Blogger Widgets

Saturday, April 13, 2013

Blood Glucose သွေးချို စစ်ဆေးခြင်း


Sun, Apr 8, 2012 at 11:20 AM
ဆေးစစ်ထားသော အဖြေများအား တွဲ၍ပို့လိုက်ပါသည်။ ဆရာဝန်က ၄င်းဆေးစစ်ချက်ဖြင့် Metformin Denk 500 အား အစာစားပြီး မနက် နှစ်လုံး ညနေ နှစ်လုံးသောက်ရန် ညွှန်ကြားပါသည်။ သောက်နေပါသည်။ ဆေးစစ်ပြီးသည့် နေ့မှစ၍ သောက်ခြင်း ဖြစ်ပါသည်။ ယခုအခါ Fasting သည် 120 mg/dl အောက် အမြဲဖြစ်ပါသည်။ အစာစားပြီး နှစ်နာရီကြာမှ တိုင်းလျှင်လဲ 200 mg/dl မကျော်ပါ။ Metformin သောက်ရသည့် ပမာဏများနေသည်ဟု ထင်လို့ပါ။ အမြဲ ဆရာဝန်ပြဖို့လဲ အဆင်မပြေပါ၍ မည်မျှသောက်သင့်ကြောင်း ဖြေကြားပေးစေချင်ပါသည်။ အားဆေး ပေးလိုက်သည်မှာ Quantum complete made in USA ဖြစ်ပါသည်။ အရမ်းအိပ်ငိုက်ပါသည်။ မည်သည့် အားဆေးမျိုး ပြောင်းသောက်သင့်ပါသနည်း။ အဖြေများအား မြန်မာလို သေသေချာချာ သိချင်ပါသည်။ TB ရောဂါအတွက် X-ray ရိုက်ထားပါသည်။ Result ရလျှင် ထပ်မံပေးပို့ပါမည်။

ပုံမှန် သွေးထဲမှာရှိတဲ့ သကြားဓါတ်ကို ညွှန်းကိန်းတွေအဖြစ်ယူနိုင်တယ်။ ဓါတ်ခွဲခန်း တခုနဲ့တခု မတူကြပါ။ သွေးချိုစစ်တဲ့ အဖြေစာရွက်ထဲမှာ လူနာရဲ့ အဖြေ နဲ့တွဲပြီး ပုံမှန်လို့ ဓါတ်ခွဲခန်းကနေ သတ်မှတ်ချက် အနည်းဆုံး ဂဏန်းနဲ့ အများဆုံး ဂဏန်းတွေကို ကွင်းထဲမှာထည့် ရေးထားတတ်တယ်။ ဆရာဝန်ကနေ လူနာရဲ့ တခြား ကျန်းမာရေး အခြေအနေတွေကိုပါ ပူးတွဲ ဆန်းစစ်ရသေးတယ်။ ဒါကြောင့် ဂဏန်းတခုထဲနဲ့ တရားသေပြောဘို့ မသင့်ပါ။

Normal Blood Glucose ပုံမှန်ကိန်းဂဏန်းများ
• Fasting blood glucose ဘာမှ အစာမစားဘဲတိုင်းခြင်း = 70-99 milligrams per deciliter (3.9-5.5 mmol/L)
• 2 hours after eating အစာစားပြီး ၂ နာရီ = 70-145 mg/dL (3.9-8.1 mmol/L)
• Random ကန့်သတ်ချက် မထားဘဲ တိုင်းခြင်း = 70-125 mg/dL (3.9-6.9 mmol/L)

High values သကြားဓါတ် များနေခြင်း (American Diabetes Association သတ်မှတ်ချက်)
• Fasting blood glucose level ဘာမှ အစာမစားဘဲတိုင်းခြင်း = 126 mg/dL (7.0 mmol/L) နဲ့ ဒါထက် များနေခြင်း
• 2-hour oral glucose tolerance test အစာစားပြီး ၂ နာရီ = 200 mg/dL (11.1 mmol/L) နဲ့ ဒါထက် များနေခြင်း

