြင်းငါးပါးနဲ့ အသက်ရှင်နေရတဲ့ ဘ၀လို့ နားလည်သဘောပေါက်ခဲ့မယ်ဆိုရင် အခြောက်တိုက် မာန်မာနတက်နေစရာ မလိုတော့ဘူး ထင်ပါတယ်။
…မသိခြင်းငါးပါးကိုသာ လူသားအားလုံး သတိရကြမယ်ဆိုရင် ဒီကမ္ဘာလောကကြီးထဲမှာ တစ်ကိုယ်ကောင်းဆန်မှုတွေ၊ ကိလေသာသောင်းကျန်းမှုတွေ နည်းပါးသွားမှာ သေချာပါတယ်။
ဇီဝိတံ ဗျာတိ ကာလော စ၊
ဒေဟနိက္ခေပနံ ဂတိ။ပဉ္စေတေ ဇီဝလောကသ္မိံ ၊
အနိမိတ္တာ န နာယရေ။
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
ကျောင်းဆရာဘဝ၊ ကျောင်းဆရာ ပညာရေး
ကျောင်းဆရာဆိုတာ
ကျောင်းသားတွေရဲ့ ပညာရေးအတွက် သင်ပြပေးနေရတာပါ။ ကျောင်းဆရာဟု ဆိုရာ၌
အချို့နေရာများတွင် ကျောင်းဆရာမများကိုပါ တပါတည်း ဆိုလိုပါသည်။
“ကလေးတွေရဲ့
ပညာရေးအတွက်ပဲ ဘာတွေ ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောနေစရာလိုသေးလဲ” ဟု
မေးစရာရှိပါသည်။ ဤမေးခွန်း၏ အဓိပ္ပါယ်မှာ ဆရာဖြစ်လက်မှတ်
ရထားပြီးသားပုဂ္ဂိုလ်တွေပဲ၊ သူတို့အတွက် နောက်ထပ် ပညာဆည်းပူးဖို့
လိုသေးလားဟူ၍ ဖြစ်ပါသည်။
ဤနေရာ၌
လုပ်ခွင်ထဲမှနေ၍ ဆရာအတတ်သင် သင်တန်းတက်ခြင်း၊ မွမ်းမံသင်တန်းတက်ခြင်း၊
ဘွဲ့မရသေးသူများ ဘွဲ့အတွက် ကျောင်းဆက်တက်ခြင်း၊
ဘွဲ့လွန်သင်တန်းတက်ခြင်းတို့ကို ဆွေးနွေးမည် မဟုတ်ပါ။ ဘွဲ့မရသေးသူဖြစ်စေ၊
ဘွဲ့ရပြီးသူဖြစ်စေ၊ သင်တန်းမတက်ရသေးသူဖြစ်စေ၊ သင်တန်းတက်ပြီးသူဖြစ်စေ၊
ကျောင်း ဆရာ၊ ဆရာမတို့အ တွက် ပညာရေးသည် ဆုံးခန်းတိုင်ခြင်းမရှိဘဲ၊
ဆက်လက်ဆည်းပူး လေ့လာရန်လိုကြောင်း ဆွေးနွေးရန် ရည်ရွယ် ခြင်းဖြစ်ပါသည်။
ကျနော်တို့ တိုင်းပြည်မှာ စစ်အာဏာရှင်စနစ် ခြေချပြီး၊ “ပြည်သူပိုင်”ဆိုင်းဘုတ်အောက်မှာ အများပြည်သူပိုင် စီးပွားရေးလုပ်ငန်း ကြီးကြီးငယ်ငယ် မှန်သမျှကို အဓမ္မသိမ်းယူခြင်း၊ စက္ကူပိုက်ဆံများ ပလူပျံအောင်ထုတ်ဝေခြင်း မပြုမီ ကာလအထိ၊ မူလတန်းပြဆရာမှအစ အေးအေးချမ်းချမ်း ရိုးရိုးသားသားနေထိုင်တတ်သူ ကျောင်းဆရာ အားလုံးအဖို့ စားဝတ်နေရေးဒုက္ခ ကြီးကြီးကျယ်ကျယ် ရှိခဲ့ပုံမရပါ။
ကျနော်တို့ တိုင်းပြည်မှာ စစ်အာဏာရှင်စနစ် ခြေချပြီး၊ “ပြည်သူပိုင်”ဆိုင်းဘုတ်အောက်မှာ အများပြည်သူပိုင် စီးပွားရေးလုပ်ငန်း ကြီးကြီးငယ်ငယ် မှန်သမျှကို အဓမ္မသိမ်းယူခြင်း၊ စက္ကူပိုက်ဆံများ ပလူပျံအောင်ထုတ်ဝေခြင်း မပြုမီ ကာလအထိ၊ မူလတန်းပြဆရာမှအစ အေးအေးချမ်းချမ်း ရိုးရိုးသားသားနေထိုင်တတ်သူ ကျောင်းဆရာ အားလုံးအဖို့ စားဝတ်နေရေးဒုက္ခ ကြီးကြီးကျယ်ကျယ် ရှိခဲ့ပုံမရပါ။
ကျနော်တို့ကို
သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများ၏ ထိုစဉ်က လူနေမှုအဆင့်အတန်းကို
ပြန်ပြောင်းစဉ်းစာကြည့်ပြီး ပြောခြင်းဖြစ်ပါသည်။ သို့ဖြစ်ရာ ကျောင်းဆရာ၏
လူမှုရေးအဆင့်အတန်းသည်လည်း ရုပ်ပျက်ဆင်းပျက် ဖြစ်လောက်အောင်
နိမ့်ကျခြင်းမရှိခဲ့ချေ။ သို့ရာတွင် မဆလ ခေတ်မှစ၍ ကြည့်ရင်းကြည့်ရင်းမှာပင်
ကျောင်းဆရာ၏ လူနေမှုအဆင့်အတန်း သိသိသာသာကြီး နိမ့်ကျလာခဲ့သည်ကို
တွေ့ရပါသည်။
ကျောင်းဆရာ၏ လူနေမှုအဆင့်အတန်း နိမ့်ကျပုံကို သရုပ်ဖေါ်ထားသော ဝတ္တုတိုတပုဒ်ကို ကျနော် ဖတ်ဖူးပါ သည်။ ဝတ္တုတိုမှာ စာရေးဆရာ ဥက္ကလာခင်စော၏ “အသက် လေးဆယ်ကျော် အင်္ကျီကော်လာပြဲ” ဟူ၍ ဖြစ်ပါသည်။
ကျောင်းဆရာ၏ လူနေမှုအဆင့်အတန်း နိမ့်ကျပုံကို သရုပ်ဖေါ်ထားသော ဝတ္တုတိုတပုဒ်ကို ကျနော် ဖတ်ဖူးပါ သည်။ ဝတ္တုတိုမှာ စာရေးဆရာ ဥက္ကလာခင်စော၏ “အသက် လေးဆယ်ကျော် အင်္ကျီကော်လာပြဲ” ဟူ၍ ဖြစ်ပါသည်။
စာသင်ခြင်းမှလွဲ၍
ဘာအလုပ်မျှ မလုပ်တတ်၊ အခြားဝင်ငွေမရှာတတ်၊ ဆရာကတော်ကပင်လျှင်
အထင်မကြီးတော့။ ဆရာကတော်က “အသက် လေးဆယ်ကျော် အင်္ကျီကော်လာပြဲ” ဟု
သရော်လှောင်ပြောင်သည်။ သားနှင့် သမီးသည်ပင် အထက်တန်းစာမေးပွဲအောင်ပြီးကြရာ၊
နှစ်ယောက်စလုံးကလည်း ကျောင်းဆရာ လုပ်လိုသည်ဟု ဆိုကြသည်။ အဖေဖြစ်သူ ဆရာက
ဆရာတွေလုပ်ကြဦးမယ့် သားနှင့် သမီး၏ ဘဝရှေ့ရေး အတွက် ရင်လေးနေမိသည်ဟု ဝတ္ထုက
အဆုံးသတ်ထားသည်။
ကျောင်းဆရာ၏
ခြောက်သွေ့ပြီး၊ ငြီးငွေ့ဖွယ်ကောင်းလှသော ဘဝကို ထင်ဟပ်ပြထားခြင်း
ဖြစ်ပါသည်။ ကျနော် ဤဝတ္တုကို ဖတ်ရချိန်၌ ကျောင်းချိန်အပမှာ
ဘေးပန်းဝင်ငွေရရှိရေးအတွက် အပြေးအလွှား၊ တဖားဖား အလုပ်လုပ်နေရသော
ကျောင်းဆရာအချို့ကို မြင်တွေ့နေရပါသည်။ အများအားဖြင့် တရားမဝင်
ကျူရှင်ပြခြင်း ဖြစ်သည်။ ယနေ့ခေတ်မှာလို ကိုယ့်တပည့်များကို
အနိုင်ကျင့်ငွေတောင်းခြင်း၊ တပည့်များထံမှ တံစိုးလက်ဆောင်ယူခြင်းတို့
ကိုတော့ မတွေ့ရသေးပါ။
ကျောင်းဆရာဘဝ၏ နုံချာပုံနှင့်ပတ်သက်၍ ဆရာမောင်စွမ်းရည်၏ ကဗျာတပုဒ်ကို ကျနော် မှတ်မိပါသေးသည်။
ကျောင်းသားမှအပ
ဘာမဆို ရိုကျိုးနေကျ။
ကျောင်းဆရာဘဝ၏ နုံချာပုံနှင့်ပတ်သက်၍ ဆရာမောင်စွမ်းရည်၏ ကဗျာတပုဒ်ကို ကျနော် မှတ်မိပါသေးသည်။
ကျောင်းသားမှအပ
ဘာမဆို ရိုကျိုးနေကျ။
ဒေါင် ဆိုရင်ဝင်၊ စာကိုသင်
ဒေါင်ဆိုရင် အပြင်၊ ရပ်လော့ စာအသင်။
ဂုတ်ဖွာတိုက်ပုံ၊ လုံချည်အစိမ်း
အင်္ကျီအဖြူ
သြော်- ချွေးတွေထွက်တဲ့ စက်ရုပ်လူ။
ဒေါင်ဆိုရင် အပြင်၊ ရပ်လော့ စာအသင်။
ဂုတ်ဖွာတိုက်ပုံ၊ လုံချည်အစိမ်း
အင်္ကျီအဖြူ
သြော်- ချွေးတွေထွက်တဲ့ စက်ရုပ်လူ။
သူ့သံပတ်မှာ မရှည်လာလည်း
ခရီးတာမှာ ရှည်ရှည်လာခဲ့
ခုခါ လေးငါး ခြောက်ဆ ခုနစ်ဆ။
ခရီးတာမှာ ရှည်ရှည်လာခဲ့
ခုခါ လေးငါး ခြောက်ဆ ခုနစ်ဆ။
ငွေမဲ့အာဏာမဲ့
ဘဝဖြင့် ကျောင်းဆရာသည် အာဏာရှိသူ၊ ငွေရှိသူတို့အပေါ် ရိုကျိုးနေရသည်မှာ
အမှန်ပင် ဖြစ်ပါသည်။ မဆလခေတ်မှာ မဆလပါတီ၊ ကောင်စီတို့ လက်တိုလက်တောင်း
ခိုင်းစေနေသည်ကို နာခံရိုကျိုးပြီး၊ တဖားဖား လုပ်ကိုင်ပေးခဲ့ကြရသော
ကျောင်းဆရာများကို ကျနော် တွေ့ရမြင်ရတိုင်း ဆရာမောင်စွမ်းရည်၏ ကဗျာကို
ကျနော် ပြေးပြီး အမှတ်ရနေမိခဲ့ပါသည်။
နာခံရိုကျိုးခြင်းမရှိသော
ကျောင်းဆရာများသည် အာဏာဒဏ် သို့မဟုတ် ငွေဒဏ်သင့်ခဲ့ကြရပါသည်။ ဤအကြောင်း
သရုပ်ဖော်ထားသော ဝတ္ထုတိုတပုဒ်ကိုလည်း ကျနော် မှတ်မိနေပါသေးသည်။
ရန်ကုန်မြို့လယ်ရှိ၊ မျက်နှာကြီး ကျောင်းတကျောင်း (သို့ရာတွင် ပြည်သူပိုင်ခေတ် ကျောင်းဖြစ်၍ အစိုးရ ကျောင်းပင် ဖြစ်ပါသည်။) သို့ မြို့ဆင်ခြေဖုံး၊ ဆင်းရဲသားရပ်ကွက် ကျောင်းတကျောင်းမှ ကျောင်းဆရာလေးတယောက် ပြောင်းရွှေ့သွားခဲ့သည်။
ရန်ကုန်မြို့လယ်ရှိ၊ မျက်နှာကြီး ကျောင်းတကျောင်း (သို့ရာတွင် ပြည်သူပိုင်ခေတ် ကျောင်းဖြစ်၍ အစိုးရ ကျောင်းပင် ဖြစ်ပါသည်။) သို့ မြို့ဆင်ခြေဖုံး၊ ဆင်းရဲသားရပ်ကွက် ကျောင်းတကျောင်းမှ ကျောင်းဆရာလေးတယောက် ပြောင်းရွှေ့သွားခဲ့သည်။
တနေ့သ၌
ရွှေ၊ ငွေ လက်ဝတ်ရတနာ ဒွါဒရာတို့ ဆင်ယင်ပြီး၊ မိတ်ကပ် ရောင်စုံချယ်ထားသော
မိန်းမကြီးတယောက် ဆရာ့ဆီ ရောက်လာခဲ့သည်။ သူ့သားကို နောက်တန်း ခုံမှနေ၍
ရှေ့တန်းခုံ သို့ ပြောင်းရွှေ့ နေရာချထားပေးရန် မေတ္တာရပ်ခံသည်။
ကျေးဇူးမမေ့ပါဟုလည်း ငွေဖြင့်ဖြားယောင်းသည်။ သူ့ သားသည် မျက်စိ အမြင်အာရုံ
အားနည်းပါသည်ဟုလည်း အကြောင်းပြသည်။
ဆရာက
ကလေးသည် မျက်စိ အမြင်အာရုံ အားမနည်းကြောင်း အထောက်အထားဖြင့် ရှင်းပြသည်။
သို့သော် ကျောင်းသား မိခင်က လက်လျှော့မသွား။ သူ့သား၏ ဘေးက ကလေးသည်
ကားဒရိုက်ဘာ၏ သားဖြစ်၍ ဤကလေးနားမှာ သူ့သားကို မထားလိုပါဟု အကြောင်းပြ
ပြန်သည်။ ဤအကြောင်းပြချက်ကိုလည်း ဆရာက ပယ်ချသည်။ သူသည် တပည့်များနှင့်
ပတ်သက်၍ မျက်နှာကြီးငယ် ခွဲခြားတတ်သူ မဟုတ်ကြောင်း ပြောပြသည်။ မျက်နှာကြီး
ကျောင်းသားမိ ခင်က သူ့အလိုအတိုင်း လုပ်ပေးမည်လားဟု လေသံမာမာနှင့်
ခြိမ်းခြောက်သည်။ ဆရာက မမှု။
နောက်ဆုံး၌
ထို ကျောင်းဆရာ သူရဲကောင်းသည် “စိန်ကောင်း ကျောက်ကောင်းများ” ရှိရာ
ထိုမျက်နှာကြီးကျောင်းမှနေ၍ မြို့စွန်၏ ‘ကျောက်စရစ်ခဲများ” ရှိရာ
ကေsာင်းသို့ ပြောင်းရွှေ့ခြင်းခံလိုက်ရသည်။ ဝတ္ထုတိုမှာ စာရေးဆရာ စိတြ၏
“စိန်ကောင်း ကျောက်ကောင်း ရှာပါးဘိသနဲ့” ဟူ၍ ဖြစ်ပါသည်။
ထိုဝတ္ထုကို
ဖတ်ပြီးနောက်၊ နှစ်ပေါင်းအတော်ကြာတွင် ဝတ္ထုရေးသူ အနှီကျောင်းဆရာ
သူရဲကောင်းကို မမျှော်လင့်ဘဲ၊ ကျနော် လူချင်းဆုံဖြစ်ခဲ့ပါသည်။ သူ့ပုံသည်
ဘာမထီပုံ ဖြစ်သည်။ သို့ရာတွင် သူသည် ကျောင်းဆရာ မဟုတ်တော့ပြီ။ ဘာမထီ
လူစားဖြစ်၍ ကျောင်းဆရာ ဘဝမှာ မမြဲခဲ့လေသလား၊ ကျောင်းဆရာဘဝမှ လွတ်လာခဲ့၍
ဘာမထီပုံ ပေါက်လာလေသလားတော့ ကျနော် မဝေခွဲ တတ်ခဲ့ရိုး အမှန်ပင်ဖြစ်ပါသည်။
ကျနော်တို့၏ ဗမာပြည် လူ့အဖွဲ့အစည်းမှာ ကျောင်းဆရာသည် အနိမ့်ဆုံး လူ့အလွှာထဲက မဟုတ်သည့်တိုင်၊ လူမှုစီးပွားရေး အဆင့်အတန်းနိမ့်ကျခြင်း၊ လူမှုအသိုင်း အဝိုင်းမှာ သြဇာအရှိန်အဝါကင်းမဲ့ခြင်း၊ သိမ်ငယ် စိုးရွံ့ခြင်းတို့သည် ကျောင်းဆရာ၏ သွင်ပြင်လက္ခဏာမှာ ပေါ်လွင်နေကြောင်း တွေ့ရပါသည်။ ရုရှစာရေးဆရာကြီး၊ ချက်ကော့ကလည်း ကျောင်းဆရာ၏ သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ ဤသဘောမျိုး ရေးခဲ့သည်ကို ကျနော် ဖတ်ခဲ့ဖူးပါသည်။
ဘဝအခြေမလှခြင်း (တနည်း) ဘဝနုံချာခြင်းသည် ကျောင်းဆရာတဦးချင်းအဖို့ ဖြေရှင်းနိုင်သော ကိစ္စမဟုတ်ပါ။ လူတန်းစား ကွဲပြားခြားမှု၊ လူတန်းစားဖိနှိပ်မှု၊ လူတန်းစားသွေးစုပ်မှုတို့သည် လူတန်းစားစနစ်နှင့် ဆိုင်သော ပြဿနာများသာ ဖြစ်ပါသည်။ လူတန်းစာတိုက်ပွဲဖြင့်သာ ဖြေရှင်းနိုင်ပါသည်။ ဤနေရာ၌ လူတန်းစားနှင့် လူတန်း စားတိုက်ပွဲအကြောင်း ဆွေးနွေးမည် မဟုတ်သဖြင့် ကျောင်းဆရာ၏ ဘဝအကြောင်းကို ဤမျှလောက်သာ ဆွေးနွေးလိုပါသည်။
ကျနော်တို့၏ ဗမာပြည် လူ့အဖွဲ့အစည်းမှာ ကျောင်းဆရာသည် အနိမ့်ဆုံး လူ့အလွှာထဲက မဟုတ်သည့်တိုင်၊ လူမှုစီးပွားရေး အဆင့်အတန်းနိမ့်ကျခြင်း၊ လူမှုအသိုင်း အဝိုင်းမှာ သြဇာအရှိန်အဝါကင်းမဲ့ခြင်း၊ သိမ်ငယ် စိုးရွံ့ခြင်းတို့သည် ကျောင်းဆရာ၏ သွင်ပြင်လက္ခဏာမှာ ပေါ်လွင်နေကြောင်း တွေ့ရပါသည်။ ရုရှစာရေးဆရာကြီး၊ ချက်ကော့ကလည်း ကျောင်းဆရာ၏ သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ ဤသဘောမျိုး ရေးခဲ့သည်ကို ကျနော် ဖတ်ခဲ့ဖူးပါသည်။
ဘဝအခြေမလှခြင်း (တနည်း) ဘဝနုံချာခြင်းသည် ကျောင်းဆရာတဦးချင်းအဖို့ ဖြေရှင်းနိုင်သော ကိစ္စမဟုတ်ပါ။ လူတန်းစား ကွဲပြားခြားမှု၊ လူတန်းစားဖိနှိပ်မှု၊ လူတန်းစားသွေးစုပ်မှုတို့သည် လူတန်းစားစနစ်နှင့် ဆိုင်သော ပြဿနာများသာ ဖြစ်ပါသည်။ လူတန်းစာတိုက်ပွဲဖြင့်သာ ဖြေရှင်းနိုင်ပါသည်။ ဤနေရာ၌ လူတန်းစားနှင့် လူတန်း စားတိုက်ပွဲအကြောင်း ဆွေးနွေးမည် မဟုတ်သဖြင့် ကျောင်းဆရာ၏ ဘဝအကြောင်းကို ဤမျှလောက်သာ ဆွေးနွေးလိုပါသည်။
ဒုတိယအနေနှင့် ဆွေးနွေးတင်ပြလိုသည်မှာ ကျောင်းဆရာ၏ ပညာရေး ဖြစ်ပါသည်။
တခါက၊ တောရွာတရွာမှ မိန်းမကြီးနှစ်ယောက်က အသက် (၁၈) နှစ်အရွယ်ခန့် ကျောင်းဆရာမလေးတဦးကို ကြည့်ပြီး၊ “ဒီခလေးမလေးက တော်လိုက်တာဟယ်၊ ငယ်ငယ်လေးနဲ့ ဆရာဖြစ်တောင် ရနေပြီ” ဟု ချီးမွမ်းသည်ကို ကျနော် တွေ့ခဲ့ဖူးပါသည်။
တခါက၊ တောရွာတရွာမှ မိန်းမကြီးနှစ်ယောက်က အသက် (၁၈) နှစ်အရွယ်ခန့် ကျောင်းဆရာမလေးတဦးကို ကြည့်ပြီး၊ “ဒီခလေးမလေးက တော်လိုက်တာဟယ်၊ ငယ်ငယ်လေးနဲ့ ဆရာဖြစ်တောင် ရနေပြီ” ဟု ချီးမွမ်းသည်ကို ကျနော် တွေ့ခဲ့ဖူးပါသည်။
သူတို့ပြောသော
“ဆရာဖြစ်”ဟူသော စကားကြောင့် မြန်မာ့ရိုးရာ သိုင်း၊ ဗန် တို ဆရာများ
ပြောသော “ဆရာဖြစ်”ပေးခြင်းကို ကျနော် သတိရမိပါသည်။ သိုင်း၊ ဗန်တို
သင်တန်းသားများသည် “ဆရာဖြစ်”မရဘဲ၊ သူတပါးကို သင်ပေးခြင်းမပြုရဟု
သစ္စာဆိုရကြောင်း ကြားဖူးခဲ့ပါသည်။ ဆရာဖြစ်သူက ပညာကုန် သင်ပေးပြီး၊
“ဆရာဖြစ်” အဆင့် ပေးမှသာ ဆရာဖြစ်သည်ဟု ဆိုပါသည်။ အဓိပ္ပါယ်မှာ သင်ယူစရာ
ပညာကုန်ပြီဟူ၍ ဖြစ်ပါသည်။
ကျနော် တွေ့ရှိရသလောက် ပြောရလျှင် (စစ်တမ်းကောက်ယူခြင်းမဟုတ်သဖြင့် ပကတိအဖြစ်မှန်နှင့် လွဲချော်ကောင်း လွဲချော်နေပါမည်) ကျောင်းဆရာ အတော်များများသည် ပညာရေးကောလိပ် (ယခင် ဆရာအတတ်သင် ကျောင်းနှင့် ဆရာအတတ်သင်သိပ္ပံ)၊ ပညာရေးတက္ကသိုလ်၊ နယ်မြေအလိုက် ပေးသော ဆရာဖြစ်သင်တန်းတို့ မှာ တက်ပြီးလျှင်၊ သို့မဟုတ် ဆွဲခန့်ဆရာအဖြစ် ခန့်အပ်ခံရပြီးလျှင်၊ အထက်မှာ ဆိုခဲ့သည့် စကားအတိုင်း “ဆရာဖြစ်” ရပြီးပြီဟု အထင်ရောက်နေသလား မသိပါ။
ကျနော် တွေ့ရှိရသလောက် ပြောရလျှင် (စစ်တမ်းကောက်ယူခြင်းမဟုတ်သဖြင့် ပကတိအဖြစ်မှန်နှင့် လွဲချော်ကောင်း လွဲချော်နေပါမည်) ကျောင်းဆရာ အတော်များများသည် ပညာရေးကောလိပ် (ယခင် ဆရာအတတ်သင် ကျောင်းနှင့် ဆရာအတတ်သင်သိပ္ပံ)၊ ပညာရေးတက္ကသိုလ်၊ နယ်မြေအလိုက် ပေးသော ဆရာဖြစ်သင်တန်းတို့ မှာ တက်ပြီးလျှင်၊ သို့မဟုတ် ဆွဲခန့်ဆရာအဖြစ် ခန့်အပ်ခံရပြီးလျှင်၊ အထက်မှာ ဆိုခဲ့သည့် စကားအတိုင်း “ဆရာဖြစ်” ရပြီးပြီဟု အထင်ရောက်နေသလား မသိပါ။
စာအုပ်၊
စာပေ ဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကို မလုပ်သူက များပါသည်။ ဘဝရပ်တည်ရေးအတွက်
ကုန်းရုန်း ကြိုးပမ်းနေရ၍ ဤသို့မလုပ်နိုင်ခြင်းဖြစ်သည်ဟုလည်း
ဆိုနိုင်ပါသည်။ သို့ရာတွင် ပညာပေးနေရသူများ ဖြစ်သည်ကတကြောင်း၊ မိမိဘဝအတွက်
ကျယ်ပြန့်သော အသိအမြင်ရရှိရေးအတွက် တကြောင်းကြောင့် ပညာကို ရသည့်နည်းဖြင့်
ဆက်လက် ဆည်းပူးလေ့လာနေဖို့ လိုသည်ကတော့ အမှန်ပင် ဖြစ်ပါသည်။
ကျနော် အထက်တန်း ကျောင်းသားဘဝက ကျနော်တို့၏ ဆရာဖြစ်ခဲ့ပြီး၊ နောင် နှစ်အတော်ကြာပြီးနောက်မှာ ဆရာအတတ်သင် သိပ္ပံတခု၌ ကထိကဖြစ်နေသော ဆရာသမားတဦးနှင့် ပြန်ဆုံဖြစ်ခဲ့ပါသည်။
ကျနော် အထက်တန်း ကျောင်းသားဘဝက ကျနော်တို့၏ ဆရာဖြစ်ခဲ့ပြီး၊ နောင် နှစ်အတော်ကြာပြီးနောက်မှာ ဆရာအတတ်သင် သိပ္ပံတခု၌ ကထိကဖြစ်နေသော ဆရာသမားတဦးနှင့် ပြန်ဆုံဖြစ်ခဲ့ပါသည်။
ဆရာအအတတ်သင်
သိပ္ပံအကြောင်း ပြောရင်း၊ ကျောင်းဆရာများထဲတွင် စာပေလေ့လာ
ဖတ်ရှုသူနည်းကြောင်း ကျနော်ပြောမိရာ၊ ဆရာက “ကျောင်းဆရာတွေအကြောင်း
ငါသိတာပေါ့ကွာ၊ စာဖတ်ကြတာမဟုတ်ဖူးကွ”ဟု ဆိုပါသည်။ သူဆိုလိုသည်မှာ
ကျောင်းဆရာများထဲတွင် စာပေလေ့လာ ဖတ်ရှုသော အလေ့အကျင့် ရှိသူနည်းကြောင်းပင်
ဖြစ်ပါသည်။
ပိုဆိုးသည်မှာ အပြောကျယ်လှသော စာအုပ်၊ စာပေကို မဆိုထားနှင့် မိမိသင်ကြားပေးနေရသော ဘာသာရပ်ကို ပင်လျှင် ကျယ်ကျယ်ပြန့်ပြန့် ပိုင်ပိုင်နိုင်နိုင် သိနားလည်အောင် လေ့လာမှုမရှိကြခြင်းပင် ဖြစ်သည်။
ပိုဆိုးသည်မှာ အပြောကျယ်လှသော စာအုပ်၊ စာပေကို မဆိုထားနှင့် မိမိသင်ကြားပေးနေရသော ဘာသာရပ်ကို ပင်လျှင် ကျယ်ကျယ်ပြန့်ပြန့် ပိုင်ပိုင်နိုင်နိုင် သိနားလည်အောင် လေ့လာမှုမရှိကြခြင်းပင် ဖြစ်သည်။
ကျောင်းနေဖက်
တဦးဖြစ်ခဲ့သူ အလယ်တန်းပြ ဆရာမတဦးနှင့် တခါဆုံမိခဲ့ရာ ဘယ်အတန်း၊
ဘယ်ဘာသာရပ်ကို သင်သလဲဟု ကျနော် မေးမိသည်။ သူက “ငါ လာမယ့်နှစ်မှာ (၇)
တန်းအင်္ဂလိပ်စာ သင်မယ်။ အင်္ဂလိပ်စာသင်တာ ကိုယ် တတ်ထားတဲ့ အင်္ဂလိပ်စာတွေ
မမေ့အောင်လို့လေ”ဟု ပြန်ဖြေပါသည်။ “ဒါဆိုရင် ခင်ဗျား (၇) တန်း အင်္ဂလိပ်
စာတော့ ကြေမှာပေါ့”ဟု ကျနော် ပြန်ပြောမိခဲ့ပါသည်။
မိမိသင်ကြားရသော အတန်း၏ စာကိုပင် မကြေညက်၊ မပိုင်နိုင်သော ဆရာ၊ ဆရာမများကို တွေ့ဖူးခဲ့ပါသည်။ မိမိကိုယ် မိမိ “ဆရာဖြစ်”ရပြီဟု ထင်တလုံးနှင့် မိမိသင်ကြားပေးရသော ဘာသာရပ်နှင့် ပတ်သက်၍ ဆက်လက် လေ့လာမှု မပြုသူများ ဖြစ်သည်။
