Blogger Widgets

Monday, April 15, 2013

အမျိုးသမီး များနှင့် အသားအရေထိန်း အလှကုန် ပစ္စည်း များ


ဈေးကွက် ထဲမှာ အမျိုး သမီးများ အတွက် ရည်ရွယ်ပြီး နုပျိုစေမယ့် အရေး အကြောင်း ပျောက် Antiaging Cream များ၊ အစို ဓာတ်ခံလိမ်း ဆေးများ၊ လိုးရှင်းဆီရမ်များ၊ Exfoliators များ၊ သန့်စင်ဆေးရည် များ အမျိုးအစားပေါင်းများစွာ ရောင်း ချလျက်ရှိပါတယ်။ အမျိုးသမီး တစ်ယောက်အနေနဲ့ နာမည်ကြီး အသားအရေထိန်းပစ္စည်း တွေကို ငွေကြေးများစွာကုန်ကျကာ ဝယ်ယူသုံးစွဲနိုင်သလို ဆေးဆိုင်၊ စတိုးဆိုင်မှာရောင်းတဲ့ ငွေကြေးသက် သာတဲ့ အသားအရေထိန်းပစ္စည်းတွေ ကို ရွေးချယ်နိုင်ပါတယ်။ အရေပြား အထူးကုဆရာဝန်များက အကြံÓဏ် ပေးကြတာကတော့ ဈေးမကြီးတဲ့ အသားအရေထိန်း အလှကုန်ပစ္စည်း တွေဟာ ဈေးကြီးနာမည်ကျော်ကြား တဲ့ အလှကုန်ပစ္စည်း တံဆိပ်တွေနဲ့ များသောအားဖြင့် အာနိသင် တူညီ ကြပါတယ်။ ဘာလို့လဲဆိုတော့ ပါဝင်တဲ့ ပစ္စည်းတွေဟာ တူညီကြ လို့ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အသား အရေထိန်းပစ္စည်းများဝယ်ယူတဲ့အခါ ကုန်ပစ္စည်းအမျိုးအစားကို မကြည့်ဘဲ ပါဝင်ထည့်သွင်းထုတ်လုပ်ထားတဲ့ ဒြပ်ပေါင်းများကိုသာ အဓိကထားသင့် ပါတယ်။ ထိုအသားအရေထိန်းပစ္စည်း တွေမှာဘာဒြပ်ပေါင်းတွေပါဝင်လေ့ရှိ သလဲဆိုတာကိုလည်းဖော်ပြလိုပါတယ်။
(၁) သန့််စင်ဆေးရည် (Cleanser)
ကိုယ်တိုက်ဆပ်ပြာခဲတွေမှာ အရေပြားကို ခြောက်သွေ့ပြီး ဓာတ် မတည့်မှုဖြစ်စေတဲ့ ဒြပ်ပေါင်းပစ္စည်း တွေ ပါဝင်တာကြောင့် မျက်နှာကို ဆေးကြောသန့်စင်ဖို့အတွက် မသင့် တော်ပါဘူး။ မျက်နှာသန့်စင်ဆေးရည် သို့မဟုတ် ဆပ်ပြာတွေကတော့ ဆပ်ပြာခဲလောက် မကြမ်းတမ်းတဲ့ အတွက်အသုံးပြုရန် သင့်တော်ပါတယ်။ မျက်နှာကို သန့်စင်ပေးတဲ့အပြင် အသားအရေကို စိုပြည်စေပါတယ်။ ဆပ်ပြာခဲသုံးပြီး မျက်နှာသစ်တာ ကို ကြိုက်နှစ်သက်လှပါတယ်ဆိုရင် တော့ အသားအရေခြောက်သွေ့စေ တဲ့ Sodium Lauryl Sulfate ပါဝင်တဲ့ ဆပ်ပြာခဲကို အသုံးမပြုပါနှင့်။ ဂလစ် စရင်း၊ အပင်မှရရှိသောအဆီများဖြင့် ထုတ်လုပ်ထားသော အစိုဓာတ်ထိန်း ဆပ်ပြာခဲများကို အသုံးပြုပါ။ ဝက်ခြံထွက်သူ ဒါမှမဟုတ် အ ဆီပြန်တဲ့ အသားအရေပိုင်ရှင် အမျိုး သမီးများကတော့ ကလာပ်စည်းအသေ များကိုဖယ်ရှားပေးတဲ့ Salicylic Acid ပါဝင်တဲ့ မျက်နှာသန့်စင်ဆေးရည် ဒါမှ မဟုတ် Benzoyl Peroxide ပါဝင် တဲ့ ပိတ်ဆို့နေတဲ့ ချွေးပေါက်များကို ရှင်းလင်းစေတဲ့ မျက်နှာသန့်စင်ဆေး ရည်များကို အသုံးပြုရပါမယ်။ ဒါမှ ဝက်ခြံတွေ ထပ်ပြီးထွက်မလာတော့ မှာ ဖြစ်ပါတယ်။
(၂) အိုမင်းရင့်ရော်မှု ဆန့်ကျင်သည့် Antiaging Creams
ရက်တီးနွိုက် (Retinoids) ပါဝင်တဲ့ အစိုဓာတ်ခံ လိမ်းဆေးနှင့် ဆီရမ်များဟာ အရေပြား ကလာပ် စည်းများကို ပြန်လည်ကျန်းမာကောင်း မွန်လာစေပြီး ကိုလေဂျင်အမျှင်များကို တည်ဆောက်ပေးရန် ကူညီပေးပါ တယ်။ Gamma-Aminobutyric Acid-GABA ကတော့ အရေးအ ကြောင်းများ ကို ယာယီသက်သာစေ တဲ့ အာရုံကြော လှုံ့ဆော်တဲ့ဒြပ်ပေါင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် နုပျိုစေပြီး အရေးအကြောင်းပျောက်ကာ အိုမင်း ရင့်ရော်မှုကို သက်သာစေတဲ့ Antiaging Cream ကို ဝယ်ယူမယ်ဆိုရင် ဗီတာမင် A ဒြပ်ပေါင်းအမျိုးအစား တစ် ခုဖြစ်တွဲျ့နအငညပူ Retinyl Propionate (Retinol) ပါဝင်သော ခရင်မ်ကိုရွေးချယ် ဝယ်ယူပါ။ အရေပြားတင်းရင်း ချော မွတ်မှုကိုကူညီပေးတဲ့ Peptide, Sirtuinpw စတဲ့ ဒြပ်ပေါင်းပါဝင်တဲ့ ခရင်မ် အမျိုးအစားကိုလည်းဝယ်ယူသုံးစွဲနိုင်ပါ တယ်။
(၃) အစိုဓာတ်ခံ လိမ်းဆေး (Moisturizer)
အမျိုးသမီးများရဲ့ မျက်နှာအရေ ပြားဟာ နေ့တိုင်းလိုလို အစိုဓာတ် ခံကို စုပ်ယူတဲ့ လေညစ်ညမ်းတဲ့ အရာတွေနဲ့ ထိတွေ့နေရပါတယ်။ Petroleum Jelly ကတော့ ဈေး သက်သာပြီး ရှေးယခင်ကတည်းက အသုံးပြုခဲ့တဲ့ အစိုဓာတ်ခံလိမ်းဆေး ဖြစ်ပေမယ့် စေးကပ်ကပ်နဲ့အနေရ ခက်ပါတယ်။ Emollients, Humectants များပါဝင်တဲ့ အစိုဓာတ်ခံ လိမ်းဆေးများကတော့ စေးကပ်ကပ် မဖြစ်ဘဲ အသားအရေကို စိုပြည်ချော မွတ်စေမှာပါ။ ဒါကြောင့် ဂလစ်စရင်း၊ Hyaluronic Acid ပါဝင်တဲ့ အရေး အကြောင်းပျောက်စေတဲ့ Antiaging များကို ဝယ်ယူအသုံးပြုပါ။
(၄)Exfoliating Scrubs and Lotion
