Blogger Widgets

Tuesday, April 16, 2013

မိန်းမတို့ မရနိုင်သော အရာများမှာ


မေး။ ။ အရှင်ဘုရား အချိန်ရမယ်ဆိုရင် တပည့်တော်တို့ မိန်းကလေးများ မရနိုင်တဲ့ ဆုတွေရှိတယ်ဆိုတာ သိပေမဲ့ ဘယ်ဟာတွေလည်းဆိုတာ သေချာသိရအောင် ရေးပေးပါဦးဘုရား။

ဖြေ။ ။ မိန်းမတို့ မရနိုင်သော အရာများမှာ

၁။ သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်။
၂။ စကြာဝတေးမင်းကြီးအဖြစ်။
၃။ မဟာဗြဟ္မာမင်းအဖြစ်။
၎။ သိကြားမင်းအဖြစ်။
၅။ မာရ်နတ်မင်းအဖြစ်။ (ဥပရိပဏ္ဏာသ၊ ပါ၊ ၁၁၀၊ ဋ္ဌ၊ ၈၆)
၆။ ဧဟိဘိက္ခုရဟန်းမဘ၀။

အပေါ်ကအချက်တွေ လိုချင်တယ်ဆိုရင်တော့ အောက်ကအချက်တွေ လိုက်နာကျင်သုံးရင် ရရှိပါလိမ့်မယ်။ အဲဒီတော့ ရရှိလာတဲ့ လူ့ဘ၀၊ သူတော်ကောင်း အသိဉာဏ်လေးရှိတဲ့အချိန်မှာ ကြိုးစားအားထုတ်ဖို့ မမေ့သင့်ပါပေ။

မိန်းမမြတ်ကျင့်ဝတ် (၅)ပါး
၁။ လုပ်ငန်းကိစ္စရပ်တို့တွင် လင်နဲ့တိုင်ပင်ကာ စိတ်သဘောတူညီမှုယူပြီး ပြုလုပ်ခြင်း။
၂။ လင်အိပ်မှ အိပ်ရခြင်း။
၃။ လင်မထမီ ထရခြင်း။
၎။ လင်မြတ်နိုးနှစ်သက်မှုတို့ကို လိုက်နာပြုမှု ကျင့်ကြံရခြင်း။
၅။ လင်နဲ့ပြောဆိုရာတွင် သာယာစွာပြောဆိုခြင်း။ (မဟာသုဒဿနသုတ်)

မိန်းကလေးများဟာ အထက်ပါ မိန်းမမြတ်အင်္ဂါများကို လိုက်နာကျင့်သုံးမယ်ဆိုရင်တော့ အရင်ဘ၀က ကံမကောင်းလို့ မိန်းကလေးဖြစ်ရတာကြောင့် မိန်းကလေးများ မရနိုင်တဲ့ အချက်တွေကို နောက်နောင်ဘ၀တွေမှာ ယောက်ျားအဖြစ်နဲ့ ရရှိအောင် ယခုဘ၀ကတည်းက ကြိုးစားအားထုတ်ကြပေါ့လေ။

လက်တစ်ဖက်နဲ့ ရိုက်ရတာမို့ ဒီမျှနဲ့ပဲ နားပါရစေ။

အရှင်ကောမလ ဆန်နီနေမင်း

No comments:

Post a Comment