မိမိသင်ကြားရသော အတန်း၏ စာကိုပင် မကြေညက်၊ မပိုင်နိုင်သော ဆရာ၊ ဆရာမများကို တွေ့ဖူးခဲ့ပါသည်။ မိမိကိုယ် မိမိ “ဆရာဖြစ်”ရပြီဟု ထင်တလုံးနှင့် မိမိသင်ကြားပေးရသော ဘာသာရပ်နှင့် ပတ်သက်၍ ဆက်လက် လေ့လာမှု မပြုသူများ ဖြစ်သည်။
မြန်မာစာသင်ပြသူ
ဆရာ၊ ဆရာမ ဖြစ်ပါလျက် မြန်မာစာ အရေးအသား၊ မြန်မာစာ ဝေါဟာရများနှင့်ပတ်သက်၍
ကျောင်းသားများ ကျေနပ်လက်ခံနိုင်လောက်အောင် ရှင်းလင်းမပြနိုင်သူများ၊
အင်္ဂလိပ်စာ သင်ပြသော ဆရာ၊ ဆရာမများ ဖြစ်ပါလျက် ကျောင်းဖတ်စာအုပ်ထဲမှ
အင်္ဂလိပ်စာလောက်ကိုပင်လျှင် ပိုင်ပိုင်နိုင်နိုင်မရှိသူများကို
ကျနော်တွေ့ခဲ့ဖူးပါသည်။
ပညာရေးဘွဲ့အပြင်၊ နိုင်ငံခြားဘာသာသင်တက္ကသိုလ်မှ အင်္ဂလိပ်စာ ဒီပလိုမာဘွဲ့ရထားသော အင်္ဂလိပ်စာ ဆရာတဦးထံသို့ တခါက ကျနော်သွားခဲ့ရာ သူစာသင်နေခိုက်ဖြစ်နေသဖြင့်၊ ကျနော်က စာသင်ခန်းအပြင်မှာ ရပ်စောင့် နေခဲ့သည်။ ကျနော့်ကို မြင်တော့ (ကျနော်နှင့်လည်း အလွန်ရင်းနှီးသဖြင့်)၊ စာသင်နေရင်းက သူသင်နေသော အင်္ဂလိပ်စာ သင်ခန်းစာထဲမှ အင်္ဂလိပ်စာလုံးတလုံး၏ အဓိပ္ပါယ်ကို ကျနော့်အား လှမ်းမေးပါသည်။ မိမိ မသိသည်ကို ဝန်ခံရဲသော သူ၏ရိုးသာမှုကို ကျနော် အသိအမှတ်ပြုပါသော်လည်း အင်္ဂလိပ်စာတိုးတက်အောင် ဆက်လက် လေ့လာဖို့နေနေသာသာ အဘိဓာန် လှန်ကြည့်ရမည့် အလုပ်ကိုပင် ပျက်ကွက်ခဲ့သော သူ၏ ပေါ့ဆမှုကတော့ ခွင့်မလွှတ်နိုင်စရာ ဖြစ်ပါသည်။
သို့ရာတွင် ကျောင်းဆရာသည် မိမိသင်ရသော အတန်း၏ ဘာသာရပ်နှင့်ပတ်သက်၍ ဆက်လက်ဆည်းပူးလေ့လာရုံနှင့် မလုံလောက်ပါ။ အကြောင်းမှာ မိမိတပည့်များအား ကျောင်းသင်ဘာသာရပ်များကိုသာမက အသိအမြင်၊ အတွေးအခေါ်၊ စာရိတ္တပညာများကိုပါ သင်ကြားပေးရန်တာဝန်ရှိသောကြောင့် ဖြစ်ပါသည်။
ပညာရေးဘွဲ့အပြင်၊ နိုင်ငံခြားဘာသာသင်တက္ကသိုလ်မှ အင်္ဂလိပ်စာ ဒီပလိုမာဘွဲ့ရထားသော အင်္ဂလိပ်စာ ဆရာတဦးထံသို့ တခါက ကျနော်သွားခဲ့ရာ သူစာသင်နေခိုက်ဖြစ်နေသဖြင့်၊ ကျနော်က စာသင်ခန်းအပြင်မှာ ရပ်စောင့် နေခဲ့သည်။ ကျနော့်ကို မြင်တော့ (ကျနော်နှင့်လည်း အလွန်ရင်းနှီးသဖြင့်)၊ စာသင်နေရင်းက သူသင်နေသော အင်္ဂလိပ်စာ သင်ခန်းစာထဲမှ အင်္ဂလိပ်စာလုံးတလုံး၏ အဓိပ္ပါယ်ကို ကျနော့်အား လှမ်းမေးပါသည်။ မိမိ မသိသည်ကို ဝန်ခံရဲသော သူ၏ရိုးသာမှုကို ကျနော် အသိအမှတ်ပြုပါသော်လည်း အင်္ဂလိပ်စာတိုးတက်အောင် ဆက်လက် လေ့လာဖို့နေနေသာသာ အဘိဓာန် လှန်ကြည့်ရမည့် အလုပ်ကိုပင် ပျက်ကွက်ခဲ့သော သူ၏ ပေါ့ဆမှုကတော့ ခွင့်မလွှတ်နိုင်စရာ ဖြစ်ပါသည်။
သို့ရာတွင် ကျောင်းဆရာသည် မိမိသင်ရသော အတန်း၏ ဘာသာရပ်နှင့်ပတ်သက်၍ ဆက်လက်ဆည်းပူးလေ့လာရုံနှင့် မလုံလောက်ပါ။ အကြောင်းမှာ မိမိတပည့်များအား ကျောင်းသင်ဘာသာရပ်များကိုသာမက အသိအမြင်၊ အတွေးအခေါ်၊ စာရိတ္တပညာများကိုပါ သင်ကြားပေးရန်တာဝန်ရှိသောကြောင့် ဖြစ်ပါသည်။
ကျောင်းမှာသင်သော
ဘာသာရပ်များနှင့် ပတ်သက်၍ “ဆရာဖြစ်”ပေး၍ မရသည့်နည်းတူပင်၊ အသိအမြင်၊
အတွေးအခေါ်များ နှင့် ပတ်သက်၍လည်း “ဆရာဖြစ်”ပေး၍ မရနိုင်ပါ။
လူ့လောကကြီး
အစဉ်တိုးတက်ပြောင်းလဲနေသည်နှင့်အမျှ အတတ်ပညာများသာမက အသိအမြင်တို့သည်လည်း
တပါတည်း တိုးတက် ပြောင်းလဲနေသည်သာ ဖြစ်ပါသည်။ သို့ဖြစ်ရာ ဆက်လက်
ဆည်းပူးလေ့လာခြင်းမပြုပါက ကျောင်းဆရာသည် မိမိသင်ကြားပေးနေရသော
ဘာသာရပ်မှာသော်လည်းကောင်း၊ အသိအမြင်မှာသော်လည်းကောင်း (ဝမ်းနည်းဖွယ်ရာ)
တုံး၍ ကျန်ရစ်ခဲ့မည် ဖြစ်ပါသည်။
ကျောင်းဆရာနှင့် ပတ်သက်၍ လူအများ ပြောလေ့ရှိသော စကားတခွန်းရှိပါသည်။ “ကျောင်းဆရာ ဆိုတာ၊ ဓားသွေးကျောက် လိုပဲ။ တပည့်တွေကို သင်ပေးရင်း တပည့်တွေကသာ ထက်၊ ထက်သွားပြီး၊ ဆရာကတော့ တုံးပြီး ကျန်ရစ်ခဲ့တယ်”ဟူ၍ ဖြစ်ပါသည်။ မမှန်ပါ။ မိမိကိုမိမိ ရှင်သန်ထက်မြက်အောင် အစဉ်တစိုက် လေ့လာဆည်းပူးနေသော ဆရာများအဖို့ တုံးပြီး ကျန်ရစ်ခဲ့စရာ အကြောင်းမရှိပါ။
ဤအချက်နှင့်ပတ်သက်၍ ကျနော် အထက်တန်းကျောင်းသားဘဝက ကျနော်တို့၏ အင်္ဂလိပ်စာ ဆရာတယောက်အကြောင်းကို ကျနော် သတိရမိပါသည်။
ကျောင်းဆရာနှင့် ပတ်သက်၍ လူအများ ပြောလေ့ရှိသော စကားတခွန်းရှိပါသည်။ “ကျောင်းဆရာ ဆိုတာ၊ ဓားသွေးကျောက် လိုပဲ။ တပည့်တွေကို သင်ပေးရင်း တပည့်တွေကသာ ထက်၊ ထက်သွားပြီး၊ ဆရာကတော့ တုံးပြီး ကျန်ရစ်ခဲ့တယ်”ဟူ၍ ဖြစ်ပါသည်။ မမှန်ပါ။ မိမိကိုမိမိ ရှင်သန်ထက်မြက်အောင် အစဉ်တစိုက် လေ့လာဆည်းပူးနေသော ဆရာများအဖို့ တုံးပြီး ကျန်ရစ်ခဲ့စရာ အကြောင်းမရှိပါ။
ဤအချက်နှင့်ပတ်သက်၍ ကျနော် အထက်တန်းကျောင်းသားဘဝက ကျနော်တို့၏ အင်္ဂလိပ်စာ ဆရာတယောက်အကြောင်းကို ကျနော် သတိရမိပါသည်။
ဆရာသည်
အင်္ဂလိပ်စာ သင်ကြားရာ၌ ဂရမ်မာစာအုပ်၊ ဖတ်စာအုပ်ကိုသာ လက်ကိုင်ပြု၍
သင်ကြားသော ဆရာမဟုတ်ချေ။ အင်္ဂလိပ်စာ ဝေါဟာရများအကြောင်း၊ ဝါကျ
တည်ဆောက်ပုံအကြောင်းတို့ကို ရှင်းပြရာ၌ သူဖတ်ထားသော စာအုပ်များကို
ရည်ညွှန်းပြီး၊ သာဓကများ ထုတ်ပြလေ့ရှိရာ၊ ဆရာ၏ သင်ကြားပြသမှုများသည်
အမြဲရှင်သန်နေခဲ့သည်။ ဆရာသည် အင်္ဂလိပ် ဝေါဟာရများအကြောင်းကို အမြဲလိုလိုပင်
ကြွယ်ဝစွာ ရှင်းပြနိုင်ခဲ့သည်။
ကျနော်တို့
(၉) တန်း(၁၀) တန်း ရောက်ချိန်က အင်္ဂလိပ်စာပြ ဆရာပေါက်စ ဖြစ်ခဲ့သာဆရာသည်
နောက်ပိုင်းမှာ ကျောင်း၏ တက္ကသိုလ်ဝင်တန်းအတွက် အားအထားရဆုံး အင်္ဂလိပ်စာပြ
ဆရာအဖြစ် တလျှောက်လုံး အင်္ဂလိပ်စာ သင်ပြပေးရပါသည်။
ကျောင်းထွက်ပြီးနောက်ပိုင်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာအုပ်များကို
ကျနော်တို့တတွေ ဖတ်ရှုရာ၌ပင် အခက်အခဲရှိလျှင် ဆရာ့ထံ သွားရောက်ပြီး
မေးမြန်းခဲ့ကြရပါသည်။ ဆရာသည် မိမိကိုယ်မိမိ အစဉ် “သွေး”နေသူဖြစ်ရာ အစဉ်
“ထက်”၍ နေပါသည်။
ကျနော် တွေ့ခဲ့ဖူးသမျှ ကျောင်းဆရာများထဲက အသိအမြင် အတုံးမခံဘဲ၊ စာအုပ်စာပေ ဖတ်ရှုလေ့လာခြင်းအားဖြင့် မိမိကိုယ်မိမိ ရှင်သန်အောင်ကြိုးစားသော ဆရာတယောက်မှာ အလယ်တန်းပြဆရာတဦး ဖြစ်သည်။ သူက သမိုင်းဘာသာ သင်သည်။ သူ သမိုင်းသင်လျှင် ဖတ်စာအုပ်ထဲက အကြောင်းအရာ၊ အချက်အလက်တို့ကို အကျဉ်းချုပ်မျှ ပြောပြပြီးလျှင်၊ သင်ခန်းစာနှင့် ဆက်စပ်နေသော အကြောင်းအရာများကို မမောနိုင်၊ မပန်းနိုင် ပြောပြသည်။
ကျနော် တွေ့ခဲ့ဖူးသမျှ ကျောင်းဆရာများထဲက အသိအမြင် အတုံးမခံဘဲ၊ စာအုပ်စာပေ ဖတ်ရှုလေ့လာခြင်းအားဖြင့် မိမိကိုယ်မိမိ ရှင်သန်အောင်ကြိုးစားသော ဆရာတယောက်မှာ အလယ်တန်းပြဆရာတဦး ဖြစ်သည်။ သူက သမိုင်းဘာသာ သင်သည်။ သူ သမိုင်းသင်လျှင် ဖတ်စာအုပ်ထဲက အကြောင်းအရာ၊ အချက်အလက်တို့ကို အကျဉ်းချုပ်မျှ ပြောပြပြီးလျှင်၊ သင်ခန်းစာနှင့် ဆက်စပ်နေသော အကြောင်းအရာများကို မမောနိုင်၊ မပန်းနိုင် ပြောပြသည်။
“ဖတ်စာအုပ်ထဲက
အချက်တွေကို ဆရာ ပြန်ပြောမပြတော့ဘူး။ မင်းတို့ ကျက်မှတ်ထားကြပေါ့။ ခု ဆရာ
ပြောပြနေတာတွေက စာအုပ်ထဲမှာ မပါတဲ့ အကြောင်းအရာတွေ။ ဒါတွေဟာ မင်းတို့အတွက်
မှတ်သားစရာတွေပဲ” ဟုဆိုပါသည်။
ကျနော် ကျောင်းထွက်ပြီးနောက်ပိုင်း၊ အစိုးရဆန့်ကျင်ရေးသမားတဦး ဖြစ်လာချိန်၌ ဆရာ ပင်စင်ယူပြီးနေပြီ။ ဆရာနှင့် တွေ့သည့်အခိုက် ဆရာ့ကို နိုင်ငံရေးအကြောင်း စ,ပေးတော့၊ (မဆလ) ခေတ်၊ (မဆလ) စစ်အာဏာရှင် အကြောင်းနှင့် ပတ်သက်၍ ဆရာက သုံးသပ်ပြရာ၊ ကျနော် အံ့သြမိသည်။
ကျနော် ကျောင်းထွက်ပြီးနောက်ပိုင်း၊ အစိုးရဆန့်ကျင်ရေးသမားတဦး ဖြစ်လာချိန်၌ ဆရာ ပင်စင်ယူပြီးနေပြီ။ ဆရာနှင့် တွေ့သည့်အခိုက် ဆရာ့ကို နိုင်ငံရေးအကြောင်း စ,ပေးတော့၊ (မဆလ) ခေတ်၊ (မဆလ) စစ်အာဏာရှင် အကြောင်းနှင့် ပတ်သက်၍ ဆရာက သုံးသပ်ပြရာ၊ ကျနော် အံ့သြမိသည်။
ထိုစဉ်က
ဧရာမ ပညာတတ်ပုဂ္ဂိုလ်ကြီးများ ဆိုသူများပင်လျှင် (ကိုယ်ကျိုးစီးပွား
မျှော်မှန်းချက်ကြောင့် (မဆလ) စစ်အာဏာရှင်စနစ်ကို ရဲရဲမကြည့်မိ၍လား၊
