Blogger Widgets

Wednesday, April 10, 2013

ပုဇွန်ကင် ချဉ်ချဉ်စပ်စပ်မွှေးမွှေးလေး


ပုဇွန် ချဉ်စပ်ကင်

ဒီရက်ထဲပုဇွန်လေးတွေစားဖြစ်နေလို့ ဒီနေ့တော့သုံရာသီးလေးနဲ့နယ်ပြီးချဉ်ချဉ်လေးကင်ပါမယ် ငရုတ်ကောင်းအရသာလေးလဲပါ အရွက်အရသာလေးလဲပါတာမို့စားလို့အရမ်းကောင်းတဲ့ပုဇွန်ကင်လေးပါ မာမာတို့သားအမိနှစ်ယောက်ထဲမို့ ဒီနေ့တော့ထမင်းမချက်ဘဲပုဇွန်ကင်လေးတွေကို ဒီအတိုင်းစားဖြစ်ကြ ပါတယ် သံပုရာရည်အရင်ဆုံးညှစ်ပြီး လိုအပ်တဲ့အမွှေးနံ့သာလေးတွေထဲ့နယ်ပြီးမှ ကင်ထားတာမို့ ပုဇွန်နံ့သိပ်မရဘဲ စားလို့အရမ်းကောင်းတဲ့အကင်လေးဖြစ်ခဲ့ပါတယ် ဒယ်ပြားလေးထဲဆီနဲနဲထည့်ပြီး ကင်ကြော်လေးကြော်လိုက်တာပါ လွယ်လဲလွယ် မြန်လဲမြန် စားလို့လဲအရမ်းကောင်းတာကြောင့်
မပင်မပန်းစားရတာမို့ ကင်စားကြည့်စေချင်ပါတယ်။
ပါဝင်ရမှာလေးတွေကတော့
  • အကောင်လိုက်ရေဆေးကာသန့်စင်ထားသောပုဇွန် - 500 g 
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • Parsley Flakes - လက်ဖက်ရည်ဇွန်း တစ်ဝက် (မထဲ့လဲရ)
  • သံပုရာသီး - တစ်ခြမ်း
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း

 ပုဇွန်ထုတ် ချဉ်စပ်လေးကင်ပါမယ်

 အရသာများရောကာနယ်ကာသံပုရာရည်ညှစ်ပြီး ငါးမိနစ်လောက်နှပ်ထားပေးပါတယ်

မီးအနေတော်လောက်နှင့်အပူပေးထားသော ဒယ်အိုးထဲတွင်ဆီကိုအရင်ဆုံးထဲ့ပြီး ပူလာပါကပုဇွန်အရသာ နယ်များကိုထဲ့ပြီးကင်ကြော်လေးကြော်ပါမယ် တစ်ဖက်ကျက်ပါကတစ်ဖက်ကိုလှန်ပေးပြီး နှစ်ဖက်လုံး ကျက်ရင်ဆယ်ပေးပါတယ်

 ငရုတ်ကောင်းနံ့သင်းသင်းလေးနဲ့ ပုဇွန်ကင်ချဉ်ချဉ်စပ်စပ်မွှေးမွှေးလေးရပါပြီ

Credit to: Mar Mar Lwin

No comments:

Post a Comment