Symptoms of diabetes ဆီးချိုရောဂါ လက္ခဏာတွေဟာ Random ကန့်သတ်ချက် မထားဘဲ တိုင်းခြင်း 200 mg/dL (11.1 mmol/L) နဲ့ ဒါထက်များနေရင် ဖြစ်လာနိုင်တယ်။ ဆီးချိုရောဂါ လက္ခဏာတွေကတော့ -
1. ရေဆာမယ်၊
2. ဆီးခဏခဏ (ညမှာပိုသိသာမယ်) သွားချင်မယ်၊
3. ဘာလို့မှန်း မသိဘဲ အစာစားချင်စိတ်ကဲလာမယ်၊
4. ဘာလို့မှန်း မသိဘဲ ကိုယ်အလေးချိန်ကျလာမယ်၊
5. အားယုတ်မယ်၊
6. ယောက်ျား လိင်အင်္ဂါ သန်မာမှု အားနည်းလာမယ်၊
7. မျက်စိ အားနည်းးမယ်၊
8. ခြေ-လက်တွေ ထုံကျင်လာမယ်။

Fasting blood glucose ဘာမှ အစာမစားဘဲတိုင်းတာက 100 mg/dL (5.6 mmol/L) ကနေ 125 mg/dL (6.9 mmol/L) အထိ ရှိနေသူတွေကို Pre-diabetes ဆီးချိုမဖြစ်မီအဆင့်လို့ သတ်မှတ်တယ်။

သတိထားဘို့က -
• Severe stress စိတ်ဖိစီးမှုများနေတာ၊
• Heart attack, Stroke နှလုံးသွေးကြောရောဂါ၊
• Cushing's syndrome (ကူရှင်-ဆင်ဒရုမ်း) ရောဂါ၊
• Corticosteroids (စတီရွိုက်) ဆေး၊
• Pregnancy ကိုယ်ဝန်ဆောင်တာ နဲ့
• Acromegaly ဟော်မုန်းများရောဂါတွေကနေလဲ သွေးထဲမှာ သကြားဓါတ် များနေနိုင်တယ်။

Metformin ဆေးကို Type 2 Diabetes ဆီးချို အမျိုးအစား (၂) အတွက်ပေးတယ်။ 500 mg ကို မနက်စာစားပြီး တကြိမ် နဲ့ ညစာစားပြီး တကြိမ်ပေးတာ အများဆုံးဖြစ်တယ်။ Extended Release အမျိုးအစားဆေးဆိုရင် 500 to 2000 mg ညစာ စားပြီး တကြိမ်တည်းသာပေးမယ်။ Metformin tablet (Glucophage XR) အမျိုးအစားဆိုရင် ဆေးကို ဝါးမစားနဲ့၊ မချေပါနဲ့။ မျိုချပါ။ ဖျားနေချိန်၊ ရောဂါပိုးဝင်နေချိန်၊ ခွဲစိတ်ကုသမှုလုပ်နေချိန်တွေမှာ ဆေးရပ်ထားဘို့ ညွှန်ကြားနိုင်တယ်။ အရက်နဲ့မတည့်ပါ။ သကြားဓါတ်ကို ပိုကျစေလို့ Lactic acidosis ဆိုတာ ပိုဖြစ်လာစေနိုင်တယ်။ Vitamin B12 လိုရင် ပေးမယ်။

X-ray နဲ့ CT scan လုပ်တာမှာ သွေးကြောထဲဆေးထိုးပြီးမှ လုပ်ရတာမျိုးဆိုရင် ဒီဆေးကို ခဏရပ်ထားရတယ်။ FDA ကနေ Pregnancy category B အဆင့် သတ်မှတ်ထားတယ်။ ကလေးကို မထိခိုက်စေဘူး။ ကုသပေးနေတဲ့ ဆရာဝန်က ညွှန်ကြားချက်ကို တိတိကျကျ လိုက်နာသင့်တယ်။ မပို-မလိုသင့်ပါ။ ဆရာဝန်ကနေ ဆေးအလေးချိန် ပြင်ပေးတာလဲရှိမယ်။ အစာနဲ့သာ သောက်ခိုင်းတာ များတယ်။ တနေ့ ၁ ကြိမ် ညစာမှာသောက်ခိုင်းတာလဲရှိမယ်။ ၂ ကြိမ်လဲရှိနိုင်တယ်။ ဆီးချိုကို ထိန်းတယ် (ကုတာ မဟုတ်ပါ) ဆိုတာ ဆေးတမျိုးထဲနဲ့ မပြီးပါ။ အစားအသောက် နဲ့ ကိုယ်အလေးချိန်၊ ကိုယ်လက် လေ့ကျင့်ခန်းတွေပါ လိုတယ်။