နိုင်ငံရေးမှာ ထိုင်းအ၍လား မသိ) စစ်အစိုးရ၏ လိမ်လုံး ညာလုံးများကို
နားယောင်နေကြချိန် ဖြစ်ပါသည်။ ကျနော့်ဆရာသည် အိုမင်းရင့်ရော်ကာ
အငြိမ်းစားယူလိုက်ရသည့်အချိန်အထိ အသိအမြင် ရှင်သန်နေသူပါ တကားဟူ၍ ကျနော်
မှတ်ချက်ချမိခဲ့ပါသည်။
ဤသို့ဆိုရသည့်တိုင် မိမိသင်ကြားရသော ဘာသာရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ မိမိ၏ အသိအမြင်နှင့် ပတ်သက်၍လည်းကောင်း၊ ဆက်လက်ရှင်သန်အောင် လေ့လာဆည်းပူးသော ကျောင်းဆရာများသည် အနည်းစုသာ ဖြစ်ပါသည်။ သို့ဖြစ်ရာ ကျောင်းဆရာ အများစုသည် ကျောင်းဆရာဘဝမှာ ရှင်သန်မှု မရှိကြောင်း ဝမ်းနည်းဖွယ်ရာတွေ့ရပါသည်။
အလုပ်သမားသည် အလုပ်ရှင် သို့မဟုတ် အလုပ်ရှင်၏ ကိုယ်စားလှယ်နှင့်လည်းကောင်း၊ မိမိ၏ ဘဝတူ အလုပ်သမားများ နှင့်လည်းကော်ငး နေ့စဉ် ဆက်ဆံနေရသည်။ ကုန်သည်သည် အရပ်တကာသို့ ရောက်ပြီး၊ ရောင်းသူ၊ ဝယ်သူ စားသုံးသူတို့နှင့် နေ့စဉ် ဆက်ဆံနေရသည်။ ဆရာဝန်၊ သူနာပြုတို့သည် လူနာများ၊ လူနာရှင်များနှင့် နေ့စဉ် ဆက်ဆံနေရသည်။ ထို့အတူပင် လယ်သမား၊ ရုံးလုပ်သား၊ ကုမ္ပဏီဝန်ထမ်း၊ အရောင်းအကူ၊ ကားမောင်းသမား စသည့်သူများသည် နေ့စဉ် လုပ်ငန်းများတွင် မိမိတို့လုပ်ငန်းခွင်နှင့် ဆက်စပ်ပတ်သက်ရာ ပုဂ္ဂိုလ်များနှင့် ဆက်ဆံနေရသည်။
ဤသို့ဆိုရသည့်တိုင် မိမိသင်ကြားရသော ဘာသာရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ မိမိ၏ အသိအမြင်နှင့် ပတ်သက်၍လည်းကောင်း၊ ဆက်လက်ရှင်သန်အောင် လေ့လာဆည်းပူးသော ကျောင်းဆရာများသည် အနည်းစုသာ ဖြစ်ပါသည်။ သို့ဖြစ်ရာ ကျောင်းဆရာ အများစုသည် ကျောင်းဆရာဘဝမှာ ရှင်သန်မှု မရှိကြောင်း ဝမ်းနည်းဖွယ်ရာတွေ့ရပါသည်။
အလုပ်သမားသည် အလုပ်ရှင် သို့မဟုတ် အလုပ်ရှင်၏ ကိုယ်စားလှယ်နှင့်လည်းကောင်း၊ မိမိ၏ ဘဝတူ အလုပ်သမားများ နှင့်လည်းကော်ငး နေ့စဉ် ဆက်ဆံနေရသည်။ ကုန်သည်သည် အရပ်တကာသို့ ရောက်ပြီး၊ ရောင်းသူ၊ ဝယ်သူ စားသုံးသူတို့နှင့် နေ့စဉ် ဆက်ဆံနေရသည်။ ဆရာဝန်၊ သူနာပြုတို့သည် လူနာများ၊ လူနာရှင်များနှင့် နေ့စဉ် ဆက်ဆံနေရသည်။ ထို့အတူပင် လယ်သမား၊ ရုံးလုပ်သား၊ ကုမ္ပဏီဝန်ထမ်း၊ အရောင်းအကူ၊ ကားမောင်းသမား စသည့်သူများသည် နေ့စဉ် လုပ်ငန်းများတွင် မိမိတို့လုပ်ငန်းခွင်နှင့် ဆက်စပ်ပတ်သက်ရာ ပုဂ္ဂိုလ်များနှင့် ဆက်ဆံနေရသည်။
ကျောင်းဆရာ
(မူလတန်းမှ အထက်တန်းအထိ) သည် နေ့စဉ် ကလေးသူငယ်များနှင့် ဆက်ဆံနေရပြီး၊
လုပ်ခွင်သည် ကျောင်းဝင်းနှင့် စာသင်ခန်းသာ ဖြစ်သည်။ “ဆရာဖြစ်”ရပြီဟု
မှတ်ယူပြီး၊ မိမိ၏ပညာရေးကို ဆက်လက်ရှင် သန်အောင် မကြိုးပမ်းပါက
နှစ်ပေါင်းများစွာ ကျင်လည်လာခဲ့သော ဤပတ်ဝန်းကျင်မှာ အသိအမြင်
လူစဉ်မမှီသည့်အဖြစ်သို့ ရောက်သွားဖွယ် ရှိပါသည်။
မှန်သော
သစ္စာစကားကို ဆိုရပါလျှင်၊ ဤသို့ အသိအမြင် လူစဉ်မမှီတော့သော
ကျောင်းဆရာများကို (ဝမ်းနည်းဖွယ်ရာ) ကျနော် တွေ့ဖူးခဲ့ပါကြောင်း။
Credit to : ကိုမောင်မောင်လတ်
Monday, April 22, 2013
ကြာဇံချက်
ကြာဆံချက် ပူပူလေးပါ။ နေ့လည်အစာပြေ အဖြစ်ပဲဖြစ်ဖြစ်၊ ထမင်းနဲ့ တွဲဖက် ဟင်းချိုအဖြစ်လည်း တွဲဖက်သုံးဆောင်နိုင်ပါတယ်။ လုပ်ရလွယ်ပြီ စားလို့လည်း ကောင်းသည်မို့ ခုပဲ ကြာဇံချက် ပူပူလေးကို တူတူ ချက်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- ပဲကြာဇံ – ၁၅ကျပ်သား (၂၄၀ ဂရမ်)
- ကြက်ရိုး – ၃၀ကျပ်သား(၄၈၀ ဂရမ်)
- ငါးဖယ် – ၁၀ ကျပ်သား (၁၆၀ ဂရမ်) Optional
- မှိုခြောက် – ၂ကျပ်သား (၃၂ ဂရမ်)
- ပဲခြောက် – ၂ကျပ်သား (၃၂ ဂရမ်)
- ပန်းခြောက် – ၂ကျပ်သား (၃၂ ဂရမ်)
- ငုန်းဥ – ၁၀လုံး (ရေဖြင့် ကျက်အောင် ပြုတ်ပြီ အခွံနွှာထားပေးပါ)
- ကြက်သွန်နီ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
- ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
- ငရုတ်သီး အရောင်တင်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
- ဆား – စားပွဲတင်ဇွန်း ၁ဇွန်း
- ငါးငံပြာရည် – စားပွဲတင်ဇွန်း ၄ဇွန်း
- သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
- ဆီ – စားပွဲတင်ဇွန်း ၅ဇွန်း
- ကြက်သွန်နီ – ၅လုံး (ပါးပါးလှီးပါ)
- နံနံပင် – စည်းဝက် (ပါးပါးလှီးပါ)
- သံပရာသီး – ၄လုံး (၄စိပ်စိပ်ပါ)
- ငါးငံပြာရည်
ပြင်ဆင်နည်း
၁။ အရင်ဆုံး ပဲကြာဇံ၊ မှိုခြောက်၊ ပန်းခြောက်၊ ပဲခြောက်တို့ကို ရေဖြင့် စိမ်ထားပေးပါ။
၂။ ဒယ်အိုးထဲ ရေ(၄လီတာ)ထည့်ပြီ ကြက်ရိုးများကို ပြုတ်ထားပါ။
၃။ ရေ၃လီတာလောက်ကျန်လျှင် ကြက်ရိုးပြုတ်အိုးကို မီးပိတ်လိုက်ပြီ ကြက်ရိုးများကို ပြန်ဆယ်ကာ၊ အအေးခံပြီ ကြက်ရိုးမှ အသားများ နွှင်းပေးပါ။
၎။ ငါးဖယ်ကို (ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ငရုတ်သီးမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)) တို့ဖြင့် သမအောင် နုယ်ပြီ ငါးဖယ်ကို အပြားလေးများ လုပ်ပေးကာ ဆီများများဖြင့် ကြောပေးပြီ ပါးပါးလှီးပေးပါ။
၅။ ဒယ်ထဲ ဆီထည့် ဆီပူလာမှ ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ဆီသပ်ပေးပါ။
၅။ ထို့နောက် နနွင်းမှုန့်၊ အရောင်တင်မှုန့်တို့ကို ထည့်ပြီ အသားနွှင်းထားသော ကြက်သားများကို ထည့်ပေးပါ။
၆။ အရသာအတွက် ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပြီ ဆီပြန်လျှင်မီးပိတ်လိုက်ပါ။
ရ။ ပန်းကန်ပြားတစ်ခုထဲ ပန်းခြောက်၊ မှိုခြောက်၊ ပဲခြောက်၊ ငုန်းဥ၊ ကြက်သားချက်၊ ငါးဖယ် တို့ကို ကြာဇံချက် ချက်ရန် အသင့်ပြင်ထားပါ။
ချက်ပြုတ်နည်း
၁။ ကြက်ပြုတ်ရည်ကို ဆူအောင် ပြန်တည်ထားပါ။
၂။ ဆူလာလျှင် ကြက်သား၊ မှိုခြောက်၊ ပန်းခြောက်၊ ပဲခြောက်၊ ငါးဖယ်၊ ငုန်းဥ တို့ကို ထည့်ပြီ ၅မိန်ခန့် အဖုံးအုပ်ထားပါ။
၃။ အရသာအတွက် ငါးငံပြာရည်၊ ဆား၊ သကြား၊ တို့ကို ထည့်ပြီေ၇ာမွှေလိုက်ပါ။ အရသာ အနေတော်လျှင် မီးပိတ်လိုက်ပါ။
၎။ စောက်ပန်းကန်တစ်ခုထဲ ကြာဇံချက် လောင်းထည့် အပေါ်မှ ကြက်သွန်နီ၊ နံနံပင်၊ သံပရာသီး ညှစ်ထည့်ကာ ကြာဇံချက် ပူပူလေးကို သုံးဆောင်လို့ရပါပြီ…
မှတ်ချက် ။ ။ ကြာဇံချက်ကို ချက်ချင်း မသုံးဆောင်သေးလျှင် ကြာဇံကို ချက်တဲ့အခါ ထည့်မချက်ပဲ သက်သက်အိုးဖြင့် ပြုတ်ပြီ ဆယ်ထားပါ။ စားမှ ပန်းကန်ထဲ ကြာဇံကို ထည့်ပြီ ကြာဇံချက်အရည်ဖြင့် တွဲဖက် သုံးဆောင်ပါ။
လိပ်ခေါင်းရောဂါအတွက်
ကျော်ကျော်
အတွင်လိပ်ရှိတယ်။အစပ်စားရင် သွေးတွေအများကြီးဆင်းတယ်။ အစပ်အပါအ၀င် အစားအသောက် ရှောင်ရလို့ စိတ်ပျက်မိတယ်။ ဆေးနည်းကောင်းလေး ရှိရင်ပေးပါခင်ဗျာ။
ကိုကျော်ကျော်ရေ ဖြေလိုက်ပါတယ်.........
ဆေးနည်းမှာ.......
ဂွေးပင် ပင်စည်၏ အခေါက်အား ရေနွေးကြမ်းပန်းကန်လုံးတစ်လုံးစာမျှ ထောင်းလို့ ရနိုင်မည့် အရွယ်အ အစား လောက်ခွာပါ။ ထိုအခေါက်အား အပေါ်ယံချေး(ဂျီး)များ ပြောင်စင်သွားရုံလောက် ဓါးဖြင့် ခပ်ပါးပါး ခြစ်ပစ် လိုက်ပြီး ငရုပ်ဆုံတွင် ညက်နေအောင် ထောင်းပါ။
ပြီးလျှင် ငါးရံ့တစ်ကောင်(တစ်ခါ ဝဝ စားနိုင်ရုံ) အား ပြုတ် ပြီး အသားထွင်ပါ။ အဆိုပါ ငါးရံ့အသားနှင့် ဂွေးခေါက် ထောင်းအား အပူ အစပ်ဓါတ်များ လုံးဝ မထည့်ဘဲ စားကောင်းအောင် ကြော်လှော်ချက်ပါ။ ထို့နောက် ၎င်းဟင်းလျားအား ထမင်းနှင့် တဝကြီး အားရပါးရ စားပစ်လိုက်ပါ။
(ဤဆေးနည်းအား စေတနာအပြည့်ဖြင့် ပြောပြပေးခဲ့သော ခရမ်းမြို့ (၁၂)ရပ်ကွက်၊ စမ်းရွာပိုင်းမှ အဘ ဦးစိန်အေးအား ကျေးဇူး အထူးတင်ရှိပါသည်။ နေလင်းထွန်း......(ဒဂုံ) )
သွား
soeဟုတ်ကဲ့ ဖြေလိုက်ပါပြီးခင်ဗျာ...သွားဖုံးရေစီးကမ်ပြိုရင် ဆေးမီတိုရှိလာ
ီ
ဆေးနည်းမှာ...........
