Blogger Widgets

Wednesday, April 10, 2013

Cracker


Cracker

ဒီနေ့ မာမာ့သမီးလေး Cracker လေးတွေဖုတ်ပါတယ် ငံမြမြလေးနဲ့စားလို့အရမ်းကောင်းပါတယ် နှမ်းစေ့နဲ့ဘိန်းစေ့လေးတွေကလဲမွှေးနေတာမို့ မာမာတော့ တော်တော်လေးကို ကြိုက်ပါတယ် အပျင်းပြေထိုင်ဝါးရင်ဘဲဖြစ်ဖြစ် အစာပြေထိုင်စားရင်ဘဲဖြစ်ဖြစ် အရမ်းကိုအဆင်ပြေတဲ့မုန့်လေးပါ။
လုပ်ရတာလဲလွယ်ကူရိုးရှင်းပြီး ထဲ့ရတဲ့ပစ္စည်းတွေကလဲ အလွယ်တစ်ကူဘဲဝယ်လို့ရတဲ့အတွက် ကလေးလူကြီးတို့အတွက်မုန့်လေးအဖြစ် လုပ်စားကြည့်စေချင်ပါတယ်။
Cracker အခုငါးဆယ်စာအတွက် ပါဝင်ရမှာလေးတွေကတော့

  • 1 1/2 cups plain flour
  • 1 tsp - သကြား
  • 1 tsp - ဆား
  •  2 tbs - သံလွင်ဆီ
  • 1/2 cup - ရေ
မုန့်သားပေါ်တွင်ဖြူးရန်
  • 1 tbs - နှမ်းစေ့
  • 1/2 tbs - poppy seed (ဘိန်းစေ့)
  • 1/2 tsp - ဆား (အားလုံးကိုရောမွှေပေးထားပါ)
မုန့်မဖုတ်ခင်မိနစ်နှစ်ဆယ်လောက်က ကြိုပြီး မီးအာ3း20ဒီဂရီဖြင့် oven ကိုဖွင့်ပေးထားပါ

Cracker လုပ်ရန်ပြင်ပါမယ်

ပထမဆုံးဂျုံ သကြားနှင့်ဆားတို့ကိုရောကာမွှေပါမယ် ပြီးမှဆီနှင့်ရေကိုရောကာမုန့်သားရအောင်နှဲပေး ပါမယ်

မုန့်သားကို ဒိုးလုံးရအောင်နှဲပေးပါတယ် ရလာသောဒိုးလုံးကိုသုံးလုံးပြန်ခွဲပြီး cracker အခုငါးဆယ်ရအောင်
မုန့်လုပ်ရန်ပြင်ပါတယ်

 ပထမဆုံးမုန့်သားကိုဒလှိမ့်တုံးနှင့်မလှိမ့်မီစားပွဲပေါ်သို့ ဂျုံမှုန့်အနည်းငယ်ဖြူးပေးပြီးမှ မုန့်ဒိုးသားကိုတင်ကာ ဒလှိမ့်တုံးနှင့်လှိမ့်ပေးရပါမယ်

ဒလိမ့်တုံးနှင့်လှိမ့်နေစဉ် မုန့်သားကိုပါးနိုင်သမျှပါးအောင်လှိမ့်ပေးပါ လှိမ့်ပေးနေစဉ် ပြန်ပြန်ပြီးကျုံ့သွားတတ်တဲ့အတွက် အသာလေးချော့ပြီးလှိမ့်ပေးရင်ရပါတယ်

လိုချင်သောအနေအထားသို့ရောက်ပါက ဂျုံပြားကိုရေအနည်းငယ်စွတ်ပြီးနှမ်းစေ့ poppyစေ့ နှင့်ဆားတို့တို့ကို ဖြူးပေးပါတယ် ပြီးမှ လိုချင်သောပုံစံလေးများရအောင်လှီးဖြတ်ပေးပါတယ် ကျန်ဒိုးလုံးများကိုလဲ ထိုနည်းအတိုင်းလုပ်ပေးပါတယ်

မုန့်ဖုတ်မည့်ဗန်းထဲသို့ baking paper ခင်းကာထိုဗန်းထဲသို့ ဖြတ်ထားသောမုန့်သားများကို အသာလေးကော်ထဲ့ပေးပါတယ် မုန့်ဖုတ်ရာတွင်မုန့်သားများအကျက်ညီစေရန် ထိုမုန့်သားလေးများကို ခရင်းနှင့်သုံးလေးချက်လောက် လိုက်ပေါက်ပေးရန်လိုပါတယ်

မုန့်မဖုတ်ခင်မိနစ်နှစ်ဆယ်လောက်ကကြိုပြီး 320ဒီဂရီအားဖြင့်မီးဖွင့်အပူပေးထားသော ovenထဲသို့ မုန့်ဗန်းကိုထဲ့ပြီး၁၅ မိနစ်မှမိနစ်၂၀အတွင်းဖုတ်ပေးပြီးရင် စားချင့်စဖွယ် cracker လေးများရပါပြီ


Credit to  :  Mar Mar Lwin

No comments:

Post a Comment