Metformin side effects ဘေးထွက်-ဆိုးကျိုး
• ကြွက်သားတွေနာ၊ အားနည်းမယ်၊
• ခြေ-လက်တွေ အေးပြီးထုံမယ်၊
• အသက်ရှူရခင်မယ်၊
• ခေါင်းမူးမယ်၊ မောမယ်၊ အားယုတ်မယ်၊
• ဗိုက်အောင့်မယ်၊ ပျို့-အန်ချင်မယ်၊
• နှလုံးခုန် မမှန်ဖြစ်မယ်။

၁။ နဲနဲလှုတ်ရှားယုံနဲ့ အသက်ရှူမဝဖြစ်မယ်၊ ၂။ ကိုယ်အလေးချိန် ရုတ်တရက် တက်လာမယ်၊ ၃။ ကိုယ်ပူ-ချမ်း-ကိုက်ခဲ-တုပ်ကွေးလိုဖြစ်မယ် ဆိုရင် ချက်ချင်း ဆရာဝန်ပြပါ။

အောက်မှာရေးထားတဲ့ ဆေးတွေနဲ့တွဲရင် သက်ရောက်မှု ဖြစ်စေနိုင်တယ်။
- Furosemide (Lasix)
- Nifedipine (Adalat, Procardia)
- Cimetidine (Tagamet) or ranitidine (Zantac)
- Amiloride (Midamor) or triamterene (Dyrenium)
- Digoxin (Lanoxin)
- Morphine (MS Contin, Kadian, Oramorph)
- Procainamide (Procan, Pronestyl, Procanbid)
- Quinidine (Quin-G) or quinine (Qualaquin)
- Trimethoprim (Proloprim, Primsol, Bactrim, Cotrim, Septra)
- Vancomycin (Vancocin, Lyphocin)
Isoniazid, Diuretics, Steroids, Heart or blood pressure medication, Niacin, Phenothiazines, Thyroid medicine, Birth control pills and other hormones, Seizure medicines, Diet pills, Medicines to treat asthma, colds or allergies ဆေးတွေနဲ့တွဲရင် သကြားဓါတ်ကို ပိုများစေနိုင်တယ်။

ဆေးစစ်ချက်တွေက အသဲအလုပ် နဲ့ သွေးကိုစစ်ထားတယ်။ အားလုံးကောင်းပါတယ်။ ဒါပေမဲ့ SGPT (ALT) နဲ့ SGOT (AST) တွေ နဲနဲ များနေတယ်။

ALT SGPT များစေတဲ့ အကြောင်းရင်းတွေကတော့ Hepatitis A, B, C အသဲရောင်ခြင်းများ၊ Infectious mononucleosis ခေါ်တဲ့ ဗိုင်းရပ်စ်ကနေ ကူးစက်ရောဂါ၊ (Kissing disease လို့လဲ ခေါ်သေးတယ်။) ဗိုင်းရပ်စ် အဖျားရောဂါ၊ အရက်၊ သရက်ရွက်ရောဂါတွေ ဖြစ်တယ်။ ဒါတွေအပြင် ကြွက်သားတွေ ထိခိုက်မိရင်၊ နှလုံး-ကြွက်သားရောဂါ၊ ကျောက်ကပ် အလုပ်မလုပ်နိုင်တာ၊ (ကိုကိန်း) ဆေး နဲ့ (ကိုလက်စထော) ကျဆေးတွေကနေလဲ ဒီ (အင်ဇိုင်းမ်) တွေ များနေနိုင်တယ်။

SGOT များစေတဲ့ အကြောင်းရင်းတွေကတော့ ALT SGPT များစေတဲ့ အကြောင်းရင်းတွေနဲ့ အတူတူဘဲ။ ဒါပေမဲ့ Acute myocardiac infarction ရုတ်တရက် နှလုံးကြွက်သား သွေးကြောပိတ်တာဆိုရင် SGOT တမျိုးထဲသာ တက်နေမယ်။

Quantum complete ဆေးထဲမှာ ဘာတွေပါသလဲ မသိသေးပါ။ တိကျတဲ့ ဆေးနာမည်သိမှ ပြောနိုင်ပါမယ်။

Dr. တင့်ဆွေ
၈-၄-၂ဝ၁၂

No comments:

Post a Comment