သွားနာ၊သွားကိုက်၊သွားဖုံးရောင်၊သွားပိုးစား၊ရေစီးကမ်းပြိုနာများအတွက် ကန့်ပလူ၊ငရုတ်ကောင်း၊ ကျောက်ချဉ်၊ ပရုတ်၊ ဇာတိပ္ဖိုလ်၊ လေညှင်း၊ဒုတ္ထာ (၇)မျိုးကို အမှုန့်ကြိတ်၍ သိပ်ပါ။
သွားဖုံးရောင် ဆေးနည်း
ဆားငါးပါး၊ဇဝက်သာတို့ကို ပျားရည်နှင့် လိမ်းပေးပါ။
(ဆားငါးပါး.....သိန္ဓောဆား၊ဆားပုပ်၊ဟင်းချက်ဆား၊ရုက္ခမူပြာဆား၊ဘင်္ဂလိဆား)
သွားရင်းပြည်ယိုဆေးနည်း
လက်ချားမီးဖုတ်ပြာကို လျှာ နှင့် ပွတ်လေ။
တစ်နည်း.. အုန်းသီးနှင့် ထန်လျက်ကို စားလေ။
credit to : ko min min zaw
ကျောက်ကပ်သန်မာ လူကျန်းမာ
ဆောင်းရာသီဝင်လာပြီဆိုမှဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ ရှိတဲ့ ဒေသအလိုက် ချမ်းအေးမှုဒဏ်ကို
အနည်းနဲ့ အများ ခံစားကြရမှာ မလွဲမသွေ ဖြစ်ပါတယ်။
အေးချမ်းတဲ့ ရာသီဒဏ်နဲ့ အတူ သက်ရှိတွေရဲ့ ဇီဝဖြစ်စဉ်တွေ ၊ ပြောင်းလဲမှုတွေ ဟာလည်း
နှေးကွေးလာတတ်တာ ဓမ္မတာသာဖြစ်ပါတယ်။ အထူးသဖြင့် သက်ရှိလူသားတွေ အတွက်
အသက်ကြီး ရွယ်အိုတွေနဲ့ အားအင်ချည့်နဲ့ သူတွေက ပိုပြီး အအေးဒဏ်ကို ခံစားရလေ့ ရှိကြပါ
တယ်။
တရုတ်ရိုးရာ တိုင်းရင်းဆေးပညာ အလိုအရ ယင်နဲ့ ယန် ဆိုတဲ့ အပူအအေးဓာတ်တွေ အနက်
ယန်ဓာတ်ဟာသဘာဝနည်းအရ ကုန်ခမ်းတတ်တာဟာ ဆောင်းရာသီမှာဖြစ်တယ်လို့ ယူဆ
ကြပါတယ်။ ရှေးဟောင်းတရုတ်ရိုးရာ ဆေးပညာလက်စွဲကျမ်းတွေမှာလည်း အေးတဲ့ရာသီမှာ
ယန်ဓာတ်လျော့နည်းသွားတတ်ကြောင်း ဖော်ပြထားခဲ့ပါတယ်။
ယန်ဓာတ်ဟာ သူရိယနေမင်းကြီးလို ကမ္ဘာကို အပူနဲ့ အလင်းရောင်ပေးစွမ်းနိုင်တဲ့ခန္ဓာကိုယ်တွင်းက
ဓာတ်တစ်ခုဖြစ်ပါတယ်။ နေမင်းကြီးမရှိရင် သဘာဝအလင်းရောင် မရှိသလို၊ သဘာဝ အပူဓာတ်
မရနိုင်တဲ့အတွက် ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိတွေ အာလုံး အသက်ရှင်နေနိုင်တော့မှာ မဟုတ်ပါဘူး။
ဒီလိုပဲ ယန်ဓာတ်မရှိရင်လဲ လူသားတစ်ဦးဟာ အသက်ရှင်ဖို့ ခဲယဉ်းပါတယ်တဲ့။
တရုတ်ရိုးရာဆေးပညာအလိုမှာ ယန်ဓာတ်ဟာ ခန္ဓာကိုယ် အတွင်း အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်တဲ့
ကျောက်ကပ်က ထုတ်ပေးတာလို့ ဆိုပါတယ်။ ကျောက်ကပ်ဟာ အပူဓာတ် ပေးစွမ်းနိုင်တဲ့
မွေးရာပါ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်လို့ အသက်ရှင်ရေး အတွက် မရှိမဖြစ် လိုအပ်လှပါတယ်။
မျိုးပွားတာဝန်ကို ထမ်းဆောင်ရာမှာလည်း ကျောက်ကပ်က ဦးဆောင်ပေးပြီး အာဟာရဓာတ်
ဖြစ်တဲ့ အဆီအနှစ်တွေစုဝေးရာလည်း ဖြစ်ပါသတဲ့။
လူတစ်ယောက်ရဲ့ ကျန်းမာရေးအခြေအနေဟာလည်း ကျောက်ကပ်ကောင်း မကောင်းပေါ်မှာ
မူတည်နေတယ်လို့ သိရပါတယ်။ ကျောက်ကပ်တွေ အလုပ်ကောင်းကောင်း လုပ်ရင် လူလည်း
ကျန်းမာမယ် အလုပ်ကောင်းကောင်း မလုပ်ရင် လူလည်း ချူချာလာ ပါရောတဲ့။
အေးချမ်းလှတဲ့ရာသီမှာ အအေးဒဏ်ခံနိုင်ဖို့ ခန္ဓာကိုယ် တစ်ခုလုံးရဲ့ စွမ်းရည်နဲ့ ကယ်လိုရီဓာတ်တွေ
ပြည့်ဝဖို့လိုပါတယ်။ ကယ်လိုရီ ဓာတ်အလုံအလောက် မရှိရင် အချမ်းဒဏ်ကို မခုခံနိုင်တော့ပါဘူး။
လူတစ်ယောက်ဟာ သူရဲ့ ကျောက်ကပ်တွေ ကောင်းကောင်းအလုပ်မလုပ်နိုင်ရင်ယန်ဓာတ်
နည်းပါးပြီးမူးဝေခြင်း၊ရင်တုန်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ခါးနာခြင်း၊ဆီးသွားရတာ မဝခြင်း
နည်းပါးပြီးမူးဝေခြင်း၊ရင်တုန်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ခါးနာခြင်း၊ဆီးသွားရတာ မဝခြင်း
စတဲ့ရောဂါ လက္ခဏာတွေ ခံစားရတတ်ပါတယ်။
ဒါကြောင့် ကျောက်ကပ်သန်မာအောင် ကျန်းမာရေး လေ့ကျင်ခန်းတွေ လုပ်ပေးဖို့ လိုလာပါတယ်။
ကျောက်ကပ်သန်မာအောင် လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးခြင်း တခြားရောဂါတွေ
မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ တရုတ်ရိုးရာတိုင်းရင်းဆေးမှာ ကျောက်ကပ်
သန်မာအောင်လုပ်တဲ့ နည်းတွေ အမျိုးမျိုးရှိပါတယ်။ ဆောင်းရာသီမှာ နေ့တာတိုပြီး ည
တာရှည်လေ့ရှိတာ သတိထားမိကြပါလိမ့်မယ်။
ဒါကြောင့် ညဘက် စောစောအိပ်ပြီး နံနက်ကို နောက်ကျပြီးမှ အိပ်ရာက ထပါ။အိပ်ရာက
နိုးတာနဲ့ နေရောင်ခြည်ကို ရယူပြီး နေရောင်အောက်မှာ နေပူစာ လှုံပေးပါ။
ကယ်လိုရီဓာတ်များများပါတဲ့ အစားအစာတွေ များများစားပေးပါ။ အင်္ကျီအဝတ်အစားတွေကို
ကျပ်ကျပ်မဝတ်ဘဲ ပွရောင်းပြီးထူထဲတဲ့ အဝတ်အစားတွေ ဝတ်ဆင်သင့်ကြောင်းလည်း
အကြံပေးထားပါတယ်။ အသက်ကြီးသူ၊ အားနည်းသူတွေအတွက်ကျောက်ကပ်ကို
အားအင်ပြည့်ဖြိုးစေနိုင်တဲ့ အစားအစာတွေ စားပေးရပါတယ်။
အဲဒါတွေကတော့ ဆိတ်သားပြုတ်ကြော်၊ သိုးသားကင်၊ ကြက်စွပ်ပြုတ်ရည်၊ ဘဲသားတို့ပါပဲ။
ဆောင်ရာသီမှာ ကျောက်ကပ်သန်မာအောင် လေ့ကျင့်နည်းတွေ ကတော့အောက်ပါ အတိုင်းပါပဲ။
(၁)လေ့ကျင့်ခန်း
ခြေနှစ်ချောင်းကို တစ်ထွာခန့် ခွာလျက် မတ်တတ်ရပ်ပါ။လက်နှစ်ဘက်ကို ဆန့်လျက်
ဖြည်းဖြည်းချင်း အပေါ်သို့ မြှောက်ပါ။ခေါင်းပေါ်ရောက်တဲ့ အခါပြန်ပြီး မူလနေရာကို
ဖြည်းညင်းစွာ ချထားပါ။ လေးကြိမ်ပြုလုပ်ပါ။တစ်နေ့လျှင် လေးကျော့လေ့ကျင့်ပေးပါ။
သတိပြုရန်မှာ
လေ့ကျင့်ခန်း(၁)ကို မပြုလုပ်မီ အကြောများ ဖြေလျှော့လျက် သက်သက်သာသာနေပါ။
လက်နှစ်ဖက်ဆန့်လျက် ခေါင်းပေါ်ရောက်အောင်မြှောက်သည်အခါ အသက်ကို ရှူသွင်းပါ။
ပြန်ချသည့်အခါ အသက်ကို ရှူထုတ်ပါ။ လေ့ကျင့်ခန်းကို ဖြည်းဖြည်းနှင့် ညင်သာစွာပြုလုပ်ပါ။
အကြောအဆစ်များ ဖြေလျှော့လျက်၊ သွေးလှည့်ပတ်မှုကို လှုံ့ဆော်ပေးသဖြင့်
ခန္ဓာကိုယ်လိုအပ်သော အားအင်နှင့် ကျောက်ကပ်သန်မာမှုကို ပေးပါသည်။
မောပန်မှု ကိုလည်း ပြေပျောက်စေပါသည်။
(၂)လေ့ကျင့်ခန်း
ခြေနှစ်ချောင်းချလျက် မတ်မတ်ထိုင်ပါ။ ဘယ်ပေါင်ပေါ် ဘယ်လက်၊ ညာပေါင်ပေါ်
ညာလက်တင်ထားပါ။ ဘယ်လက်ကို တံတောင်ဆစ်ကွေးလျက်လေထဲထွင်
ပစ္စည်းတစ်ခုခုကို မြှောက်လိုက် ချလိုက် လုပ်သကဲ့သို့ လက်ကို လက်ဖဝါးအထက်သို့ လှန်လျက်
အထက် အောက်လှုပ်ရှားပါ။ပြီးလျှင် ညာလက်ကို ဘယ်လက်အတိုင်း လှုပ်ရှားပါ။
လေ့ကျင့်ခန်းကို တစ်နေ့လျှင် လေးကြိမ်ပြုလုပ်ပါ။
သတိပြုရန်
လေထဲတွင် လက်ကို လှုပ်ရှားနေစဉ် အသက်ကို ရှူသွင်းလျက် လက်ကို ပေါင်ပေါ်သို့
ပြန်ချထားသည့် အခါတွင်မှ အသက်ကို ရှူထုတ်ပါ။
(၃)လေ့ကျင့်ခန်း
လေ့ကျင့်ခန်း(၂)မှာ ကဲ့သို့ ခြေနှစ်ချောင်း တွဲလောင်းချထိုင်ပါ။ပြီးလျှင် ကိုယ်ကို
တည့်မတ်ထားလျက် ခါးမှ ဘယ်ဘက်တစ်ကြိမ်၊ညာဘက် တစ်ကြိမ် လေးကြိမ်စီ လှည့်ပေးပါ။
ပြီးလျှင် ခြေထောက်ကို ဘယ်ညာလွှဲပေးပါ။မိမိနိုင်သလောက် လေ့ကျင့်မှုအကြိမ်ကို
ပြုလုပ်လေ့ကျင့်ပါ။
သတိပြုရန်
ကိုယ်ကို ဘယ်ညာလှည့်ရာတွင် အကြောများ ဖြေလျော့ထားလျက် ဖြည်းညင်းစွာ လှည့်ပေးပါ။
ကိုယ်ကို ဘယ်ညာလှည့်ပေးခြင်းသည်ကျောက်ကပ်ကို သန်မာစေရုံသာမကကျောဘက်ရှိ
ကြွက်သားများကိုပါ အထောက်အကူဖြစ်စေပါသည်။
(၄)လေ့ကျင့်ခန်း
မတ်မတ်ထိုင်လျက် လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာသည်အထိ ပွတ်ပေးပါ။ ပြီးလျှင် ကျောဘတ်သို့
လက်ဖဝါးဖြင့် အထက်အောက် ပွတ်ပေးပါ။ကျောတစ်လျှောက် ပူနွေးမှု ခံစားရသကဲ့သို့
လက်ဖဝါးဖြင့် အထက်အောက် ပွတ်ပေးပါ။ကျောတစ်လျှောက် ပူနွေးမှု ခံစားရသကဲ့သို့
ကျောက်ကပ်ကိုပါ အပူဓာတ်ရစေပါသည်။ထိုအပြင် ကျောပြင်ရှိ ကြွက်သားများသန်မာစေပြီး
သွေးလှည့်ပတ်မှုကိုပါ ကောင်းစေပါသည်။ ကြွက်သားနှင့် အဆစ်များလည်း ပြေလျော့စေပါသည်။
(၅)လေ့ကျင့်ခန်း
ပေါင်နှစ်ခုကို ပူးကပ်ထားပြီး မတ်တပ်ရပ်ပါ။ ခြေမျက်စိချင်းထိနေပါစေ။ လက်ကောက်ဝတ်ချင်း
ယှက်လျက် ရင်ဘတ်ရှေ့တွင် ထားပြီး လက်များကို ခေါင်းကျော်သည်ထိ မြှောက်တင်ပါ။ ပြီးလျှင်
ခါးမှ ကွေးလျက် လက်ဖျားနှင့် မြေကြီးထိအောင်ရှေ့သို့ ကုန်းချပါ။ပြီးလျှင်ဒူးကို လက်နှင့်
ပိုက်လျက် ဆောင့်ကြောင့် ထိုင်လိုက်ပါ။ လေ့ကျင့်ခန်းကို ၁၀ကြိမ်ပြုလုပ်ပါ။
ဖော်ပြပါ လေ့ကျင့်ခန်းများသည် ကျောက်ကပ်များ သန်မာစေရုံသာမက ခန္ဓာကိုယ်အတွက်
လိုအပ်သော စွမ်းရည်များ တိုးတက် စေပါသည်။ သွေးလှည့်ပတ်မှုကို ကောင်းစေသည့်
အတွက် ဆောင်းရာသီကဲ့သို့ အေးချမ်းသည့် အချိန်တွင် နွေးထွေးမှုကို ပေးပါသည်။
ထို့အပြင် ကျောက်ကပ် ၊ ဆီးအိမ်များနှင့် ပတ်သက်သော ရောဂါများဖြစ်သည့် ခါးနာခြင်း ၊
ဒူးရောင်ခြင်း၊ ပန်းသေခြင်း၊ အမျိုးသမီးများ မီးယပ်အဖြူဆင်းခြင်း၊ မူးဝေခြင်း
အစရှိသည့် ဝေဒနာများကို သက်သာ ပျောက်ကင်းစေနိုင်ကြောင်း သိရပါသည်။
ဒေါက်တာအောင်နိုင်
(ဆေးသုတေသန)
ကျောက်ကပ်ရောဂါအတွက် ကုနည်း
သလင်းကျောက်လေးနဲ့ ကျောက်ကပ်နေရာကို ကပ်လိုက် ခွာလိုက် လုပ်ပေးပါ။
သလင်းကျောက်နဲ့ ရောဂါနေရာကို တစ်မိနစ်တိတိ ထိပေးပါ။ တစ်မိနစ်ပြည့်လျှင် ခွာလိုက်
၊နောက်ပြန်ကပ်လိုက်ပြုလုပ်ပေးပါ။ ဒီနည်းသည် ရောဂါဝေဒနာ သက်သာလာသည့် ကို
တွေ့ရပါမည်။
(သလင်းကျောက်ဟာ မြေထွက်ကျောက်မျိုးတွင် အခြားရောင်ခြည်ရောင်စဉ်ကို
ဘေးဖြာထုတ်ပေးပါတယ်။တစ်ခြား မြေထွက်ကျောက်မျိုးတွေဟာ သူတို့ရောင်ခြည်
အတွင်းဝေ့ဝင်ပါတယ်။ရောင်စဉ်တိုင်းကိရိယာနဲ့ ကြည့်ရင် ထင်းရှားစွာတွေ့နိုင်ပါသည်။)
သလင်းကျောက်ကို ဂျပန်တွေဟာ ဒါကြောင့် လည်ဆွဲ အဖြစ် ဝတ်ဆင်ကြပါတယ်။
ဆရာသာဂဒိုး
(စူလာနဖာနှင့် ဆေးနည်း ဆေးပင်များ၂)
ကျန်းမာကြပါစေ………………..သိန်းဇော်
ဆီးချို နှင့် နှလုံးရောဂါ
ဆီးချို နှင့် နှလုံးရောဂါ ကာကွယ်လိုသူများအတွက် အစွမ်းလည်းထက် အရသာလည်းရှိသော ဓာတ်စာတစ်ခု
[By Zayar Myatkhaing]
Almond
