လက်ရှိဘ၀ရဲ့ နောက်ကြောင်းပြန် ငယ်ဘ၀နဲ့  အတိတ်ဘ၀တွေကို စိတ်ညှို့ ပညာနဲ့ ဖော်ထုတ်ကြည့်တာကို Regression လို့ ခေါ်တယ်။အသက်
ငယ်စဉ်ဘ၀မှာ ဘယ်လိုပြဿနာတွေ ၊ အမှားအယွင်းတွေရှိခဲ့လဲဆိုတာ သိရအောင် စိတ်ညှို့ ပြီးတော့ ငယ်စဉ်ဘ၀ကိုပြန်ဖော်တဲ့အခါ Regression နည်းကိုသုံးတယ်။ ဒီဘ၀ရဲ့ ငယ်
စဉ်တင်မက အတိတ်ဘ၀က အကြောင်းတွေကို သိလိုတဲ့အခါမှာလည်း ဒီနည်းကို
အသုံးပြုတယ်။လူတစ်ယောက်ဟာ ကတ်ကေးမြင်ရင် မျက်လုံးပြူး ၊ မျက်ဆန်ပြူး
တုတ်လှုပ်သွား
တယ် ဆိုပါတော့။ငယ်ငယ်က ကတ်ကြေးနဲ့ ထိုးမိလို့  အလွန်နာကျင်သွားတာကို
မသိစိတ်ထဲ စွဲသွားပြီးတော့ နောင်အခါ ကတ်ကြေးမြင်ရင်
ကြောက်ဒူးတုန်တာမျိုးတွေရှိတယ်။
အရင်ဘ၀ သစ်ပင်ကြီးပေါ်က လိမ့်ကျလို့ သေဆုံးသွားရသူဟာ ဒီဘ၀မှာ
အမြင့်ကြောက်တတ်တယ်။လေယာဉ်ပျံမစီးရဲဘူး။တိုက်အမြင့်ကြီးတွေ
မတက်ရဲဘူးဆိုတာတွေကို Regression နည်းနဲ
့ဖော်ထုတ်နိုင်တယ်။အခုနောက်ဆုံးခေတ်စားနေတဲ့ခွင်ကတော့ အတိတ်ဘ၀က
ချစ်သူဟောင်းတွေကို ရှာတဲ့ခွင်ပဲ။အခုဘ၀မှာ လူတစ်ယောက်ကို
မြင်လျှင်မြင်ချင်း
ချစ်ခင်စွဲလမ်းသွားတာ ၊ကြောက်ရွံသွားတာ ၊မုန်းတီးသွားတာတွေဟာ အတိတ်ဘ၀က
ချစ်သူဟောင်းတွေ ၊ ရန်သူဟောင်းတွေဖြစ်ခဲ့ကြလို့  ဒီဘ၀မှာ
ဘာမှအကြောင်းခိုင်ခိုင်လုံလုံမရှိဘဲ
ချစ်တာ ၊မုန်းတာ ၊ကြောက်ကြတာဖြစ်တယ်ဆိုတာကို စိတ်ညှို ပညာနဲ
့အတိတ်ဘ၀လေ့လာတဲ့နည်းနဲ့ အဖြေထုတ်နိုင်တယ်။အချို့ စိတ်ပညာရှင်တွေဟာ စိတ်ညှို
့ပညာကိုအသုံးချပြီး
တော့ ဖူးစာရှင်ရှာကြတယ်။အိမ်ထောင်ရေး အဆင်မပြေသူတွေကလည်း သူတို့ ရဲ
့အိမ်ထောင်ဖက်ဟာ ဖူးစာရှင်အစစ်မှဟုတ်ရဲ
့လား။ဖူးစာရှင်အစစ်ကဘယ်သူလဲ၊ဘယ်မှာလဲဆိုတာ
သိချင်တော့ စိတ်ညှို့ ပညာရှင်တွေဆီလာပြီး အကူအညီတောင်းကြတယ်။ဒီလို
အကူအညီလာတောင်းတဲ့လူတွေအထဲမှာ ရုပ်ရှင်မင်းသမီး အမက်ဝပ်ဆန် ၊
အဆိုတော်လေဒီဂါဂါ ၊
ကိတ်ပဲရီစတဲ့ နာမည်ကြီးတွေပါသလို စာရေးဆရာ
၊ကထိကပါမောက္ခတွေအထိပါဝင်ကြတယ်။ဘီလျံနာသူဌေးသူကြွယ်တွေကတော့ ရှေ
