![]() |
| ကြက်သားပေါက်ဆီ |
သူလုပ်တဲ့ပေါက်ဆီလေးတော်တော့်ကိုစားကောင်းပါတယ် လုပ်နည်းလေးအဆင့်များပေမဲ့ စားရတာကောင်းတော့ သူပင်ပန်းတာလေးပျောက်သွားတာပေါ့နော်။သူစိတ်ရှည်လက်ရှည်လုပ်ထားတဲ့ပေါက် ဆီလုပ်နည်းလေးကို မာမာ မျှဝေပေးလိုက်ပါတယ်
သူလုပ်တဲ့ဂျုံက ရိုးရိုးဂျုံမို့ ပေါင်းလိုက်တဲ့အခါမှာနဲနဲလေးအညိုရောင်ဘက်ပြောင်းသွားတဲ့ပေါက်ဆီမျိုးပါ ဒါပေမဲ့ဘာမှမဖြစ်ပါဘူး အညိုရောင်လေးနှစ်သက်တဲ့သူတွေအတွက်ပေါ့ အဖြူရောင်နဲ့အရသာကတော့ အတူတူပါဘဲ ဂျုံသားအရသာလဲအတူတူပါဘဲ သုံးတဲ့ဂျုံအမျိုးအစားပေါ်မူတည်ပြီး အရောင်လေးဘဲ ကွာသွားတာပါ အလုပ်အားတဲ့ရက်တွေမှာမိသားစုတွေပျော်ပျော်ပါးပါး
လုပ်စားကြတာပေါ့နော်။
ပါဝင်ရမှာလေးတွေက
ပေါက်ဆီအပြင်ခွံအတွက်
- 1 1/2 cup plain flour
- 1 tsp dry yeast
- 1/2 cup ရနွေး
- 1/2 tsp သကြား
- 1/4 tsp ဆား
- 1 tbs ဆီ
ပါဝင်ပစ္စည်းတွေကိုရောပြီး yeast ပျော်တဲ့အထိအရည်ဖျော်ပေးကာ ပျော်လာပါကဂျုံမှုန့်နှင့်ရောပြီး ဒိုးသားရအောင် နယ်ပါမယ်
ဂျုံသားကိုချောလာပြီးလက်မှာမကပ်တော့တဲ့ထိ ဆယ်မိနစ်လောက် နှဲပေးပါ
နှဲပြီးသားဂျုံလုံးကိုလေလုံအောင်ပိတ်ပြီး နွေးသောနေရာတွင်တစ်နာရီလောက်ထားပေးပါ
ဂျုံသားပွအောင်စောင့်နေချိန်နေမှာ အစာအတွက်အသားနှင့်အသီးအရွက်များကိုပြင်ပြီး ချက်ပါမယ်
ပေါက်ဆီထဲထဲ့ဖို့ အစာအတွက်လိုတာလေးတွေပြင်ပါတယ်
- 1/2 cup လေးထောင့်သေးသေးလေးတွေတုံးထားသောကြက်သွန်နီ
- 1/2 cup ခပ်ရွယ်ရွယ်လှီးထားသောဂေါ်ဖီ
- 1/2 cup အနေတော်လှီးထားသောကြက်သွန်မိတ်
- 1/4 cup လေးထောင့်ခပ်သေးသေးလှီးထားသောမုံလာဥနီ
- 1/2 tbs ဆား
- 200 g ခပ်သေးသေးလေးများတုံးထားသောကြက်သား
- 1/2 tsp ပဲငံပြာရည်
- 1/4 tsp ငရုတ်ကောင်းမှုန့်
- 1/2 tsp ဆား
- 1/2 tsp နှမ်းဆီ
- တစ်မွှာ ကြက်သွန်ဖြူ
- ကြက်ဥနှစ်လုံးကိုပြုပ်ပြီး - ရှစ်စိတ်စိတ်ပေးပါ(ကြက်ဥဓါတ်ပုံရိုက်ဖို့မေ့သွားပါတယ်)
တစ်နာရီလောက်အချိန်ကြာပါက ဂျုံသား နှစ်ဆပွလာထိရပါလိမ့်မယ်
ပွလာသောဂျုံသားကို ရှစ်ပုံပုံကာအလုံးလေးများရအောင် လက်မနှစ်ဖက်ဖြင့်ဂျုံသားကိုဖြန့်ပြီးပြန်ပြန် လုံးပေးပြီး လက်ဝါးနှစ်ဖက်ကြားမှာထဲ့ပြီးလုံးပေးပါက ဂျုံလုံးလေးမျာရလာပါလိမ့်မယ်
စောစောကလုံးထားသောဂျုံလုံးကို ဒလိမ့်တုံးနှင့်လှိမ့်ပြီး ၁၀စင်တီမီတာလောက်ရအောင်လှိမ့်ပေးပါတယ် ပြီးမှ အစာနှင့်ဘဲဥထဲ့ကာ ဂျုံအနားသားများကိုဆွဲယူပြီးအုပ်ပေးပါတယ်
ကြိုက်နှစ်သက်သလိုပုံစံလေးများ လုပ်ပေးနိုင်ပါတယ်
ပေါင်းလျှင်အိုးတွင်မကပ်စေရန် baking paper စက္ကူလေးများခံပြီးပြီးပေါင်းပေးပါတယ်
ရေနွေးဆူဆူကိုအောက်တွင်ခံပြီး ပေါင်းခံအိုးတွင်ပေါက်ဆီကိုထဲ့ကာ မိနစ်နှစ်ဆယ်ခန့်မီးပြင်းပြင်းနဲ့ ပေါင်းပေးပါတယ်
အနားသားအတွန့်လေးနဲ့လုပ်ထားတဲ့ ကြက်သားပေါက်ဆီ အိအိလေးရပါပြီ
ဝိုင်းဝိုင်းလေးလုံးထားတဲ့ ကြက်သားပေါက်ဆီ ပူပူမွှေးမွှေးလေးပါ
Credit To : Mar Mar Lwin















No comments:
Post a Comment