အစိုဓာတ်ခံလိမ်း ဆေးနဲ့ ဆီရမ်တွေရဲ့ အာနိသင်ထိရောက် ပြည့်ဝစွာရရှိစေဖို့ ထို ခရင်မ်တွေ လိမ်းလိုက်တဲ့ အခါ အရေပြားရဲ့ အပြင် ဆုံးအလွှာထဲကို ထိုးဖောက် ဝင်ရောက်သွားနိုင်ရပါမယ်။ Exfoliator ကို တစ်ပတ်လျှင် ၂ကြိမ်ခန့် အသုံးပြုခြင်းက က လာပ်စည်းအသေတွေကို ဖယ်ရှား ပေးစေတဲ့အပြင် အထက်ပါ ခရင်မ် တွေကို အရေပြားအထဲထိ စိမ့်ဝင်သွား စေပါတယ်။ အချို့သော All in one အရေပြားသန့်စင်ဆေးနှင့် Exfoliator တွေဟာ နေ့စဉ်အသုံးပြုနိုင်စေရန် ပျော့ပျောင်းစွာထုတ်လုပ်ထားခြင်းဖြစ် ပါတယ်။ွူGlycolic Acid, Lactic Acid, Salicylic Acid သို့မဟုတ် Malic Acid ပါဝင်တဲ့ Exfoliator များကို အသုံးပြုပေးနိုင်ပါတယ်။
(၅) အင်တီအောက်စီဒင့် ခရင်မ် Antioxidant Cream
ခရင်မ်အများစုမှာ ဖရီးရက်ဒီ ကယ်တွေကြောင့် အသားအရေထိ ခိုက်ပျက်စီးခြင်းကို ကာကွယ်ပေးတဲ့ အင်တီအောက်စီးဒင့်တွေ ပါဝင်နေ ပါတယ်။ အကယ်၍ အင်တီအောက်စီးဒင့် ခရင်မ်ကို အသုံးပြုမယ်ဆိုရင် အရောင် ရမ်းကျစေပြီး အင်တီအောက်စီးဒင့် Niacinamide ပါဝင်တဲ့ ပစ္စည်းကို ရွေးချယ်ပါ။ ပဲပုပ်မှထုတ်လုပ်ထားသော သို့မဟုတ် Coffee Berry မှ ထုတ် လုပ်ထားသော Coenzyme Q10 ပါဝင်သော အင်တီအောက်စီးဒင့်ခရင်မ် ကိုရွေးချယ်သုံးစွဲပါ။ထိုဒြပ်ပေါင်းများမှာ နေလောင်တဲ့အသားအရေကို သိသာ စွာ ပြန်လည်ကောင်းမွန်စေပါတယ်။
(၆) နေလောင်ခံ လိမ်းဆေး Sun Protection
မျက်စိနှင့်မြင်သာသော အ ရေပြား ပြောင်းလဲအိုမင်းရင့်ရော်လာ မှုရဲ့ ၈၀ ရာခိုင်နှုန်းဟာ ခရမ်းလွန် ရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှု ကြောင့် ဖြစ်ပါတယ်။ နေလောင်ခြင်းမှ ကာကွယ်ခြင်းဟာ သင့်ရဲ့မျက်နှာ အတွက် အလွန်အရေးကြီးလှပါတယ်။ မျက်နှာလိမ်း အစိုဓာတ်ခံလိမ်းဆေး၊ ခရင်မ်များမှာ ခရမ်းလွန်ရောင်ခြည် A နှင့် B တို့ကို ကာကွယ်ပေးတဲ့ ဒြပ် ပေါင်းများပါဝင်နေပါတယ်။ SPF 15 ပါဝင်တဲ့ မျက်နှာလိမ်းခရင်မ်ကို ပုံမှန်သုံး ပေးပါ။ အားကစားသမားတစ်ယောက် ဖြစ်တယ်ဆိုရင်၊ ကမ်းခြေ သို့မဟုတ် နေပူထဲမှာ သွားလာလှုပ်ရှားသူဆိုရင် တော့ SPF 30 လောက်ပါဝင်တဲ့ Sunscreen သီးသန့်ကို အသုံးပြုပေး ပါ။

Health Digest

No comments:

Post a Comment