ဟုခေါ်သော အခွံမာသီး အဆန်များ ပုံမှန် စားသုံးပေးခြင်းသည် ဆီးချိုရောဂါ
နှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများကို သိသာစွာ လျှော့ချနိုင်ကြောင်း
အမေရိကန် သုတေသီများ၏ နောက်ဆုံး သုတေသနရလဒ် တစ်ခုအရ တွေ့ရှိ
အတည်ပြုနိုင်ခဲ့သည်။ Al...mond ခေါ် အခွံမာသီး အဆန်များဆိုသည်မှာ
ချောကလက်များတွင် ပါရှိတတ်သော ဆိမ့်သည့် အရသာ ရှိသော အဆန်များ ဖြစ်သည်။
ရက်သတ္တ ၁၆ ပတ်ကျော် ကြာမြင့်ခဲ့သော အဆိုပါ
သုတေသနတွင် ပါဝင် အစမ်းသပ်ခံသူများသည် တစ်နေ့တာ အစားအသောက်အားလုံး၏ ၂၀%
အဖြစ် အခွံမာသီး အဆန်များအား စားသုံးခဲ့ကြသည်။ ၄င်းတို့၏ သွေးတွင်းရှိ
LDL-cholesterol ခေါ် မကောင်းသော ကိုလက်စထရော အဆီဓာတ်များ သိသာစွာ
ကျဆင်းသွားပြီး ဆီးချို ဖြစ်စေမှုကို ကာကွယ်ပေးသော အင်ဆူလင် ဟော်မုန်း၏
စွမ်းရည် (insulin sensitivity) ကိုပါ အထူးကောင်းမွန်စေကြောင်း သိပ္ပံနည်းကျ
စမ်းသပ် အတည်ပြု နိုင်ခဲ့သည်။ ထိုသို့သော အရည်အသွေး အာနိသင်များကြောင့်
အခွံမာသီး အဆန်များ ပုံမှန် စားသုံးပေးခြင်းသည် ဆီးချိုရောဂါ နှင့်
နှလုံးသွေးကြောဆိုင်ရာ ရောဂါများကို ကာကွယ်ရာ ရောက်စေသည်ဟု အမေရိကန်
ကျန်းမာရေး ပညာရှင်များက ပြောပြခဲ့သည်။
ယခုတွေ့ရှိချက် ရလဒ်နှင့် ပတ်သက်၍ နာမည်ကျော်
အမေရိကန် ကျန်းမာရေး မီဒီယာတစ်ခုဖြစ်သော Hive Health Media မှ
"ယနေ့ခေတ်တွင် အမေရိကန် နိုင်ငံသားများထဲမှ ၁၆ သန်းသည် ဆီးချိုရောဂါ
ဝင်တော့မည့် အနေအထား ရှိနေပေရာ Almond အဆန်များကို ပုံမှန်
အစားအသောက်ထဲတွင် နေ့စဉ် ထည့်စားပေးခြင်းဖြင့် ဤအနေအထားကို
တားဆီးကာကွယ်နိုင်မည်ဟု မျှော်လင့်ပါသည်" ဟု ၄င်းတို့၏ ၀က်ဘ်ဆိုက်တွင်
ရေးသားဖော်ပြခဲ့သည်။
Written by : ဒေါက်တာသီဟသစ်
SIM Card အကြောင်း သိကောင်းစရာ
SIM ဆိုတာ မိုဘိုင်းဖုန်းတွေနဲ့ ကွန်ပျူတာတွေလိုမျိုး စက်ပစ္စည်းတွေမှာ
Subscriber တွေအသုံးပြုနိုင်ဖို့ ID အလိုက် တိုက်ဆိုင်စစ်ဆေးတဲ့ သက်ဆိုင်ရာ
key တွေနဲ့ International Mobile Subscriber Identity (IMSI) တို့ကို
လုံခြုံစွာထိန်းသိမ်းထားနိုင်တဲ့ Integrated Circuit တစ်ခုပဲဖြစ်ပါတယ်။
Subscriber Identity Module ( Subscriber Identification Module)
ရဲ့အတိုကောက်ပါ။
လွယ်လွယ်ကူကူသယ်ဆောင်နိုင်တဲ့ memory chip အမျိုးအစား ဖြစ်ပြီး GSM (Global
System for Mobile Communications) network မှာသုံးတဲ့ cell phone တွေမှာ
အသုံးများပါတယ်။
SIM Card တွေကို H1, H2, H3,H4 ဆိုပြီးအမျိုးအစားလေးမျိုးခွဲခြားထား ပါတယ်။
H1= Normal Network
H2= Better Network , Means Strong
H3= More Better Network , Means Stronger
H4= Normal, Better, More Better Is Nothing In Front OF This Sim
များသောအားဖြင့်တော့ H4 SIM တွေကို အဖွဲ့အစည်းတွေနဲ့ စစ်ဘက်မှ အရေးကြီး
ပုဂ္ဂိုလ်တွေအတွက် ထုတ်လုပ်လေ့ရှိပါတယ်။ မိုဘိုင်းကုမ္ပဏီတွေဟာ User
တိုင်းအတွက် H4 SIM တွေ ထုတ်ပေးလေ့ မရှိပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီ Card
တွေက bandwidth ပိုစားလို့ ဖြစ်ပါတယ်။ ကိုယ် ဘယ် SIM card အမျိုးအစားကို
အသုံးပြုနေသလဲ သိချင်ရင် SIM card ရဲ့ ကျောဘက်မှာပါတဲ့ Sim No. နဲ့ Sim
Type ကိုကြည့်ပြီး သိနိုင်ပါတယ်။
SIM card အရွယ်အစားအမျိုးမျိုးရှိပြီး ဖုန်းအများစုကတော့ mini-SIM
ဒါမှမဟုတ် micro-SIM card တွေကို အသုံးပြုပါတယ်။ mini-SIM ရဲ့အရွယ်အစားက
25mm x 15 mm ရှိပြီး micro-SIM ကတော့ 15 mm x 12 mm ရှိပါတယ်။ card
အရွယ်အစားအားလုံးဟာ 0.76 mm အထူရှိပါတယ်။ ဘယ်အရွယ်အစား Sim card မျိုးမဆို
သူ့မှာပါဝင်တဲ့ microchip က အရွယ်အစားနဲ့လုပ်ဆောင်ပုံ အတူတူပဲဖြစ်တဲ့အတွက်
အရွယ်အစားသေးတဲ့ card တွေကိုလည်း (အံဝင်ဂွင်ကျသာတပ်ဆင်ရင်) card
အကြီးသုံးတဲ့ ဖုန်းတွေမှာပါ သုံးစွဲနိုင်ပါတယ်။
SIM card တွေမှာ User ရဲ့အချက်အလက်တွေနဲ့ call log တွေ
ဖုန်းအ၀င်အထွက်မှတ်တမ်းတွေကို တခြားသူတွေ မသိရှိနိုင်စေမယ့်
လုံခြုံရေးအစီအမံတစ်ရပ်လည်းပါဝင်ပါတယ်။ SIM card ကို lock ချထားနိုင်ပြီး
PIN လို့ ခေါ်တဲ့ Personal Identification Number ကို သိရှိသူမှသာ SIM card
ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ SIM card ကိုသာ Lock လုပ်ထားမယ်ဆိုရင်
ကိုယ့်ဖုန်းအခိုးခံရရင်တောင် PIN ကို မသိဘဲ SIM card ကို အသုံးပြုနိုင်မှာ
မဟုတ်သလို (SIM card ထဲမှာရှိတဲ့) ကိုယ့်အချက်အလက်တွေကိုလည်း
ရယူနိုင်မှာမဟုတ်ပါဘူး။
Tech & Security NewsRef: google+
ခုနှစ်ရက်အတွင်း ဆယ်ပေါင် နှင့်အထက် အဆီချ Diet Program
အဆီကျဟင်းရည် ချက်နည်း
ကြက်သွန်နီဥကြီး 6 လုံး
ငရုတ်သီးပွ (အစိမ်း) 2 ခု
ခရမ်းချဉ်သီး 6 လုံး
တ၇ုတ် နံနံပင်
ဂေါ်ဖီထုပ် 1 လုံး
Lapton Omon Soup Mix တစ်ထုပ် (လိုအပ်လျှင် စွပ်ပြုတ်အခဲ (၁-၂) ခဲ)
အရသာရှိစေရန် ဆား၊ ငရုတ်ကောင်း၊ မဆလာ၊ အမွှေးအကြိုင် လိုအပ်သလိုထည့်ပါ။ (တုန်ယမ်း ချဉ်စပ် အနှစ်နဲ့ တွဲဖက်ချက်လျှင်လည်းရပါသည်… ကျွန်တော်ကတော့ တုန်ယမ်းနှင့်တွဲချက်ပါသည်…. အနံအသက် အတော်သက်သာသည်ကို တွေ့ရပါသည်..)
အသီးအရွက်များကို အရွယ်တော် အတုံးများဖြစ်အောင်ဖြတ်ပါ။ ရေဖုံးအောင်ထည့်ပါ။ သစ်သီး၊ ဟင်းသီးဟင်းရွက်မှ ရသောအရည်များကို ထည့်ခြင်းဖြင့်လည်း အနံ့နှင့် အရသာကို ပိုမိုကောင်းမွန်စေပါသည်။
ပွက်ပွက်ဆူ အနေအထားမှာ ၁၀ မိနစ်ခန့် ထားပါ။ ထို့နောက် မီးလျှော့ပြီး ဟင်းသီးဟင်းရွက် များကို နူးနပ်သည်အထိ ချက်ပါ။
အထက်ပါအဆီကျဟင်းရည်ကို အချိန်မရွေး၊ စားချင်သလောက် စားသုံးနိုင်ပါသည်။ ဤဟင်းရည်ကို စားသုံးခြင်းဖြင့် ကယ်လိုရီများမတိုးလာနိုင်ပါ။ များများစားလေ အလေးချိန်ပိုလျော့နိုင်လေဖြစ်ပါသည်။ အလွန်ကြာရှည်စွာစားသုံးလျှင်မူ အာဟာရချို့တဲ့ခြင်းဖြစ်လာနိုင်ပါသည်။ နေ့လည်ပိုင်းများတွင် အပြင်သွားနေရမည် ဆိုပါက ထမင်းချိုင့်ထဲထည့်၍ သယ်ယူသုံးဆောင်နိုင်ပါသည်။
(၇) ရက်စားသုံးနည်းအစီအစဉ်ကို သင်အဆင်ပြေသလို စားသုံးနိုင်ပါသည်။ အညွှန်းအတိုင်း တိကျစွာလိုက်နာပါက သင့်ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများ သန့်စင်သွားပါ လိမ့်မည်။ ပေါ့ပါး ကျန်းမာခြင်း ကိုလည်း ခံစားရပါလိမ့်မည်။
ဤအစီအစဉ်ကို ရက်အနည်းငယ်အတွင်းမှပါပင် ပေါ့ပါးလာသည်ကို တွေ့ရမည်ဖြစ်ပြီး ခွန်အားများလည်း ရှိလာမည်ဖြစ်သည်။ ဤအစီအစဉ်ကို သင်စားနိုင်သလောက်အချိန်အထိ ကြာရှည်စွာစားသုံးနိုင်ပါသည်။ ဤစားသုံးနည်းသည် အဆီများကို လျှင်မြန်စွာ ချေဖျက်နိုင်သည့်နည်း ဖြစ်ပြီး အဓိကလျှို့ဝှက်ချက်မှာ ကယ်လိုရီများကို သင်စားသုံးနိုင်သည့်ပမာဏထက်ပို၍ ချေဖျက်နိုင်ခြင်းဖြစ်ပါသည်။
ဤစားသုံးနည်းကို စားသုံးနေချိန်အတွင်း ကိုယ်ခန္ဓာအတွင်းရှိအဆီများကို ဖယ်ရှားနေသည့် ကာလဖြစ်သောကြောင့် အရက်၊ ယမကာသောက်ခြင်း မသင့်လျော်ပါ။ ဤဟင်းရည်စားသုံးခြင်းကို အနည်းဆုံး ၂၄ နာရီခွာ၍ ရပ်ပြီးမှ အရက် သုံးဆောင်သင့်ပါသည်။
လူတစ်ဦးစီ၏ အစာချေဖျက်စနစ်မတူညီသောကြောင့် ဤစားသုံးနည်း၏ လူတစ်ဦးစီပေါ် သက်ရောက်မှုမှာလည်း ကွဲပြားနိုင်ပါသည်။ ဤစားသုံးနည်းကိုစတင်ပြီး ရက်အနည်းငယ်အတွင်း သင်၏၀မ်းဗိုက်လှုပ်ရှားမှုအခြေအနေ ပြောင်းလဲခဲ့ပါက bran နှင့် fibre ကိုတစ်ခွက်စာစားသုံးနိုင်ပါသည်။ ဤ (၇) ရက်အတွင်း ဘလက်ကော်ဖီ သုံးဆောင်နိုင်သော်လည်း ကော်ဖီမှ ကဖိန်းဓာတ်ကို မလိုအပ်တော့ကြောင်း (၃) ရက်အကြာတွင်တွေ့ရလိမ့်မည်။
အထူးရှောင်ကြဉ်ရန်
ပေါင်မုန့်၊ အရက်နှင့် ဂက်စ်ပါသော အချိုရည်များကို ရှောင်ရပါမည်။ ရေ၊ အချိုမပါသော လက်ဖက်ရည်၊ ဘလက်ကော်ဖီ၊ အချိုမပါသော အသီးဖျော်ရည်များနှင့် အဆီဖယ်ထုတ်ထားသော နွားနို့တို့ကို သုံးဆောင်နိုင်ပါသည်။ အရေခွံမပါသော ကြက်သားပြုတ် (သို့) ကြက်သားကင်ကို အမဲသားအစား သုံးဆောင်နိုင်ပါသည်။ သင်ပိုမိုနှစ်သက်မည်ဆိုပါက အမဲသားစားရမည့်တစ်ရက်ကို ငါးပြုတ်နှင့် အစားထိုးနိုင်ပါသည်။ နောက်တစ်ရက်မှာတော့ အမဲသားမှာပါတဲ့ ပရိုတင်းဓာတ်ကို သင်လိုပါလိမ့်မည်။
ဤအဆီကျဟင်းရည်ကို ဆာလောင်သည့် အချိန်တိုင်း၊ ကြိုက်သလောက် ထပ်ကာထပ်ကာ စားသုံးနိုင်ပါသည်။ ဤဟင်းရည်ကို စားသုံးခြင်းဖြင့် ကယ်လိုရီမတိုးလာနိုင်ပါ။ များများစားလေ များများ အလေးချိန် ပိုလျော့လေဖြစ်ပါသည်။
မည်သည့်ဆေးဝါးမဆို ဤစားသုံးနည်းအစီအစဉ်ဖြင့် အန္တရာယ်မဖြစ်လာနိုင်ပါ။ သင်လိုသလောက်အချိန် ကာလအထိ ဤအစီအစဉ်ကို အသုံးပြုနိုင်ပါသည်။ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကို သင်ကိုယ်တွေ့ခံစားကြည့်ပါ။
Satred Heart Hospital မှ ခွဲစိတ်ကုသမှုမခံယူမီ ကိုယ်အလေးချိန်လျင်မြန်စွာကျဆင်းရန် လိုအပ်သော အ၀လွန်လူနာများအတွက် အသုံးပြုသည်။
ပထမနေ့
ကြက်သွန်နီဥကြီး 6 လုံး
ငရုတ်သီးပွ (အစိမ်း) 2 ခု
ခရမ်းချဉ်သီး 6 လုံး
တ၇ုတ် နံနံပင်
ဂေါ်ဖီထုပ် 1 လုံး
Lapton Omon Soup Mix တစ်ထုပ် (လိုအပ်လျှင် စွပ်ပြုတ်အခဲ (၁-၂) ခဲ)
အရသာရှိစေရန် ဆား၊ ငရုတ်ကောင်း၊ မဆလာ၊ အမွှေးအကြိုင် လိုအပ်သလိုထည့်ပါ။ (တုန်ယမ်း ချဉ်စပ် အနှစ်နဲ့ တွဲဖက်ချက်လျှင်လည်းရပါသည်… ကျွန်တော်ကတော့ တုန်ယမ်းနှင့်တွဲချက်ပါသည်…. အနံအသက် အတော်သက်သာသည်ကို တွေ့ရပါသည်..)
