Blogger Widgets

Tuesday, April 9, 2013

(၁) ၀က်၏အူလမ်းကြောင်းအား အမိုက်ပုံတစ်ခုကဲ့သို့တင်စားခေါ်နိုင်သည်။
အဘယ်ကြောင့်ဆိုသော်ဝက်များစားသည့်အစားအသောက်များတွင် သက်ရှိများ၏ဆီး၊မစင်၊ပုပ်သိုးနေသောအသားနှင့်ဟင်းသီးဟင်းရွက်များ၊လောက်များ၊ကင်ဆာဖြစ်ပွားနေသော အသားတုံးများပင်ပါဝင်သည်ဟု သိရသည်။

(၂)၀က်များ၏အသားနှင့်အဆီများသည်ယင်းတို့စားသောက်သည့်အစားအသောက်များတွင် ပါဝင်သောအဆိပ်အတောက်များနှင့် အညစ်အကြေးများကို " ရေမြှပ်" ကဲ့သို့ စုပ်ယူ
ထားနိုင်ပေသည်။ထို့ကြောင့် ၀က်သားသည် အခြားအသားများထက် အစာအဆိပ်သင့်မှု အဆ (၃၀)ခန့် ပိုမိုဖြစ်ပွားနိုင်သည်။

(၃) ကျွန်ုပ်တို့၏ ခန္ဓာကိုယ်အတွင်းရှိ အစာချေစနစ်သည် အမဲသား၊သမင်၊ဆတ်ကဲ့သို့သောအသားများကို ချေပြီး သွေးထဲသို့စုပ်ယူ နိုင်ရန် အချိန်ရှစ်နာရီခန့်ကြာသည်။ ထိုအသားများတွင်ဘက်တီးရီးယားများကြောင့် အဆိပ်အတောက်(Toxins) များပါလာခဲ့လျှင်မူနဲနဲချင်းစီသာချေနိုင်သောအစာချေစနစ်ကြောင့် သွေးထဲသို့တစိမ့်စိမ့်နှင့် အနည်းငယ်စီသာ ၀င်ရောက်နိုင်ပေသည်။ထို့ကြောင့် ထိုအဆိပ်များကို အသည်းမှ အလွယ်တကူစစ်ထုတ်ကာ
ဆီးလမ်းကြောင်းမှတဆင့်စွန့်ထုတ်နိုင်ပေမည်။ဝက်သားများကိုချေပြီး
သွေးထဲသို့စုပ်ယူနိုင်ရန် ကြာချိန်မှာ လေးနာရီခန့်မျှသာရှိသည်။ထို့ကြောင့်အချိန်တိုအတွင်း အဆိပ်များ သွေးထဲသို့ အမြောက်အများဝင်ရောက်လာနိုင်ပေသည်။

(၄) ၀က်များတွင်တခြားသတ္တ၀ါများကဲ့သို့ ချွေးထွက်ခြင်းမရှိပေ။ ထို့ကြောင့် အဆိပ်အတောက်နှင့် အညစ်အကြေးဟူသမျှ သည် ခန္ဓာကိုယ်တွင်း မစွန့်ထုတ်နိုင်ပဲ ကိန်းအောင်းနေသည်။
ဝက်များသည်မြွေများကိုပါ စားသောက်တတ်ပြီး မြွေဆိပ်သည်လည်း ၀က်၏ခန္ဓာကိုယ် တွင်းသို့ရောက်ရှိနိုင်သည်။

(၅) ၀က်သားသည် တခြားအသားများထက် ပိုးတွယ်ခြင်း၊လောက်တွယ်ခြင်းများပိုမိုလျင်မြန်စွာ
ဖြစ်ပွားလေ့ရှိသည်။

(၆) ၀က်၏ခန္ဓာကိုယ်တွင်း တွင် တုတ်ပြားကောင်၊သံပြားကောင်များ၊ကပ်ပါးကောင်များ နှင့်
ယင်းအကောင်များ၏ဥများ အရည်အိတ်များ တွယ်ကပ်နေထိုင်သည်။မီးပူပူဖြင့်သေချာ
ချက်ပြုတ်လျှင်ပင် ထိုအကောင်နှင့်ဥများ အားလုံးသေနိုင်ရန်မှာ မလွယ်ကူပေ။
ဝက်သားတွင်တွယ်ကပ်နေသော Trichinae ဟုခေါ်သော အလွန်သေးငယ်သော တုတ်ကောင်လေးသည် လူ့ခန္ဓာကိုယ်အတွင်းရောက်ရှိပါက ရောဂါရှာရခက်ခဲသည့်
ဝေဒနာမျိုးစုံခံစားရနိုင်သည်။

(၇)၀က်သားသည် အမဲသားထက် အဆီ နှစ်ဆခန့်ပိုမိုပါဝင်သည်။ ထို့ကြောင့် သွေးတိုး၊ဆီးချို၊နှလုံးသွေးကြောကျဉ်းခြင်း၊လေဖြတ်ခြင်း၊အသည်းအဆီဖုံး ရောဂါနှင့် အခြားသောရောဂါပေါင်းများစွာ ပိုမို ဖြစ်ပွားနိုင်သည်။

Ref-(1)goodandshare health news, (2)all about Islam
>>>KTR<<<
(((Moon & Star 24-7 News Channel )))

No comments:

Post a Comment