့ဆုံးကပေါ့။နတ်ကတော်ကိုမေးသလိုလို ၊
ဗေဒင်ဆရာကိုမေးသလိုလို သူတစ်ပါးကပြောလို့  သိရတာမျိုးမဟုတ်ဘဲ
မိမိကိုယ်တိုင် မိမိဘ၀ဟောင်းက အကြောင်းတွေကို သိမြင်ရတာ ၊ဖူးစာဖက်ကိုတွေ
့မြင်ရတာဟာ ခိုင်လုံတယ်
လို့ ယူဆကြတယ်။
ဘ၀ဟောင်းကအဖြစ်အပျက်တွေကိုပြန်မြင်တဲ့အခါ တစ်ထိုင်တည်း၊တစ်ကြိမ်တည်းနဲအကုန်မြင်ဖို့ မလွယ်ဘူး။ ဒီတော့ စိတ်ရှည်ရှည်နဲ့ လေ့လာရမှာ
ဖြစ်တယ်။ဘ၀ဟောင်းဟာ (၁၀၀)ရှိတယ်ဆိုပါတော့။ပထမဆုံးမြင်ရတဲ့ဘ၀ဟောင်းဟာ
ဘ၀အမှတ်စဉ်(၅၀)ဖြစ်နိုင်တယ်။ဒုတိယအကြိမ် တွေ့ မြင်ရတဲ့ဘ၀ဟောင်းက
အမှတ်စဉ်(၉၁)
ဖြစ်နိုင်တယ်။ဒီတော့စိတ်ရှည်ရလိမ့်မယ်။ဆက်စပ်
ဆင်ခြင်နိုင်ရမယ်။ကျိုးကြောင်းဆက်စပ်မိအောင် သုံးသပ်ကြည့်ဖို
့တော့လိုပါတယ်။တစ်ခါတုန်းက ကောင်မလေးတစ်ယောက်ကို
စိတ်ညှို့ ပြီး သူ့ အတိတ်ဘ၀ဟောင်းကို မေးကြည့်တဲ့အခါ သူက နယ်မြို
့ကလေးတစ်မြို့ မှာ ဈေးသည်မလေးဖြစ်ခဲ့ဖူးကြောင်းပြောပါတယ်။သူနဲ
့ဘ၀ဟောင်းကတော်စပ်ခဲ့ဖူးတဲ့ သူ့ ဦး
လေးက အခုတော့ သူ့ နဲ့ မောင်နှမဖြစ်နေပါတယ်။ဒီလိုနဲ့သူအရင်ဘ၀ကနေခဲ့တဲ့
မြို့ လေးကို သွားစုံစမ်းကြည့်တော့ သူပြောတဲ့အတိုင်း
အမှန်အတိုင်းဖြစ်နေပါတယ်။ဘ၀ဟောင်းကို
မြင်ချင်လို့  စိတ်ညှို့ ခံရသူဟာ
စိတ်ဓါတ်ခိုင်မာသူဖြစ်ရပါတယ်။ဘ၀ဟောင်းမှာ မိမိဟာ နာကြည်းဖွယ်
၊အလွန်နာကျင်ဖွယ်တွေကို ခံခဲ့ရတာကို မြင်ရတဲ့အခါ လန့် သွားတတ်ပါတယ်။
အလွန်တုန်လှုပ်ချောက်ချားသွားတတ်ပါတယ်။ဒါကြောင့် စိတ်အားငယ်တတ်သူ
၊စိတ်ဓါတ်မခိုင်မာသူတွေဟာ ဒီနည်းကို မစမ်းသင့်ဘူးဆိုတဲ့အချက်ကို
သိရမှာဖြစ်ပါတယ်။ကျွန်တော်
ထပ်မံပြောလိုတာကတော့ မိမိကိုယ်တိုင်မတတ်ကျွမ်းဘဲ စိတ်ညှို
့နည်းကိုမပြုလုပ်ပါနှင့်။တတ်ကျွမ်းသောဆရာများထံသို့ သာသွားရောက်ပြီး
စိတ်ညှို့ ခံသင့်ပါတယ်။မိမိကိုယ်တိုင်စမ်းသ
ပ်ပြီး အောင်မြင်နိုင် မအောင်မြင်နိုင်တာကို ကျွန်တော် အာမမခံနိုင်ပါ။
No comments:
Post a Comment