အသီးအရွက်များကို အရွယ်တော် အတုံးများဖြစ်အောင်ဖြတ်ပါ။ ရေဖုံးအောင်ထည့်ပါ။ သစ်သီး၊ ဟင်းသီးဟင်းရွက်မှ ရသောအရည်များကို ထည့်ခြင်းဖြင့်လည်း အနံ့နှင့် အရသာကို ပိုမိုကောင်းမွန်စေပါသည်။
ပွက်ပွက်ဆူ အနေအထားမှာ ၁၀ မိနစ်ခန့် ထားပါ။ ထို့နောက် မီးလျှော့ပြီး ဟင်းသီးဟင်းရွက် များကို နူးနပ်သည်အထိ ချက်ပါ။
အထက်ပါအဆီကျဟင်းရည်ကို အချိန်မရွေး၊ စားချင်သလောက် စားသုံးနိုင်ပါသည်။ ဤဟင်းရည်ကို စားသုံးခြင်းဖြင့် ကယ်လိုရီများမတိုးလာနိုင်ပါ။ များများစားလေ အလေးချိန်ပိုလျော့နိုင်လေဖြစ်ပါသည်။ အလွန်ကြာရှည်စွာစားသုံးလျှင်မူ အာဟာရချို့တဲ့ခြင်းဖြစ်လာနိုင်ပါသည်။ နေ့လည်ပိုင်းများတွင် အပြင်သွားနေရမည် ဆိုပါက ထမင်းချိုင့်ထဲထည့်၍ သယ်ယူသုံးဆောင်နိုင်ပါသည်။
(၇) ရက်စားသုံးနည်းအစီအစဉ်ကို သင်အဆင်ပြေသလို စားသုံးနိုင်ပါသည်။ အညွှန်းအတိုင်း တိကျစွာလိုက်နာပါက သင့်ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများ သန့်စင်သွားပါ လိမ့်မည်။ ပေါ့ပါး ကျန်းမာခြင်း ကိုလည်း ခံစားရပါလိမ့်မည်။
ဤအစီအစဉ်ကို ရက်အနည်းငယ်အတွင်းမှပါပင် ပေါ့ပါးလာသည်ကို တွေ့ရမည်ဖြစ်ပြီး ခွန်အားများလည်း ရှိလာမည်ဖြစ်သည်။ ဤအစီအစဉ်ကို သင်စားနိုင်သလောက်အချိန်အထိ ကြာရှည်စွာစားသုံးနိုင်ပါသည်။ ဤစားသုံးနည်းသည် အဆီများကို လျှင်မြန်စွာ ချေဖျက်နိုင်သည့်နည်း ဖြစ်ပြီး အဓိကလျှို့ဝှက်ချက်မှာ ကယ်လိုရီများကို သင်စားသုံးနိုင်သည့်ပမာဏထက်ပို၍ ချေဖျက်နိုင်ခြင်းဖြစ်ပါသည်။
ဤစားသုံးနည်းကို စားသုံးနေချိန်အတွင်း ကိုယ်ခန္ဓာအတွင်းရှိအဆီများကို ဖယ်ရှားနေသည့် ကာလဖြစ်သောကြောင့် အရက်၊ ယမကာသောက်ခြင်း မသင့်လျော်ပါ။ ဤဟင်းရည်စားသုံးခြင်းကို အနည်းဆုံး ၂၄ နာရီခွာ၍ ရပ်ပြီးမှ အရက် သုံးဆောင်သင့်ပါသည်။
လူတစ်ဦးစီ၏ အစာချေဖျက်စနစ်မတူညီသောကြောင့် ဤစားသုံးနည်း၏ လူတစ်ဦးစီပေါ် သက်ရောက်မှုမှာလည်း ကွဲပြားနိုင်ပါသည်။ ဤစားသုံးနည်းကိုစတင်ပြီး ရက်အနည်းငယ်အတွင်း သင်၏၀မ်းဗိုက်လှုပ်ရှားမှုအခြေအနေ ပြောင်းလဲခဲ့ပါက bran နှင့် fibre ကိုတစ်ခွက်စာစားသုံးနိုင်ပါသည်။ ဤ (၇) ရက်အတွင်း ဘလက်ကော်ဖီ သုံးဆောင်နိုင်သော်လည်း ကော်ဖီမှ ကဖိန်းဓာတ်ကို မလိုအပ်တော့ကြောင်း (၃) ရက်အကြာတွင်တွေ့ရလိမ့်မည်။
အထူးရှောင်ကြဉ်ရန်
ပေါင်မုန့်၊ အရက်နှင့် ဂက်စ်ပါသော အချိုရည်များကို ရှောင်ရပါမည်။ ရေ၊ အချိုမပါသော လက်ဖက်ရည်၊ ဘလက်ကော်ဖီ၊ အချိုမပါသော အသီးဖျော်ရည်များနှင့် အဆီဖယ်ထုတ်ထားသော နွားနို့တို့ကို သုံးဆောင်နိုင်ပါသည်။ အရေခွံမပါသော ကြက်သားပြုတ် (သို့) ကြက်သားကင်ကို အမဲသားအစား သုံးဆောင်နိုင်ပါသည်။ သင်ပိုမိုနှစ်သက်မည်ဆိုပါက အမဲသားစားရမည့်တစ်ရက်ကို ငါးပြုတ်နှင့် အစားထိုးနိုင်ပါသည်။ နောက်တစ်ရက်မှာတော့ အမဲသားမှာပါတဲ့ ပရိုတင်းဓာတ်ကို သင်လိုပါလိမ့်မည်။
ဤအဆီကျဟင်းရည်ကို ဆာလောင်သည့် အချိန်တိုင်း၊ ကြိုက်သလောက် ထပ်ကာထပ်ကာ စားသုံးနိုင်ပါသည်။ ဤဟင်းရည်ကို စားသုံးခြင်းဖြင့် ကယ်လိုရီမတိုးလာနိုင်ပါ။ များများစားလေ များများ အလေးချိန် ပိုလျော့လေဖြစ်ပါသည်။
မည်သည့်ဆေးဝါးမဆို ဤစားသုံးနည်းအစီအစဉ်ဖြင့် အန္တရာယ်မဖြစ်လာနိုင်ပါ။ သင်လိုသလောက်အချိန် ကာလအထိ ဤအစီအစဉ်ကို အသုံးပြုနိုင်ပါသည်။ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကို သင်ကိုယ်တွေ့ခံစားကြည့်ပါ။
Satred Heart Hospital မှ ခွဲစိတ်ကုသမှုမခံယူမီ ကိုယ်အလေးချိန်လျင်မြန်စွာကျဆင်းရန် လိုအပ်သော အ၀လွန်လူနာများအတွက် အသုံးပြုသည်။
ပထမနေ့
သစ်သီးများအားလုံး (ငှက်ပျောသီးမှအပ)၊ ပထမနေ့တွင်ငှက်ပျောသီးမှ အပ၊ အခြားသစ်သီးများအားလုံးကို စားသုံးနိုင်ပါသည်။ သခွားမွှေးသီးနှင့် ဖရဲသီးများမှာ အခြားသစ်သီးများထက် ကယ်လိုရီပါဝင်မှု လျော့နည်းပါသည်။ ပထမနေ့တွင်အဆီကျဟင်းရည်နှင့် သစ်သီးများကိုသာ စားသုံးခွင့်ရှိပါသည်။ အချိုမပါသော လက်ဖက်ရည်၊ cranberry juice နှင့်ရေကို သောက်သုံးနိုင်ပါသည်။ (ကျွန်တော့ တုန်းက တော့ .. ဖရဲသီး နှင့် အဲဒီဟင်းရည်နှစ်မျိုးတည်းကို ပဲ သောက်ပါတယ်.. ပထမနေ့မှာ အတော်ခံရခက်ပါလိမ့်မယ်… စိတ်လည်း တိုတတ်ပါတယ်… )
ဒုတိယနေ့
ဟင်းသီးဟင်းရွက်များအားလုံး၊ အစိမ်းဖြစ်စေ၊ ကျက်ပြီးသားဖြစ်စေ သင်ကြိုက်ရာ ဟင်းသီးဟင်းရွက်များကို ဗိုက်ပြည့်သည်အထိ စားသုံးနိုင်ပါသည်။ အစိမ်းရောင်ရှိ၊ အရွက်ပါသော ဟင်းရွက်များကို ပို၍စားသုံးသင့်ပါသည်။ ပဲအမျိုးမျိုးနှင့် ပြောင်းဖူးများကိုတော့ ရှောင်ကြဉ်သင့်ပါသည်။ သင်ကြိုက်ရာ ဟင်းသီးဟင်းရွက်နှင့် အဆီကျဟင်းရည်ကိုတွဲဖက်၍ ညစာအတွက်သုံးဆောင်ပါ။ ကင်ထားတဲ့ အာလူးကြီးတစ်လုံးကို ထောပတ်နှင့်ရောပြီး တစ်ခါစားသုံးခွင့်ရှိပါသည်။ ဒုတိယနေ့မှာ အဆီကျဟင်းရည်ကို ကြိုက်သလောက်စားသုံးခွင့်ရှိပါသည်။ သစ်သီးစားခွင့်တော့မရှိပါ။ (ကန်စွန်းရွက် ဂေါ်ဖီထုတ် စတာတွေကို နည်းမျိုးစုံနဲ့ ကြော်စားခဲ့ပါတယ်… ဆီကို ပါလေ့ရုံ အနံ့ကလေး လောက်ထည့်ပြီးရေနဲ့ ကြော်ပါ…… အဆင်ပြေပါလိမ့်မယ်. …. သူတို့ ကတော့ ဘိုစာဆိုတော့ အာလူးကင်ပေါ့လေ… ကျွန်တော်ကတော့ နီးနီးနားနား အဆင်ပြေတဲ့ ကိုရီးယားထမင်းလိပ်တစ်ပွဲ ၀ယ်စားလိုက်ပါတယ်.. အဓိက ကစိဓာတ်ပါတာချင်းတူတူပဲလေ… . )
တတိယနေ့
ပထမနေ့နှင့် ဒုတိယနေ့ကို ရောပြီးစားပါ။ သင်ကြိုက်သလောက် အဆီကျဟင်းရည်၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးခွင့်ရှိပါသည်။ အာလူးပြုတ်ကိုတော့ စားခွင့်မရှိပါ။
စတုတ္ထနေ့
ငှက်ပျောသီးနှင့် အဆီထုတ်ထားသော နွားနို့၊ အဆီကျဟင်းရည်နှင့် တွဲဖက်စားသုံးတဲ့အခါမှာ ငှက်ပျောသီးကို (၈) လုံးအထိ စားခွင့်ရှိပြီး အဆီထုတ်ထားတဲ့နွားနို့ကိုတော့ ကြိုက်သလောက် သောက်ခွင့်ရှိပါ သည်။ ငှက်ပျောသီးနှင့် နွားနို့မှာ ကယ်လိုရီနှင့် ကာဗိုဟိုက်ဒြိတ် အများအပြားပါဝင်ပါတယ်။ ဒါပေမယ့် ဒီနေ့မှာ အချိုကိုတောင့်တစိတ်တွေ လျော့ကျသွားစေဖို့ အတွက် ပိုတက်ဆီယမ်၊ ကာဗိုဟိုက်ဒြိတ်၊ ပရိုတင်းနှင့် ကယ်(လ)စီယမ်တို့ကို သင့်ခန္ဓာကိုယ်က လိုအပ်ပါသည်။
(အဆီထုတ်ထားတဲ့ နွားနို့ ရှာမတွေ့နိုင်ခဲ့တာကြောင့် …. ငှက်ပျော်သီး ရှစ်လုံးကို မနက်စာအဖြစ် စားပြီး .. နေ့လည် နဲ့ ညနေကို အရွက်ကြော်ပဲစားခဲ့ပါတယ်… သူမှာတဲ့အတိုင်းတော့ မစားဖြစ်ခဲ့ပါဘူး)
ပဉ္စမနေ့
အမဲသားနှင့်ခရမ်းချဉ်သီး။ ၁၀-၂၀ အောင်စရှိတဲ့ အမဲသားကို လတ်ဆတ်တဲ့ ခရမ်းချဉ်သီး (၆)လုံး လောက်အထိတွဲပြီးစားသုံးနိုင်ပါသည်။ ခန္ဓာကိုယ်မှာရှိတဲ့ urine acid ကိုဆေးချဖို့အတွက် အနည်းဆုံးရေ (၈) ခွက် သောက်ပေးပါ။ အဆီကျဟင်းရည်ကို အနည်းဆုံးတစ်ခါလောက်တော့ စားသုံးဖို့လိုပါတယ်။
(ကြက်သားကို ပြုတ်လိုက်ပြီး …. ခရမ်းချဉ်သီးနဲ့ တွဲစားပါတယ်…. ညနေဗိုက်ဆာတော့လည်း ခရမ်းချဉ်သီးပဲစားပါတယ်…… )
ဆဌမနေ့
အမဲသားနှင့် ဟင်းသီးဟင်းရွက်များ။ ဒီနေ့အတွက်တော့ သင်ဆန္ဒရှိသလောက် အမဲသားနှင့် ဟင်းသီးဟင်းရွက်တွေ ရောပြီးစားသုံးနိုင်ပါတယ်။ အရွယ်တော်အသားတုံး (၆)တုံး လောက်အထိကို အရွက်ပါတဲ့ ဟင်းရွက်နှင့်တွဲပြီး စားသုံးနိုင်ပါတယ်။ အာလူးကင်ကိုတော့ စားခွင့်မရှိပါ။ အဆီကျဟင်းရည်ကို အနည်းဆုံးတစ်ခေါက်လောက်တော့ သောက်ဖြစ်အောင်ဂရုစိုက်ပြီး သောက်ပါ။
(ပျော်စရာကောင်းတဲ့နေ့ပါပဲ … ကြက်ကင် တစ်ခြမ်းဝယ်လိုက်ပြီး မနက်ညကို အရွက် တစ်မျိုးမျိုးနဲ့ တွဲကြော်ပြီး စားလိုက်တယ်…. ညနေဗိုက်ဆာတော့ ခရမ်းချဉ်သီးပဲစားပါတယ်…)
သတ္တမနေ့
ဆန်လုံးညို၊ အချိုမပါသော သစ်သီးရည်များနှင့် ဟင်းသီးဟင်းရွက်များ။ ဒီ (၃) မျိုးကိုလည်း ကြိုက်သလောက် စားနိုင်ခွင့်ရှိပါတယ်။ အဆီကျဟင်းရည်ကို လည်း မမေ့မလျော့ အနည်းဆုံးတစ်ခေါက်လောက် သုံးဆောင်ပေးပါ။
(သစ်သီးရည်က ရှာရခက်တာကြောင့် …. သစ်သီးနဲ့ အရွက်ကြော်ကို တတိယနေ့ ကစားသလိုပဲစားခဲ့ပါတယ်..)
