Blogger Widgets

Friday, April 12, 2013

လူ့ဦးနှောက်ကိုဖျက်ဆီးစားသောက်သည့်အမီးဘားပိုး


အမေရိကန်တွင် လူ့ဦးနှောက်ကို ဖျက်ဆီးစားသောက်သည့် အမီးဘားပိုး တွေ့ရှိ

ကျန်းမာရေး အာဏာပိုင်များက ထိုသူ၏ အိမ်တွင် တပ်ဆင်ထားသော သောက်ရေ စနစ်အတွင်း အဆိုပါ အမီးဘား ပိုးမွှားကို ရှာဖွေ တွေ့ရှိခဲ့သည်။အမေရိကန်နိုင်ငံတွင် လူ့ဦးနှောက်ကို ဖျက်ဆီးစားသောက်သည့် အမီးဘားပိုးမွှား တစ်မျိုးကြောင့် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေး အရာရှိများက ပြောကြားခဲ့သည်။ ဖလော်ရီဒါတွင် နေထိုင်သော အသက် (၁၆) နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ရေကူးပြီးနောက် အပြင်းအထန် နာမကျန်းဖြစ်ရာမှ သေဆုံးခဲ့သည်။ ထို့အပြင် ဗာဂျီးနီးယားမှ အသက် (၉) နှစ်အရွယ် ယောက်ျားလေး တစ်ဦးသည်လည်း အပျော် ငါးမျှားထွက်ခဲ့ပြီးနောက် တစ်ပတ်အကြာတွင် ဦးနှောက်အတွင်း ပိုးဝင်ကာ သေဆုံးသွားခဲ့သည်။၎င်းတို့ နှစ်ဦးလုံးသည် ရှားပါးလှသော ရောဂါပိုးတစ်ခု၏ ဖိစီးနှိပ်စက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရခြင်းဟု ကျွမ်းကျင်သူများက ဖော်ထုတ် တွေ့ရှိခဲ့သည်။ ထိုသို့ ဖြစ်ရခြင်းမှာ ဦးနှောက် အစိတ်အပိုင်းများကို စားသောက်သည့် ရေ၊ နေ အမီးဘား ပိုးကောင်တစ်မျိုးကြောင့်ဟု သိရှိရသည်။ ချာတိတ်လေးသည် အပျော်ငါးဖမ်းခရီးတွင် သောက်ခဲ့သော ရေ၌ အဆိုပါ ပိုးမွှားပါသွားသည်ဟု ယူဆရဖွယ် ရှိသည်။ အလားတူ ဦးနှောက်စား အမီးဘား ပိုးကောင်ကြောင့် နောက်ထပ် သေဆုံးမှု ရှိမရှိကိုမူ ကွဲကွဲပြားပြား မသိရသေးပေ။ ဇွန်လအတွင်းကလည်း အမေရိကန်တွင် အမျိုးသားတစ်ဦး ယင်းပိုးမွှားကြောင့် သေဆုံးခဲ့သေးသည်။ ကျန်းမာရေး အာဏာပိုင်များက ထိုသူ၏ အိမ်တွင် တပ်ဆင်ထားသော သောက်ရေစနစ်အတွင်း အဆိုပါ အမီးဘားပိုးမွှားကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment