Blogger Widgets

Wednesday, April 10, 2013

ပင်လယ်စာ ချဉ်ပေါင်းဟင်းရည်စပ်စပ်လေး


ပင်လယ်စာ ချဉ်ပေါင်ဟင်း

မာမာ့ခြံထွက်ချဉ်ပေါင်ပင်ကရတဲ့ ချဉ်ပေါင်ဖြူချဉ်ရည်ဟင်းလေးပါ တစ်ပင်ထဲပေမဲ့တစ်ခါခူးရင် မိသားစု ညမနက်စားရလောက်အောင်ကိုရပါတယ် ဒီနေ့တော့ မာမာ ပင်လယ်စာအစုံလေးတွေနဲ့ချဉ်ရည်ဟင်းလေး ချက်ထားပါတယ် အရမ်းကိုထမင်းမိန်တဲ့အရည်သောက်ဆမ်းလေးပေါ့နော်။
ချဉ်ပေါင်ဖြူကအရမ်းမချဉ်တဲ့အတွက် အချဉ်မကြိုက်တဲ့သူတွေအတွက်တော့ အရမ်းကိုအဆင်ပြေပါတယ် နောက်ပြီးချဉ်ပေါင်ဖြူကကျန်းမာရေးအတွက်ပိုပြီးကောင်းပါတယ် ဒါပေမဲ့မာမာကတော့ ချဉ်ပေါင်ဆိုရင်ချဉ်ချဉ်ခါးခါး ဘယ်ချဉ်ပေါင်ဘဲဖြစ်ဖြစ်နှစ်သက်ပါတယ်။ ဒီနေ့ချက်တဲ့ချဉ်ပေါင်ရည်ဟင်းလေးကို မာမာပင်လယ်စာလေးတွေနဲ့ချက်ထားလို့ ငရုတ်သီးကိုလုံးခြမ်းကွဲ စပ်စပ်လေးနဲ့စပ်စပ်လေးချက်ထားပါတယ်။
ချက်နည်းလေးကတော့
  • ကျိုထားသောချဉ်ပေါင်ရွက် - ဟင်းပြင်ပန်းကန် တစ်လုံးမောက်မောက်
  • ပင်လယ်စာအစုံ - ဟင်းပြင်ပန်းကန် တစ်လုံး
  • ငရုတ်သီးစိမ်း - နှစ်တောင့်
ချဉ်ပေါင်ရွက်ကျိုရန် 
  • ချဉ်ပေါင်ရွက် - အနေတော်ဇကာ တစ်လုံးစာ
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ငရုတ်သီးအကြမ်းမှုန့် - ထင်းစားဇွန်း တစ်ဇွန်း
  • ထောင်းထားသောကြက်သွန်နီ - တစ်ခြမ်း
  • ထောင်းထားသောကြက်သွန်ဖြူ - နှစ်မွှာ
  • ရေ - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးခွဲစာ (အားလုံးရောပြီးရေခမ်းအောင်ကျိုပေးပါ)
ပင်လယ်စာအရသာနယ်ရန်
  • ပင်လယ်စာအစုံ - 250 g
  • ငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်း
  • ငပိရည်ကျို - ထမင်းစားဇွန်းသုံးဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်

တစ်ပင်ထဲသောချဉ်ပေါင်ဖြူပင် တစ်ခါခူးရင်မိသားစု ညမနက်စားလောက်အောင်ရပါတယ်

 ပင်လယ်စာအစုံနဲ့ချက်ဖို့ပြင်ပါတယ်

ကျိုထားသောချဉ်ပေါင်ရွက်များကိုအိုးထဲမှာထဲ့ပြီးရေအနည်းငယ်ထဲ့ကာ ပွက်ပွက်ဆူအောင်တည်ပါတယ် သုံးမိနစ်လောက်ဆူပြီးပါက အရသာနယ်ထားသောပင်လယ်စာများကိုထဲ့ပြီး ပင်လယ်စာများလုံးမိ သွားအောင်ငါးမိနစ်လောက်ဆူအောင် တည်ပေးပါတယ်

ပင်လယ်စာများလုံးမိသွားပါကရေကိုလိုသလောက်ထဲ့ပြီးပွက်ပွက်ဆူအောင်ဆယ်မိနစ်လောက်တည်ပေးပါ နောက်ဆုံးမှငရုတ်သီးစိမ်းကို သုံးပိုင်းချိုးပြီးထဲ့ပေးကာနှစ်မိနစ်လောက်ဟင်းရည်ဆူစေပြီးရင်မီးနိုင်ပါပြီ

 ပင်လယ်စာနဲ့ချက်ထားတဲ့ချဉ်ပေါင်းဟင်းရည် ပျစ်ပျစ်လေးရပါပြီ

မုံလာပင်ပေါက် ပဲသီးရေနွေးဖျောလေးနှင့် ငပိရည်အစပ်ပေါ့ပေါ့လေးတို့နဲ့အရမ်းလိုက်ဖက်တဲ့ ပင်လယ်စာချဉ်ပေါင်းဟင်းရည်စပ်စပ်လေးရပါပြီ

Credit to : Mar Mar Lwin

No comments:

Post a Comment