(၇) ရက် ပြည့်ပြီး၊ သင့်ဘက်ကလည်း အညွှန်းအတိုင်း အတိအကျ လိုက်နာခဲ့တယ်ဆိုရင် (၁၀) ပေါင်ကနေ (၁၇) ပေါင် အထိ အလေးချိန်လျော့ကျပြီး ဖြစ်နေပါလိမ့်မယ်။ အကယ်၍ (၁၇) ပေါင်ထက်ပိုပြီး ကျသွားခဲ့တယ်ဆိုရင်တော့ ဒီစားသုံးနည်းကို နောက်တစ်ခါ ပထမနေ့ကပြန်မစခင် အနည်းဆုံး (၂) ရက် ရပ်ထားလိုက်ပါ
(တစ်ပါတ်ပြည့်တဲ့ အခါ ကိုးပေါင်တိတိကျပါတယ်…. ဒါက ဒီကြားထဲမှာ ကျွန်တော် တို့ ဟူးကြော်နည်းနည်းစားလိုက်တာ ပါလိမ့်မယ်ထင်ပါတယ်… နောက်မုန့်ဟင်းခါး တစ်ပွဲလည်း စားမိပါတယ်.. ကဲ ချစ်လှစွာသော သူငယ်ချင်းမိတ်ဆွေပရိသတ်များ လည်း တစ်ပါတ်လောက်စမ်းကြည့်စေချင်ပါတယ်…. အဆင်ပြေမှာပါ…. အစပိုင်းမှာ အနည်းငယ်ဒေါသကြီးပြီး နောက်ပိုင်းတော့ အသားကျလာမှာပါ…. အောင်မြင်ကြပါစေဗျာ…. )
(ဒီ diet program ကို ကျားမ မရွေးလုပ်နိုင်ပါတယ်)
မေတ္တာ သက်သက်ဖြင့်
လင်းလွန်းညို
Wednesday, April 17, 2013
ပညာသင်ယူခြင်း နည်းလမ်းနှစ်သွယ်
အပေါ်ယံလေ့လာသင်ယူခြင်း
ပညာရပ်တခုကို လေ့လာတဲ့အခါ အပေါ်ယံလေ့လာသင်ယူခြင်း နည်းလမ်းကို အသုံးပြုတတ်သူများဟာ အဓိကအားဖြင့် စာမေးပွဲအောင်ရေး၊ ဘွဲ့လက်မှတ်ရရှိရေး၊ ပညာရပ်တပိုင်းတစကို ရေတိုမှာ လိုသလို ဆွဲသုံးနိုင်ရေး စတဲ့ ရည်ရွယ်ချက် ရှိသူများ ဖြစ်ပါတယ်။ သူတို့ဟာ အလုပ်တခုကို ရေဆုံးရေဖျား ထိထိရောက်ရောက်ဖြစ်အောင် လုပ်နိုင်သူများ မဟုတ်ပဲ၊ ရေသာခို လှေကြုံစီးတတ်သူများ ဖြစ်လာလေ့ရှိပါတယ်။ သူတို့အတွက် လေ့လာသင်ယူခြင်းဆိုတာ အလွတ်မှတ်မိခြင်းနဲ့ မှတ်ထားတာတွေကို မှတ်ထားတဲ့ အတိုင်း ပြန်ပြောနိုင်ခြင်း ဖြစ်ပါတယ်။
အပေါ်ယံလေ့လာသင်ယူတတ်သူများရဲ့ လေ့လာသင်ယူခြင်းဆိုင်ရာ ဗျူဟာတွေကတော့ လေ့လာရမယ့် စာအုပ်စာပေထဲက ကောင်းနိုးရာရာ အချက်အလက်တွေကို စွဲထုတ်ပြီး၊ အလွတ်မှတ်မိနေအောင် ကျက်မှတ်ထားခြင်း ဖြစ်ပါတယ်။ လေ့လာနေတဲ့ ပညာရပ်ကို ကျွမ်းကျွမ်းကျင်ကျင် နားလည်အောင် ပြုလုပ်လေ့မရှိပါဘူး။ အလွတ်ကျက်မှတ်ခြင်းကိုပဲ ပြုလုပ်တတ်ကြပါတယ်။ ပညာရပ်ဆိုင်ရာ သဘောတရားတွေကို ဆက်စပ်တွေးခေါ်ခြင်း မရှိပဲ၊ ဦးနှောက်ထဲမှာ ပညာတွေ ကျန်ဖို့ထက် စာမေးပွဲအဖြေလွှာပေါ်မှာ ရေးချလိုက်နိုင်ဖို့ကိုသာ အာရုံစိုက်လေ့ ရှိကြပါတယ်။
ပညာရေးဆိုင်ရာ လေ့လာသူ Entwistle နဲ့ Marton တို့ကတော့ ပညာလေ့လာသင်ယူခြင်းဆိုတာ အလွတ်မှတ်မိခြင်းလို့ ရှုမြင်တတ်တဲ့ ကျောင်းသားတွေဟာ ပညာရပ်တွေကို အပေါ်ယံပဲ လေ့လာတတ်လေ့ရှိတာကြောင့် သက်ဆိုင်ရာပညာရပ်ကို နက်နက်နဲနဲ သိနားလည်ခြင်း မရှိကြဘူးလို့ ဆိုထားခဲ့ပါတယ်။
အပေါ်ယံလေ့လာသင်ယူတတ်သူများဟာ ပညာရပ်ရဲ့ အခြေခံသဘောတရားတွေကို လေ့လာတာထက် စာမေးပွဲမှာ ပါနိုင်မယ့် မေးခွန်းတွေမှာ အဖြေဘယ်လိုပေးရမလဲဆိုတာကိုပဲ ကြိုပြီး တွေးလေ့ရှိကြပါတယ်။ စာမေးပွဲနဲ့ အခြား စစ်ဆေးချက်တွေမှာ ကျရှုံးမှာကို အလွန်ပဲ စိုးရိမ်ပူပန်တတ်ကြပါတယ်။ ပညာလေ့လာသင်ယူနေချိန်တွေမှာလဲ ပျင်းရိခြင်းတွေ၊ စိတ်ဓာတ်ကျခြင်းတွေ ဖြစ်နေတတ်ပါတယ်။
နက်ရှိုင်းစွာလေ့လာသင်ယူခြင်း
နက်ရှိုင်းစွာ လေ့လာသင်ယူခြင်းနည်းလမ်းကို အသုံးပြုတဲ့ ပညာလေ့လာသင်ယူသူများကတော့ ပညာရပ်တခုကို လေ့လာတဲ့အခါမှာ ဒီပညာရပ်နဲ့ ပတ်သက်တဲ့ စာမေးပွဲတွေ အောင်ဖို့နဲ့ ရေတိုအသုံးချနိုင်ရေးကိုပဲ အာရုံထားလေ့ မရှိကြပါဘူး။ ဒီပညာရပ်ကို အသေးစိတ်၊ နက်နက်ရှိုင်းရှိုင်း နားလည်အောင် ကြိုးပမ်းလေ့လာကြပါတယ်။ ဒီပညာကို အသုံးပြုပြီး လက်တွေ့မှာ ဖြစ်ပေါ်နေတဲ့ အဖြစ်အပျက်တွေ၊ ပြဿနာတွေကို အဖြေရှာနိုင်ဖို့ ဆက်စပ်တွေးတောလေ့ရှိကြပါတယ်။ ပညာသင်ယူခြင်းအပေါ်မှာ ပျင်းရိငြီးငွေ့ခြင်း မရှိပဲ ပညာရပ်တွေကို တဆင့်ချင်း စနစ်တကျ လေ့လာသင်ယူကြပါတယ်။ ဖြတ်လမ်းလိုက်လေ့ မရှိကြပါဘူး။
ပညာလေ့လာသင်ယူခြင်းမှာ ဖြတ်လမ်းလိုက်တတ်တဲ့ အကျင့်ဆိုးဟာ မိမိကိုယ်တိုင်ကိုသာမက အများကိုပါ ဒုက္ခရောက်စေတတ်ပါတယ်။ ဥပမာ- နိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု indicators တွေပေါ်မှာ အခြေခံပြီး Multivariate analysis လုပ်တယ် ဆိုပါစို့။ ပညာလေ့လာသင်ယူမှုမှာ ဖြတ်လမ်းလိုက်တတ်သူဟာ ဒီလိုဆန်းစစ်ချက်စာတမ်း တချို့ကို ဖတ်မှတ်၊ အရေးပါတဲ့ အချက်တွေကို ဆွဲနှုတ်ပြီး၊ ဒီအကြောင်းကို သိသယောင်ယောင်နဲ့ တတ်ယောင်ကား လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီလိုလေ့လာဆန်းစစ်ချက်လုပ်နိုင်မယ့် အခြေခံသဘောတရားတွေဖြစ်တဲ့ variable approximations, dimension reductions, linear combinations for separation, Higher-dimensional approximations, allocation rules, misclassification စတာတွေကို သဘောမပေါက်တဲ့ အခါကျတော့ လက်တွေ့ပြုလုပ်ရတဲ့ အခါမှာ ကိုးရို့ကိုးယားတွေ ထွက်လာတတ်ပါတယ်။ သိပ္ပံပညာရပ်မှာပဲဖြစ်ဖြစ်၊ ၀ိဇ္ဇာ ပညာရပ်မှာပဲ ဖြစ်ဖြစ် အခြေခံသဘောတရားတွေကို ကျွမ်းကျင်ပိုင်နိုင်မှုမရှိပဲ ဖြတ်လမ်းလိုက် ဆရာလုပ်လိုသူတွေ များလာတဲ့အခါ သက်ဆိုင်ရာ ပညာရပ်နယ်ပယ်မှာသာမက၊ ပညာရပ်နဲ့ လက်တွေ့ဆက်စပ်နေတဲ့ အသုံးချမှု နယ်ပယ်တွေမှာပါ ကသောင်းကနင်း ဖြစ်နေတတ်ပါတယ်။ ဖြတ်လမ်းလိုက်ခြင်းဟာ လူတဦးတည်းအတွက်သာမက အများပြည်သူကိုပါ ဒုက္ခရောက်စေတတ် ပါတယ်။ ဒါကြောင့် နက်ရှိုင်းစွာ လေ့လာသင်ယူခြင်း နည်းလမ်းကို ပညာလေ့လာသူအများက အသုံးပြုကြဖို့ အလွန်ပဲ အရေးကြီးလှပါတယ်။
နက်ရှိုင်းစွာ လေ့လာသင်ယူခြင်းဟာ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်ချက်တရပ်ဖြစ်တဲ့ higher-order thinking (အတွေးအခေါ် အဆင့်အတန်း မြင့်မားမှု) ကိုလဲ ထောက်ကူပေးနိုင်ပါတယ်။ အတွေးအခေါ် အဆင့်အတန်း မြင့်မားသူတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ရှိနေတဲ့ အိုင်ဒီယာတွေကို အစဉ်အလာ ဓလေ့ထုံးစံကြောင့် ဆိုပြီးတော့လဲ လက်ခံလေ့မရှိပါဘူး။ ဘယ်သူပြောတဲ့ အဆိုအမိန့်စကား ဆိုပြီးတော့လဲ မျက်စိမှိတ်ယုံကြည်လေ့ မရှိပါဘူး။ အိုင်ဒီယာသဘောတရားတွေကို စနစ်တကျလေ့လာပြီးမှ လက်ခံကျင့်သုံးလေ့ရှိကြပါတယ်။ လက်တွေ့နယ်ပယ်နဲ့ ကိုက်ညီမှုရှိမရှိ ပြန်လှန်သုံးသပ်လေ့ရှိကြပါတယ်။ ပြဿနာတွေရဲ့ အရင်းအမြစ်တွေကို ရှာဖွေပြီး ဖြေရှင်းနိုင်ဖို့ ကြိုးစားလေ့ရှိကြပါတယ်။ အတွေးအခေါ်သစ်တွေကို ကြံဆရှာဖွေလေ့ရှိကြပါတယ်။ ဝေဖန်ဆန်းစစ်ခြင်း (Critical thinking) ကို ကျင့်သုံးလေ့ရှိကြပါတယ်။
နိဂုံး
နိဂုံးချုပ်ဆိုရရင် နက်ရှိုင်းစွာ သင်ယူလေ့လာခြင်းကို အသုံးပြုသူတွေရဲ့ အရည်အချင်းဟာ အပေါ်ယံသင်ယူလေ့လာခြင်းကို အသုံးပြုသူတွေရဲ့ အရည်အချင်းတွေထက် ရေရှည်မှာ ပိုမို တိုးတက်ကောင်းမွန်တတ်တာကြောင့် နက်ရှိုင်းစွာ သင်ယူလေ့လာသူတွေ များပြားတဲ့ လူအဖွဲ့ အစည်းဟာ အာဂုံဆောင် အလွတ်ကျက်ပြီး အပေါ်ယံသင်ယူလေ့လာသူတွေ များပြားတဲ့ လူ့အဖွဲ့ အစည်းထက် ပိုပြီး ဖွံ့ဖြိုးတိုးတက်လေ့ရှိပါတယ်။ ဒါကြောင့် ပညာသင်ယူခြင်း နည်းလမ်းနှစ်သွယ် ခွဲခြားမှု ကို အသုံးပြုပြီး လူတဦးချင်းစီရဲ့ အရည်အချင်းတွေကို လေ့လာသုံးသပ်နိုင်ရုံမက၊ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ကိုပါ ခန့်မှန်းတွက်ချက်လို့ ရနိုင်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ပညာရပ်များကို နက်ရှိုင်းစွာ လေ့လာသင်ယူခြင်းမှသည် တိုးတက်သော လူ့ဘောင်ဆီသို့
ခင်မမမျိုး (၁၅၊ ၉၊ ၂၀၁၀)
ရည်ညွှန်းကိုးကား။
Entwistle, N. J. and Maton, F. (1984) 'Changing Concepts of Learning', in Marton, F., Hounsell, D. and Entwistle, N. J. (eds) The Experience of Learning, Edinburgh, Scottish Academic Press
Marton, Saljo (1976) 'On Qualitative Differences in Learning I: Outcomes and Processes', British Journal of Educational Psychology, 45, 4-11.
Marton, Saljo (1976) 'On Qualitative Differences in Learning II: Outcome as a function of the learner's conception of the risk', British Journal of Educational Psychology, 46, 115-117.
Subscribe to:
Posts (Atom)